抖阴社区

???????(??)

183 10 3
                                        

ဒေါ်မျိုးသဒ္ဒါဆောင်းသည် တီချယ်မြင့်အခန်းထဲဝင်သွားပြီး
"မမြင့် ဟေမာန့်ကိုဘာလို့အဲ့လောက်ထိတောင်ရိုက်ရတာလဲ အပြင်ကနေတောင်ကြားရတယ် သူဘယ်လောက်တောက်နာနေလိုက်မလား"
"ကျွန်မကျက်ခိုင်းထားတဲ့ စာကိုမကျက်လာလို့ ရိုက်တာ မနေ့ကထဲကပြောထားပြီးသား မကျက်လာရင်ရိုက်မယ်လို့"
"ဟုတ်ပါတယ် ဒါပေမဲ့အဲ့လောက်ထိတော့ရိုက်စရာမလိုဘူးလို့ထင်တယ်နော် သူ့လက်ကိုကြည့်လိုက်"ဆိုပြီး ဒေါ်မျိုးသဒ္ဒါဆောင်းကမျက်စောင်းနှင့်ပစ်ပြလိုက်သည်။
ဟေမာန်ချက်ချင်းလက်ကိုဆုပ်လိုက်ပြီး အနောက်ပစ်ထားလိုက်သည်။
"သူ့အပြစ်နဲ့သူလေ ခံရမှာပေါ့"
"အပြစ်ရှိတာမှန်ပါတယ် ကျောင်းသားတစ်ယောက်ကိုအဲ့လောက်ထိရိုက်မှတော့ သူဘယ်လိုလုပ်စာရေးနိုင်တော့မလား ဟင် မမြင့်"
"ဒါ ကျွန်မကိစ္စပါ ဒေါ် မျိုးသဒ္ဒါဆောင်း ရှင့်အချိန်က ၄ချိန်မှပါ အခုကျွန်မအချိန်ပဲရှိသေးတယ် ကိုယ့်အချိန်ရောက်မှဝင်ပါ ပြီးတော့အဲ့လောက်ထိဝင်မပါပါနဲ့"
"ကျွန်မကိစ္စမဟုတ်ဘူးဆိုတာမှန်တယ် ဒါပေမဲ့ သူကလဲကျွန်မစာသင်ပေးနေတဲ့ကျောင်းသားတွေထဲကတစ်ယောက်ပါ အမြင်မတော်ရင်ဝင်ပြောရမှာဘဲလေ အခုသူ့လက်က သွေးတောင်စို့နေပြီ"
"ရှင့်အချိန်ရောက်မှဝင်ပါ ဒေါ်မျိုးသဒ္ဒါဆောင်း"ဆိုပြီး မျက်လုံးရဲရဲနှင့်စိုက်ကြည့်ပြီးပြောလိုက်သည်။
ဟေမာန်သည် အခြေနေမဟန်တော့တာမို့ စကားကိုဝင်ဖြတ်ပြီးပြောလိုက်သည်။
"ဆရာမ သမီးဘာမှမဖြစ်ပါဘူး သမီးအပြစ် သမီးခံရတာပါ ဆရာမအရင်သွားလိုက်ပါနော် "
"သွားမယ် ဒါပေမဲ့သမီးပါလိုက်ခဲ့ လက်ကဒဏ်ရာကိုဆေးထည့်ပေးမလို့"ဆိုပြီး မမြင့်ကိုကြည့်ပြီး ပြောလိုက်သည်။
"ဒေါ်မျိုးသဒ္ဒါဆောင်း!"ဆိုပြီး မမြင့်ကဒေါသထွက်စွာအော်လိုက်သည်။
ဒေါ်မျိုးသဒ္ဒါဆောင်းကတော့မမှုပေ။ဟေမာန်လက်ကိုဆွဲပြီး အပြင်ခေါ်ထုတ်သွားသည်။
ဟေမာန်တစ်ယောက် တီချယ်မြင့်ကိုလှည့်ကြည့်ပြီး မြန်မာစာဆရာမနောက်ပါသွားသည်။
တီချယ်မြင့်တစ်ယောက် အခန်းထဲဒေါသတွေကိုမြိုသိပ်ပြီး ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။
အခန်းထဲရှိကျောင်းသားအားလုံးလဲ မျက်လုံးပြူးပြီး ကြောင်အမ်းအမ်းကြည့်နေကြသည်။
တီချယ်မြင့်တစ်ယောက်ကျောင်းသားတွေရှေ့ အိန္ဒြေဆယ်ပြီး ခပ်တည်တည်ပြန်နေလိုက်သည်။

?????????????????????Where stories live. Discover now