抖阴社区

Chapter -5?

3.5K 59 0
                                    

အချစ်ဦး ရဲ့ အချစ်ဦး ❤️

အပိုင်း (၅)

"အန်တီအေးက သိန်းဌေးနောက်လိုက်လိုက် ဗျ
မေဆု မင်းက ငါ့နောက်လိုက်
ညီမခွန်းကတော့ ခေတ်ထူးနောက်လိုက်လိုက်နော်"

ခွန်းကို မျိုးမင်း ပြောဆိုနေပေမယ့်လည်း သူပြောတာကို ကြားသည့် ပုံမပေါ်...
ခေတ်ထူးဘေးမှာ ရပ်နေပြီး မျက်တောင်ပင်မခပ်ဘဲ ကြည့်နေလေရဲ့...

"ညီမခွန်း... အကိုပြောနေတာကြားလား"

"ရှင်"

အနီးနားကပ်ခါ သွားပြောလိုက်မှ အသိစိတ်ပြန်ဝင်ပြီး ထူးလာလေသည်။

"ခွန်းက ခေတ်ထူးနောက် လိုက်လိုက်ပါလို့ ပြောတာ"

"ခေတ်ထူးက ဘယ်သူလဲ ကိုမျိုးမင်း"

"အဲ့မှာလေ မင်းတစိမ့်စိမ့်ကြည့်နေတဲ့ သူ"

ခေတ်ထူး ကို မေးဆပ်ပြလိုက်တော့
အကြည့်တွေက ခေတ်ထူး ဆီပြန်ရောက်သွားပြီး
ပြုံးနေပြန်လေသည်။

ခေတ်ထူးကတော့ သူ့ရဲ့ ပုံစံအတိုင်း အေးအေးဆေးဆေးနှင့် ဆိုင်ကယ်ပေါ်မှာ ထိုင်နေလေရဲ့...
တကယ်တကယ် ဒီကောင် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါလား...

မေဆုနှင့် အန်တီအေးတို့ အရင်ထွက်နှင့်သွားပေမယ့်
သူကတော့ ဆိုင်ကယ်ဦးထုပ်နှင့် တိုင်ပတ်နေပြီး နောက်ကျကျန်ခဲ့လေသည်။
ကိုခေတ်ထူးမှာတော့ သူ့ကိုပင် လှည့်မကြည့်ဘဲ ဆိုင်ကယ်စက်မောင်းပြီး စောင့်နေတော့ သူပို၍ပျာယာခတ်နေမိပြန်သည်။

အချိန်အတော်ကြာသည်အထိ ဆိုင်ကယ်ပေါ် တက်မလာသေးတာကြောင့် နောက်ပြန်လှည့်ကြည့်လိုက်တော့ ဆိုင်ကယ်ဦးထုပ် တစ်ခုနှင့် အလုပ်ရှုပ်နေလေရဲ့..
သူပေးထားသည့် ဓာတ်ဆားဗူးကိုလည်း ချိုင်းကြားကညှပ်ထားသေး ...

ခေတ်ထူး သူ့ကိုကြည့်နေလိုက်တော့....

"ဟီး.. အကို အဲ့ခလုပ်က ဘယ်လိုတပ်ရတာလဲဟင်
ခွန်း မတပ်တတ်လို့"

သွားလေးတွေစိကာ...မျက်လုံးတွေ မပေါ်တော့သည်အထိ ပြုံးပြခဲ့တဲ့ ခွန်းဆိုတဲ့ ကလေးမကို သူဘာမှပြန်မပြောဘဲ
ဆိုင်ကယ်ပေါ်ကနေ ဆင်းကာ...
ဆိုင်ကယ်ဦးထုပ် ကို သေချာဆောင်းပေးလိုက်တော့သည်။

???????? ??? ???????? (Complete)Where stories live. Discover now