အချစ်ဦး ရဲ့ အချစ်ဦး ❤️
အပိုင်း (၄၄)
အိမ်ပြန်ရောက်တော့ ချစ်ရပါသော ကောင်မလေးက မျက်နှာတည်ကြီးနှင့် သူ့ကိုစိုက်ကြည့်နေလေရဲ့...
ခေတ်ထူး သွားဖက်တော့...တွန်းဖယ်သည်...
ဘာလို့ အခုလိုလုပ်နေလဲဆိုတာ သူမသိ...
အိမ်ပေါ်ကိုတက်သွားသည်မို့ အနောက်ကနေ တကောက်ကောက်လိုက်ရတော့သည်။"ကလေး ဘာဖြစ်လို့လဲ...
ကို ပြန်လာတာနောက်ကျလို့လား အဲ့ဒါလည်းမဟုတ်လောက်ဘူး အခုမှ ၇နာရီကျော်ကျော်ဘဲရှိသေးတာ.. ဘာအကြောင်းကြောင့်လဲ ကလေး"သူပြောနေတာတွေကို ဂရုမစိုက်ဘဲ အဝတ်ခေါက်နေသည်မို့ သူကအရူးကြီးလိုလို....
ဒီလို မထင်မျက်မြင်ပြုတာတွေက အစချစ်ဖို့ကောင်းတယ်ဆိုတာ ကလေးမ ကတော့သိပုံမပေါ်...
ခါးကိုအတင်းဖက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်တော့ ခန္ဓာကိုယ်ကိုတောင့်ထားသည်မို့ တောင့်တောင့်ကြီးသာ သူ့ရင်ခွင်ထဲရောက်လာလေပြီ...
ခေတ်ထူးရီချင်ပေမယ့် မရီရဲ...
"ကို့ကို ဘာစိတ်တိုင်းမကျတာလဲ ပြောပါဦး"
"ပြောချင်စိတ်မရှိဘူး"
"ဟော...ဘာဖြစ်လို့လဲ ဆိုတာ ကိုသိမှ ချော့လို့ရမှာလေ"
"ခင်ဗျားက ချော့မှမချော့တတ်ဘဲ..."
"ချော့တတ်ပါတယ်...ချော့ကြည့်မယ် ကလေးသာ ဘာဖြစ်တာလဲပြောပြ"
"ခင်ဗျား ခြေလှမ်းတွေပျက်နေတယ်"
"ဘယ်တုန်းကပျက်လို့လဲ ကို မင်းနဲ့ဘဲအမြဲအတူရှိနေခဲ့တာလေ.. ဒီနေ့မှကိစ္စရှိလို့ အပြင်သွားတာ အဲ့တာလေးဘဲရှိတာ..."
"အဲ့တာလည်းပျက်တာဘဲလေ
ခင်ဗျားအရင်ကဆို ဘယ်သွားသွား ခွန်းကိုခေါ်သွားတယ်.. အခုမခေါ်သွားဘူး""အခုတစ်ခေါက်လေးလေ"
"အခုတစ်ခေါက်ကနေ ၂ခေါက် ၂ခေါက်နေ ၃ခေါက်ဖြစ်လာတော့မှာ..."
တကယ်တော့ စိတ်မချလို့ သဝန်တိုနေသည့်ပုံစံ..
ရစ်ချင်လို့ကို တမင်ရစ်နေတာမှန်း ခေတ်ထူးရိပ်မိလိုက်သည်။

YOU ARE READING
???????? ??? ???????? (Complete)
Romance?? This story contains a lot of sexual content so please if you are under 18 don't read or skip this story ?? "???????????? ??? ??????????????????????????? ??????? ??????????????? ???? ?????????????? ????????? ???? ??? ???????????? ?????????????????...