ဆောင်းဟေမာန်၏စာသင်နှစ် နှစ်ဝက်ကျိုးသွားပြီဖြစ်သည်။
ဆောင်းဟေမာန်ကျောင်းပြောင်းသွားကတည်းက တီချယ်နှင့်အဆက်သွယ်မရတော့ပေ။
ဆောင်းဟေမာန်တစ်ယောက် တီချယ့်ဆီစာတွေဆက်တိုက်ပို့ပြီး ဖုန်းခေါ်နေခဲ့ပေမယ့်လည်း တစ်ဖက်ကအဆက်သွယ်ကိုမလုပ်ခဲ့ပေ။
"တီချယ်ပြောတော့ သမီးကျောင်းပြောင်းသွားရင် ဖုန်းနဲ့စကားတွေအများကြီးပြောပြီး စာတွေပို့မယ်ဆို အခုတော့တီချယ့်သတင်းလည်းမကြားရ အဆက်သွယ်လည်းမလုပ်နဲ့ တီချယ်ဘာဖြစ်နေလို့လဲဟင် ကျေးဇူးပြုပြီးစာပြန်ပါနော်"
ဆောင်းဟေမာန်တစ်ယောက် စာတွေဆက်တိုက်ပို့နေခဲ့သည်။
သီတင်းကျွတ်ကျောင်းပိတ်ရက်၌ ဆောင်းဟေမာန်တစ်ယောက်တီချယ်နှင့်အဆက်သွယ်ရဖို့သာကြိုးစားနေလေသည်။
အမေဖြစ်သူ ဒေါ်ညိုက သူ့သမီး အရင်လိုထမင်းပုံမှန်မစားတာကြောင့် စိတ်ပူနေလေသည်။
ထိုင်ခုံတွင်ထိုင်ပြီးဖုန်းကြည့်နေသည့် ဦးအောင်မင်းမာန်ကို ဒေါ်ညိုက
"အစ်ကို အစ်ကို့သမီးကိုဒီတိုင်းပဲထားတော့မှာလား အခုဒီကိုပြောင်းလာကတည်းက ထမင်းလည်းပုံမှန်မစားဘူး တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့ သူ့ကြည့်လိုက်ရင်အမြဲငေးမောနေတာပဲတွေ့နေရတယ် တစ်ခုခုလုပ်ပါအုံး"
ထို့သို့ပြောလိုက်တော့ ဦးအောင်မင်းမာန်က ဖုန်းကြည့်ရာကနေ ဖုန်းကိုပိတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟူးးးးး"
"ဘယ်လိုလုပ်မှာလည်းအစ်ကို ညိုလေ သူ့ကိုမေးကြည့်သေးတယ် ဘာမှပြန်မဖြေဘူး"
"အစ်ကိုပြောကြည့်လိုက်ပါ့မယ် အရမ်းကြီးစိတ်မပူပါနဲ့ ညို့ကျန်းမာရေးရှိသေးတယ်လေ"
"အစ်ကိုရအောင်မေးကြည့်ပေးပါ ညိုစိတ်ပူလို့ပါသမီးလေးကို"
"အင်းပါ"
ဦးအောင်မင်းမာန်သည် ဆောင်းဟေမာန်၏အခန်းနားကိုလျှောက်လာသည်။
တံခါးလော့မခတ်ထားတာကြောင့် တံခါးကိုအသာလေးတွန်းဖွင့်ပြီး ဟေမာန့်အခန်းထဲဝင်လာသည်။
ပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေသည့်ဆောင်းဟေမာန်တစ်ယောက်ကို ဦးအောင်မင်းမာန်တစ်ယောက်ခနလောက်ရပ်ကြည့်နေသည်။
YOU ARE READING
?????????????????????
Romance?????????????????????? ?????????????????????????????????????????????? ?????????????? ????????????????????????????????????????????????????????????????..?????? ??????????????????????? ??????????????? ?????????????????????????? ????????????????????????...
