"လာရင်းကိစ္စကို ပြောရဦးမယ်ကျောင်းဆရာ"
ရေနွေးတစ်ငုံ သောက်ပြီး သူ့ကိုကြည့်ကာ..ပြောလာတဲ့ ဦးလေးမြင့်ရဲ့ ပုံစံက အကူအညီတောင်းခံမည့် ပုံစံပါဘဲ...
"ကျောင်းဆရာ... ဒီနှစ်ထဲမှာဘဲ အပြောင်းလျှောက်မယ်လို့ကြားတယ် ဟုတ်သလား"
"ကျွန်တော် စဥ်းစားနေတုန်းပါ ဦးမြင့်..
ဆုံးဖြတ်ချက်တော့မချရသေးပါဘူး"ဦးမြင့်က သက်ပြင်းတစ်ချက်ချပြီး...
"ကျုပ်တို့ ရွာကို ကျောင်းဆရာရောက်လာမှ ကျုပ်တို့ကျောင်းက ကျောင်းနဲ့တူလာတာဗျ
ခါတိုင်းဆို ၄တန်းပြီးတာနဲ့ ဆက်မတက်ကြတော့ဘဲ နေလိုက်ကြတော့တာ... ကျောင်းဆရာပြောင်းလာတဲ့ ၄နှစ်အတွင်းမှာ အလယ်တန်းကျောင်းဖြစ်သွားတော့ အဲ့မှာ ပညာတွေက ပိုပိုပြီးတတ်လာကြတာ.... ဆရာအင်အားမလုံလောက်လို့များ ပင်ပန်းလွန်းလို့ အပြောင်းလျှောက်ချင်တာလားကျုပ်မသိပေမယ့် ကျုပ်တို့လည်း ဆရာမရှိရင်မဖြစ်ဘူးလေဗျာ..
ကျုပ်တို့လည်း ရွာထဲမှာ ပညာတတ်လေးတွေကိုရှာနေပါတယ်"အားကိုးတကြီးနှင့် အကူအညီတောင်းပြီး အသနားပါ ခံနေတာမို့ သူ့စိတ်ထဲ နေရခက်လှသည်။
"ကျွန်တော် ပင်ပန်းတယ်လို့လည်းမခံစားရပါဘူးဗျ
အပြောင်းလျှောက်မယ်ဆိုတာကလည်း စဥ်းစားနေတုန်းပါ
မသေချာသေးဘူး လျှောက်ချင်မှလည်းလျှောက်မှာပါ ဦးလေးမြင့်... ဆရာအင်အားလုံလောက်အောင် လုပ်ရမဲ့ တာဝန်မှာ ကျွန်တော်က ပိုပြီး တာဝန် ရှိတာပါ.. ဒီနှစ်ထဲမှာဘဲ တာဝန်ကျ ဆရာတွေ ရောက်လာမှာပါ စိတ်မပူပါနဲ့ ဦးလေးမြင့်""ပူတယ်ကွဲ့ ကျုပ်ပြောပြီးပြီဘဲ ကျုပ်တို့ရွာမှာ ကျောင်းဆရာမရှိလို့မဖြစ်ဘူးလို့"
"သူကြီးရာမသိရင် ထိုင်ငိုတော့မဲ့အတိုင်းဘဲ ကျောင်းဆရာကို အနေခက်အောင်မလုပ်ပါနဲ့ဗျ အေးအေးဆေးဆေးနေတဲ့ကျောင်းဆရာကို အပူတွေမပေးပါနဲ့"
"အေ့အေ့ မင်းဘဲ တော်တယ် သိလား
မင်းဘဲ ငါ့နေရာယူလိုက်တော့လေ စိုးအောင်""ကျွန်တော်ယူမယ်ဆိုရင်ရော သူကြီးကပေးမှာလား ဟီး"
သူကြီးကိုသူကြီးမှန်းမသိ စကားကို ရှေ့နောက်မကြည့်ဘဲ ပြောတတ်ပေမယ့် စိုးအောင် ဆိုတဲ့ကောင်လေးရဲ့ စိတ်ကတော့ ရိုးသားမှန်း သူကြီးတင်မက သူပါသိသည်။
ဒါကြောင့် သိပ်တော့ ဗွေမယူကြပေ..."စိုးအောင် မင်းကွာ... တော်ပြီ မင်းကိုမပြောတော့ဘူး...
ကျောင်းဆရာရေ သေချာလေး ပြန်စဥ်းစားပေးပါဦးနော်...""ဟုတ်ကဲ့ပါ ဦးလေးမြင့်"
ကျောင်းဆရာအိမ်ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက် ဦးမြင့် တစ်ယောက် ကျောင်းဆရာအကြောင်းကိုပြန်တွေးနေမိလေရဲ့....
သူတို့ရွာကို ပထမဆုံးရောက်လာတဲ့ ကျောင်းအုပ်ဆရာ
အသက်ငယ်ပေမယ့် အရည်အချင်းကတော့ အသက်အရွယ်နှင့်မလိုက် ပြည့်စုံလှသည်။
အနေအေးပေမယ့် ရွာထဲက လူကြီးလူငယ်နဲ့မရွေး ပေါင်းသင်းပြောဆိုတတ်သည်။
လူမှုဆက်ဆံရေးမှာလည်းပြောစရာမလို လုပ်အားပေးဆိုလျှင်လည်း မပျက်မကွက်ရောက်လာပြီးသား...ကျောင်းအုပ်ဆရာ ဆိုတဲ့ ဂုဏ်ပုဒ်ကို သူမယူ
ကျောင်းဆရာ ဆိုသည့် ဂုဏ်ပုဒ်ကိုသာ သူယူသည်။ထိုသူရဲ့ နာမည်က..... သူ့ခေတ်ထူး တဲ့...
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

YOU ARE READING
???????? ??? ???????? (Complete)
Romance?? This story contains a lot of sexual content so please if you are under 18 don't read or skip this story ?? "???????????? ??? ??????????????????????????? ??????? ??????????????? ???? ?????????????? ????????? ???? ??? ???????????? ?????????????????...
Chapter -1?
Start from the beginning