抖阴社区

???????(?)

274 7 0
                                        

"တောင် တောင် တောင် တောင်"
ကျောင်းတက်ခေါင်းလောင်းထိုးသဖြင့် ကျောင်းသားကျောင်းသူအားလုံး အခန်းရှေ့ဝရံတာသို့ထွက်ပြီး နိုင်ငံတော်သီချင်းဆိုကြရသည်။

နိုင်ငံတော်သီချင်းဆိုပြီး အခန်းသို့ပြန်ဝင်ကြပြီး ဘုရားရှိခိုးကြသည်။ဟေမာန်တစ်ယောက်စိတ်ကျဥ်းကြပ်နေသည်။အကြောင်းမှာ လူများသဖြင့်ချွေးတွေနဲ့လုံးနေသည်။ခနအကြာ ဆရာမတစ်ယောက်အခန်းထဲဝင်လာပြီး G10ရဲ့အတန်းမှူး ဒေါ်သီတာဦးဟု သူမကိုယ်သူမမိတ်ဆက်သည်။"ဆရာမက မင်းတို့ရဲ့အတန်းမှူးပဲ မှတ်ထားကြ ဒီဘေးကဆရာမကမင်းတို့ရဲ့အတန်းပိုင် ဒေါ်ချိုချိုပဲ နော် လေးလေးစားစားနဲ့ဆက်ဆံကြပါ"ဆိုပြီး လေသံမာမာနှင့်ပြောနေသည်။ဟေမာန်လည်းကြောက်စိတ်နည်းနည်းဝင်သွားသည်။ဟုတ်သည်လေ အခုကကျောင်းပေါင်းစုံမှ ကျောင်းသားသစ်တွေရောက်နေသည့်အတွက် အခုလိုလေသံမာမာနှင့်ပြောသည်ဟုထင်သည်။

"ကဲ အားလုံပဲ အခုကအခန်းထဲမှာလူတွေအရမ်းများနေတယ် အခန်းခွဲမှရမယ် အဲ့တော့ဆရာမနာမည်ခေါ်တဲ့သူတွေက ဆရာမဒေါ်ချိုချိုခေါ်သွားတဲ့အခန်းကိုလိုက်ကြ ကျန်တဲ့သူတွေက နောက်တစ်ခန်းကိုပြောင်းပေးမယ်"ဟု အတန်းမှူးကပြောပြသည်။ထိုအချိန် ဝတီမှ "ဟဲ့ ဟေမာန်ငါတို့နှစ်ယောက်အခန်းကွဲသွားရင်ဘယ်လိုလုပ်မလဲ" "စိတ်မပူပါနဲ့ဟ အတူတူကြမှာပါ"လို့ ဟေမာန်ပြန်ပြောသည်။

နာမည်တွေလဲခေါ်ပြီးသွားသည်။ဟေမာန်တစ်ယောက်ခေါ်တဲ့သူတွေထဲမပါ ကျန်ခဲ့သည်။ဝတီကနာမည်ခေါ်တဲ့အထဲပါသွားသည်။
"သေစမ်း ဝတီမကပါသွားပြီ ငါတစ်ယောက်ထဲကျန်ခဲ့တယ် မိဟေမာန်ရေ နင်တော့တစ်ယောက်ထဲလည်နေတော့မယ်"ဟု ဟေမာန်တစ်ယောက်စိတ်ညစ်နေသည်။ထိုအချိန် အသံမာမာနှင့်အတန်းမှူးက "ကျန်တဲ့သူတွေ ဆရာမနောက်လိုက်ခဲ့ကြ"ဟုဆိုပြီး အရှေ့ကထွက်သွားလေသည်။ဟေမာန်လဲ စိတ်ညစ်ညစ်နှင့်နောက်ကပါသွားတော့သည်။အခန်းက စောစောတက်လာတဲ့လှေကားဘေးကအခန်းပင်။အခန်းထဲမှာ ထိုင်ခုံအနည်းငယ်သာရှိသည်။တစ်မျိုးတော့ကောင်းသည် ဒီအခန်းထဲပါလာသူ အနည်းငယ်သာရှိသည်။လူမများတော့ ဟေမာန်တစ်ယောက် အသက်ရှူချောင်သွားရသည်။ဘေးအခန်းက ဝတီရှိတဲ့အခန်းပင်။အခန်းပြောင်းလို့ရရင်ကောင်းမှာဘဲဟု ဟေမာန်စိတ်ထဲတွင်ပြောနေသည်။ထိုအချိန် ဆရာမတစ်ယောက်က "နင်တို့အခန်းရဲ့အတန်းပိုင်ဆရာမက ငယ်ငယ်ချောချောလေးသိလား ခနနေလာလိမ့်မယ်"ဟုလာပြောသွားသည်။ဟေမာန်လဲစဥ်းစားနေသည် "ဘယ်သူပါလိမ့်"

ဟေမာန်လဲအတွေးတွေက်ုဖျောက်ပြီး ထိုင်ခုံနေရာကိုလိုက်ရှာတော့ ဒီတစ်ခေါက်လဲနောက်ဆုံးအတန်းပဲရသည်။အခန်းထဲတွင် role သုံး roleခွဲထားသည်။အခန်းအဝင်ဝနားတွင် ယောကျ်ားလေးတွေအတန်း ကျန်တဲ့ အလယ်roleနဲ့ ထောင့်ဆုံးroleက မိန်းကလေးတွေအတန်းဖြစ်သည်။ဒီအခန်းတွင် ယောကျ်ားလေးတွေနည်းပြီးမိန်းကလေးတွေများသည်။ထိုအခိုက် အခန်းထဲသို့ လက်ပိုက်ပြီး ခပ်တည်တည်နှင့်ဆရာမတစ်ယောက်ဝင်လာသည်။ထိုဆရာမသည် အခန်းအတွင်းကိုလှည့်ပတ်ကြည့်သည်။ပြီးသည်နှင့်ကျောင်းသားတွေဆီအကြည့်ရောက်ပြီး "မင်းတို့တွေ ဆရာမတစ်ယောက်လုံးဝင်လာတာကို မနှုတ်ဆက်ကြဘူးလား"တစ်ခွန်းထဲပြောသည်။ထိုမှသာ အကုန်လုံးကြောင်အမ်းအမ်းနှင့်နှုတ်ဆက်ကြသည်။ဟေမာန်တစ်ယောက်စဥ်းစားနေသည်။"ဒီတီချယ်က စောစောကငါအခန်းမေးတဲ့ဆရာမဘဲ စောစောကပုံစံနဲ့ အခုပုံစံက တစ်ခြားစီပါလား ဒါပေမဲ့ လေသံကနည်းနည်းမာတာပဲ ဒေါသထွက်သွားတာထင်တယ်"ဟု စိတ်ထဲ၌ပြောနေသည်။ပြန်မော့ကြည့်တော့ မျက်နှာခပ်တည်တည်နှင့် အချေပုံစံပင် ဟေမာန်လဲနည်းနည်းတော့ကြောက်သွားသည်။အကြောင်းမှာ အနားကိုရောက်လာပြီးစိုက်ကြည့်သွားသည်။

"ကဲ အားလုံးပဲ ဆရာမက မင်းတို့ရဲ့အတန်းပိုင်ပဲ နာမည်ကိုလဲမှတ်ထားကြ ဆရာမနာမည်က မြင့်"
နာမည်တစ်လုံးထဲနှင့်ပင် စွဲဆောင်မှုအားကောင်းလှသည့်အမျိုးသမီးတစ်ဦးပါပင်။
"ဆရာမက Physicsဘာသာရပ်ကိုသင်ကြားမဲ့ဘာသာပြဆရာမပဲ အခုစာအုပ်ထုတ်ထားကြ ဪ ပြီးတော့ အချိန်ဇယားက အခုမှအသစ်ထပ်ဆွဲထားတော့ ပုံသေတော့မဟုတ်လောက်သေးဘူး ထပ်ပြောင်းဖို့ရှိတယ် ဒီနေ့အချိန်ဇယားကိုပြောပြထားမယ်....... ကဲ ဆရာမအချိန် နောက်ဆုံးမှာထပ်ပါသေးတယ် အဲ့တော့မင်းတို့နဲ့နှစ်ချိန်တောင်တွေ့ရမှာပေါ့"

?????????????????????Where stories live. Discover now