抖阴社区

???????(??)

358 10 16
                                        

ဒီနေ့ဟာ ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်သည့်နေ့ပင်ဖြစ်သည်။
ဆောင်းဟေမာန်တစ်ယောက် မအိပ်နိုင်ဖြစ်နေသည်။ဟုတ်သည် သူရင်ခုန်နေသည် အောင်စာရင်း၌သူ့နာမည်ပါပါစေဟုလည်းအကြိမ်ကြိမ်ဆုတောင်းနေသည်။

ဦးအောင်မင်းမာန်နှင့်ဒေါ်ညိုက သူ့သမီးရင်ခုန်ပြီးအိပ်မပျော်နိုင်ဖြစ်နေသည်ကိုမြင်တော့ အားပေးစကားပြောပေးနေသည်။

"သမီး အရမ်းမစိုးရိမ်ပါနဲ့ သမီးကတော်တဲ့သူတစ်ယောက်ဆိုတာအဖေယုံတယ် သမီးအောင်မှာပါ"

"ဟုတ်ကဲ့ပါအဖေ ဒါပေမဲ့ အခုလိုမျိုးကတစ်ခါပဲကြုံရတာဆိုတော့တော်တော်လေးရင်ခုန်နေတာ"

အမေဖြစ်သူက
"သမီးရယ် အောင်စာရင်းကမနက်၄နာရီမှထွက်မှာမလား အခုတော့သွားအိပ်လိုက်ပါ တော်ကြာအိပ်ရေးပျက်ပြီးအားမရှိဘဲနေအုံးမယ်"

"သမီးသွားအိပ်လဲ အိပ်ပျော်မယ်မထင်ဘူးအမေရယ်"

"ကဲပါ သမီးခနလောက်တော့သွားအိပ်ပါ မနက်၄နာရီမထိုးခင်ထပြီး အောင်စာရင်းကိုအဖေတို့တွေတူတူကြည့်ကြမယ်နော်"

"ဟုတ်ပါပြီအဖေ သမီးသွားနားလိုက်ပါ့မယ်"ဆိုပြီးသူ့အခန်းထဲပြန်ဝင်သွားသည်။

အခန်းထဲရောက်တော့ သူ့ဖုန်းကိုထုတ်ကြည့်လိုက်သည်။

"တီချယ်ကစာတောင်မပို့ထားဘူး ဟုတ်ပါတယ်လေအချိန်ကလည်း ည၁နာရီရှိနေပြီဆိုတော့ တီချယ်လည်းအိပ်နေလောက်ပြီပေါ့"

ဆောင်းဟေမာန်တစ်ယောက်သူ့သူငယ်ချင်းတွေနဲ့ဖုန်းထဲ၌တစ်ယောက်တစ်မျိုးစကားပြောနေကြပြီး အချင်းချင်းနှစ်သိမ့်ပေးနေကြသည်။
ဆောင်းဟေမာန်တစ်ယောက် ဖုန်းကြည့်ရင်းငိုက်လာသည်မို့ သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး အိပ်လိုက်သည်။သူမအိပ်ခင် ဖုန်းကိုalarmပေးထားခဲ့သည်။

မနက်၃နာရီခွဲတော့ ဖုန်းalarmကထမြည်လာသည်။
ဆောင်းဟေမာန်လည်းချက်ချင်းနိုးလာပြီး line ပေါ်၌အောင်စာရင်းတင်မည့်အချိန်ကိုစောင့်နေသည်။

ဆောင်းဟေမာန်ရဲ့မိဘတွေလည်းထိုင်စောင့်ပေးနေကြသည်။
၄နာရီလည်းထိုးတော့ ဆောင်းဟေမာန်သူ့အခန်းထဲကနေပြေးထွက်လာပြီး

You've reached the end of published parts.

? Last updated: Sep 16 ?

Add this story to your Library to get notified about new parts!

?????????????????????Where stories live. Discover now