အချစ်ဦး ရဲ့ အချစ်ဦး ❤️
အပိုင်း (၁၅)
အရင်ကတည်းက အစားအသောက်နည်းနေတဲ့ ခွန်းဟာ အခုတော့ဖြင့် ဘာမှကိုမစားတော့ဘဲ နေနေတော့သည်။
မေဆုတင်မကဘဲ... အန်တီအေးပါ ခွန်းရဲ့ အဖြစ်ကိုကြည့်ပြီး မျက်ရည်တွေ ဝဲနေသည်...."သမီးဆု ခွန်းကို ဘယ်လိုလုပ်ကြမလဲ...
တစ်ခုခုတော့လုပ်ပါဦး.. မဟုတ်ရင် လဲသွားလိမ့်မယ်"အရင် ၁ပတ်က ဖြစ်ထားတဲ့ ကိစ္စဟာ အခုချိန်ထိ ရိုက်ခတ်နေတုန်းပါ...
ဖြစ်ဖြစ်ချင်း တုန်းကတော့ အိပ်ခန်းထဲက ထွက်သေးပေမယ့် အခုတော့ဖြင့်...
အခန်းတံခါး ကိုပိတ်၍သာနေနေတော့တာမို့ အန်တီရော မေဆုပါ ပို၍စိုးရိမ်နေတော့သည်။ကိုမျိုးမင်းတို့ လင်မယား ရောက်လာပြီး
အခန်းအပြင်ဖက်ကနေ စကားတွေ ပြောပြီးချော့မော့ကာ ခေါ်ထုတ်ပေမယ့်လည်း တစ်စက်ကလေးမျှပင် အလေ့လုပ်ပုံမပေါ်ပါ...
အသံ မျှပင်မ ပေးခဲ့..."ဒီတိုင်းဆို မဖြစ်ဘူးနော်...
တောက်... ငါပြောသားဘဲ အဲ့တာကြောင့် ငါ့ဆီမလာနဲ့လို့ပြောတာ... မင်းလျှာရှည်ပြီး လာလို့ အဲ့လိုဖြစ်ရတာ မေဆု...."ကိုမျိုးမင်းကတော့ အပြစ်တင်စရာမရှိ..
မေဆုကို အပြစ်တင်တော့သည်။"မေဆု ကြောင့်တဲ့လား...
ကိုမျိုး စဥ်းစားဉာဏ်မရှိဘူးလား...
အခုဖြစ်နေတာ ကိုမျိုးရဲ့ သူငယ်ချင်းကြောင့်လေ...
အပြစ်မရှိတဲ့ သူကို အပြစ်လာမတင်နဲ့...
မေဆု တို့မလာလည်း သူတို့ ၂ယောက်သာ တွေ့ကံပါရင် တွေ့ရမှာဘဲ.."ရန်ဖြစ်နေကြသည့် သူတို့ နှစ်ယောက်ရဲ့ဘေးမှာတော့ဖြင့် အန်တီအေးဟာ... တရှုံ့ရှုံ့ ငိုနေလေပြီ...
"ကိုခေတ်ထူးရော မလာဘူးလား"
မဖြူစင်ရဲ့ အမေး ကြောင့် မေဆု မျက်နှာကိုရှုံ့ပစ်လိုက်ကာ..
ခေါင်းခါပြလိုက်ပြီး..."အဲ့လူက ပညာဘဲ တတ်တာ...
ကိုယ်ချင်းစာတရား စာနာစိတ် မရှိဘူး...
ဘာတဲ့ ဘုန်းကြီးဝတ်မှာဟုတ်လား...
တရားရဦးမှာ အားကြီးကြီး"မေဆုဟာ အကုသိုလ်တွေ ထိုင်ပွားနေတော့တာမို့..
မျိုးမင်း လည်း နားထောင်နေရင်းကနေ ခေတ်ထူး ကိုစိတ်တိုလာကာ...
ထိုင်နေရာမှ ချက်ချင်းထလိုက်ပြီး...
ခေတ်ထူးဆီသွားမည်အလုပ်...

YOU ARE READING
???????? ??? ???????? (Complete)
Romance?? This story contains a lot of sexual content so please if you are under 18 don't read or skip this story ?? "???????????? ??? ??????????????????????????? ??????? ??????????????? ???? ?????????????? ????????? ???? ??? ???????????? ?????????????????...