抖阴社区

???????(??)

232 16 0
                                        

"ဒီကောင်မလေး အခုတလောငြိမ်နေလိုက်တာ"ဆိုပြီး တီချယ်မြင့်တစ်ယောက် အိပ်ယာပေါ်လှဲပြီးစဥ်းစားနေသည်။

"ငါလှမ်းမေးလိုက်ရင်ကောင်းမလား မဖြစ်သေးပါဘူး ဘာလုပ်ရမလဲမသိတော့ဘူး"

တီချယ်မြင့်တစ်ယောက် အခန်းရဲ့ဝရံတာဖက်ကိုထွက်ပြီး ကောင်းကင်ကိုငေးကြည့်နေသည်။
တစ်ချိန်၌ဆေးရုံတက်နေသည့်ဟေမာန့်အကြောင်းကိုတွေးလိုက်သည်။
အဲ့အချိန်တုန်းက ကောင်းကင်ကိုငေးကြည့်နေသည့်ဆောင်းဟေမာန်၏ပုံရိပ်ကိုပြန်မြင်ယောင်လာသည်။
အခုလိုမျိုးကောင်းကင်ကိုခံစားချက်တွေရှုပ်ထွေးစွာဖြင့်ငေးကြည့်နေသည့် တီချယ်မြင့်တစ်ယောက် ဆောင်းဟေမာန်၏နေရာကနေတစ်ဆင့်ချင်း အကြောင်းမဲ့စွာခံစားကြည့်နေသည်။

"မာန်လေးက အခုလိုမျိုးအထီးကျန်နေတဲ့ကောင်းကင်ကိုငေးကြည့်ရတာ ဘာလို့သဘောကျရတာလဲ သူကိုယ်တိုင်ကရောအထီးကျန်နေလို့များလား"

အမျိုးသမီးတစ်ယောက် ဝရံတာ၌ တိမ်တိုက်ကိုတွေတွေလေးငေးကြည့်နေလေသည်။
အချိန်တော်ကြာမှ အဖြေတစ်ခုကိုရရှိသွားဟန်တူသည်။
တီချယ်မြင့်တစ်ယောက် အခန်းထဲအပြေးလွှားဝင်သွားပြီး အိပ်ယာပေါ်ကဖုန်းကိုကောက်ယူလိုက်သည်။
ဖုန်းကိုကောက်ယူလိုက်ချိန် ဆံပင်ချထားသည့်အတွက် ကျောပေါ်မှဆံစတို့သည် အရှေ့သို့လျှောကျလာသည့်ပုံစံမှာ စွဲမက်ဖွယ်ကောင်းလောက်အောင် လှပလွန်းလှသည်။
ကျနေသည့်ဆံပင်ကို သပ်တင်လိုက်ပြီး ဖုန်းကိုဖွင့်လိုက်သည်။ထို့နောက် ဖုန်းထဲ၌စာရိုက်နေပြီး ဟေမာန့်ဆီလှမ်းပို့လိုက်သည်။
"သမီးဆောင်းဟေမာန် မေးစရာတွေရှိလို့ သမီးဟိုတစ်နေ့က တီချယ့်ဆီပို့ထားတဲ့စာကဘာကိုပြောတာလဲ တီချယ်နားမလည်လို့ ရှင်းပြပေးလို့ရမလား"
ဆောင်းဟေမာန် စာကိုဖတ်ပြီး ဘယ်လိုပြောရမှန်းမသိတော့ပေ။
မြိုသိပ်ထားသည့်ခံစားချက်တို့သည်လည်း ဖွင့်ဟမထားအောင် ချုပ်တည်းထားနေရသည်။
ဆောင်းဟေမာန်တစ်ယောက်  မျက်ရည်တို့ဖြင့်စိုရွှဲလာသည်။

ဟေမာန်တစ်ယောက်ရှင်းပြရခက်နေသည်။
သူ တီချယ်နှင့်ခွဲရမည်ကို ဘယ်လိုပြောရမည်နည်း။သူကိုယ်တိုင်လည်းရင်ကွဲမတတ်ခံစားနေရသည်။အခုမှ သူနဲ့တီချယ်ရဲ့ဆက်ဆံရေးက ပြန်ပြီးအဆင်ပြေခါစပင်ရှိသေး အိမ်ပြောင်းရမည်ဆိုတော့ သူ့ရင်ကိုခွဲလိုက်သလိုပင်။

?????????????????????Where stories live. Discover now