抖阴社区

Chapter - 17?

3.1K 36 0
                                    

အချစ်ဦး ရဲ့ အချစ်ဦး ❤️

အပိုင်း (၁၇)

၃နှစ်ခန့်ကြာသော်...

မေလသို့ နောက်တစ်ဖန်ပြန်ရောက်လာလေပြီ...
ဒီနှစ်န​ဲ့ဆို သူမ မရှိတဲ့ မေလဟာ ၃ကြိမ်မြောက်သာ...
သူမနဲ့တွေ့ခဲ့တဲ့ နှစ်တုန်းကလိုပါဘ​ဲ...
မေလ ဆိုပေမယ့် မိုးတွေ ရွာနေလေရဲ့...
လွမ်းရပြန်ပါပြီ...
ဆိုင်သူ ပိုင်သူရှိနေပြီးတဲ့ သူကို လွမ်းရတာ အရမ်းခံရခက်လှပါသည်။
လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ကျောင်းဆရာ အလုပ်ကနေထွက်ပြီး
ဒီရွာမှာဘဲ နေနေတာ အတော်အတန်ကြာပြီ...

အချစ်က မိုးနဲ့ အတူတူလာတယ်ဆိုတဲ့ စကားဟာ
သူနဲ့ ကလေးမ အတွက် စာကြောင်းတစ်ခုသာ...
အချိန်အခါမရှိ ရွာတဲ့ မိုးနှင့် အတူတူ ကလေးမရော ပြန်လာပါ့ဦးမလား...
မဖြစ်နိုင်သည့် မျှော်လင့်ချက်တွေက သူ့ကို အကြိမ်ကြိမ်သတ်နေပါသည်။

"ခေတ်ထူး"

မျိုးမင်းရ​ဲ့ အသံမှန်းသိတာမို့ အိမ်ရှေ့အထိ သူထွက်မကြည့်တော့ဘ​ဲ..

"ရှိတယ် အိမ်ပေါ်တက်ခဲ့"

တစ်နေ့ကို ၃ကြိမ်လောက်ရောက်လာတဲ့သူ...
သူ့အတွက် အရမ်းခက်ခဲခဲ့တဲ့ ၂၀၁၇ မှာ သူ့ဘေးနားကနေ မခွာဘဲ သူ့အနားမှာ အဖော်ပြုပေး အားပေးစကားတွေ များစွာပြောပေးခဲ့တဲ့ တစ်ဦးတည်းသောသူသာ...

ဒုတိယမြောက် သားယောက်ျားလေး မွေးထားပြီး
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကိုရထားပြီဖြစ်တဲ့ မျိုးမင်းဟာ သူ့ရဲ့ သားငယ်ဖြစ်တဲ့  "ဥက္ကာ" ကို ချီပြီး သူ့အိမ်ကိုရောက်ချလာလေပြီ...

"ခေတ်ထူးရာ.. မင်းကလဲ အိမ်မှာဘဲ မနေစမ်းပါနဲ့
ဦးမြင့်ကလည်းပြောနေပြီ.."

"အူ့ အူ့"

"သြော်ကြည့်... မင်းတူက မင်းကိုမြင်တာနဲ့မရဘူး"

လက်ကလေးဖြန့်ကာ သူ့ကိုချီပေးဖို့ မျက်ဝန်းတွေနှင့် ပြောလာသည့် ဥက္ကာ ကို မျိုးမင်း လက်ကနေ လှမ်းယူလိုက်လေသည်။

တကယ်ပါ ခေတ်ထူးဟာ ကလေးတွေ မချစ်တတ်ပါဘူး...
ဒါပေမယ့် အခု ဥက္ကာ ကိုတော့ သူ့ရဲ့ သားအရင်းလို ချစ်ပေးနေလေရဲ့...

???????? ??? ???????? (Complete)Where stories live. Discover now