抖阴社区

???????(??)

155 10 2
                                        

ဒေါ်ညိုသည် ဟေမာန်၏အခန်းကိုဝင်ရှင်းရင်း နှင်းဆီပန်းအခြောက်တွေကို စက္ကူဘူးသေးလေးထဲထည့်ထားတာကိုတွေ့တော့
"ဟင် နှင်းဆီပန်းခြောက်တွေပါလား ဒီကလေး ဘာလုပ်ထားမှန်းမသိဘူး အမှိုက်ပုံးထဲထည့်ရမယ်"ဆိုပြီး ယူသွားသည်။

အမေဖြစ်သူဒေါ်ညိုသည် မီးဖိုချောင်တွင်အလုပ်လုပ်နေရင်း သမီးဖြစ်သူဟေမာန်၏အသံကိုကြားတော့
"အမေ့!အမေရေ အမေ ဘယ်မှာလဲအမေ့!"
"ဟေ ဘာလဲ ငါဒီမှာ ဘာလို့အဲ့လောက်ထိအော်ခေါ်နေရတာလဲ"
"အမေ့ သမီးအခန်းထဲ စက္ကူဘူးသေးလေးတွေ့မိသေးလား"
"ဟို ပန်းခြောက်တွေထည့်ထားတဲ့ဘူးလား"
"ဟုတ်တယ် ဟုတ်တယ် အဲ့ဘူးပဲ အမေယူသွားတာလဲ"
"အေး ငါလွှတ်ပစ်လိုက်ပြီ"
"ရှင် ဟာ ဘာလို့လွှတ်ပစ်လိုက်တာလဲအမေရဲ့ မမေးမမြန်းဘဲနဲ့"
"ဪ ငါလဲဘယ်သိမလဲဟဲ့ ပန်းအခြောက်တွေ နင်ပသ်မလို့စုထားတယ်ထင်လို့ပေါ့"
"ဟာ ဘူးနဲ့ထည့်ထားပါတယ် လွှတ်ပစ်မလို့မှမဟုတ်တာအမေကလဲ အဲ့တာဘယ်မှာလဲ အမှိုက်ပုံးထဲရှိသေးလား"
"အေး ရှိသေးတယ် အမှိုက်သွားမသွန်ရသေးဘူး"ဆိုပြီးပြောတော့ ဟေမာန်တစ်ယောက် ချက်ချင်းပြေးသွားပြီး ထိုဘူးကိုအမှိုက်ပုံးထဲသွားရှာသည်။

"အမေကလဲ အကုန်လွှတ်ပစ်မယ်ဆိုတာကြီးပဲ ဟူးးးးးးဘယ်မှာလဲစက္ကူဘူးက"ဆိုပြီး အသဲအသန်ရှာနေသည်။
"တွေ့ပြီ အမယ်လေး တော်ပါသေးရဲ့ ငါ့ရဲ့အဖိုးတန်လေးကို "
"ဟဲ့မိဟေမာန် နင်ရှာပြီးရင်လဲ အဲ့အမှိုက်ပုံးကိုသွားသွန်ပေးစမ်း"ဆိုပြီး အမေဖြစ်သူက မီးဖိုချောင်ကနေလှမ်းအော်နေသည်။
"ဟုတ် ပြီးရင်သွားသွန်ပေးမယ်"+
"အေးအေးပြီးရော"
ဟေမာန်လဲအပေါ်ထပ်ကသူ့အခန်းထဲဝင်ပြီး စက္ကူဘူးကိုသွားထားသည်။
"ဒီတစ်ခေါက်ခုံပေါ်မထားတော့ဘူး အံဆွဲထဲထည့်ထားရမယ် နောက်မို့ဆို ထပ်ပြီးလွှတ်ပစ်ခံနေရမှ ပြန်ရှာမရဘဖြစ်နေအုံးမယ်"ဆိုပြီး သူ၏စာရေးစားပွဲကအံဆွဲထဲရှိ နေရာလွတ်တွင်ထားလိုက်သည်။
ဟေမာန်သည် ထိုနှင်းဆီပန်းခြောက်ကိုတစ်နေ့တစ်ပွင့် နေ့တိုင်းသိမ်းထားသည်။အကြောင်းမှာ သူပေးသည့်ထိုနှင်းဆီပန်းကို ချစ်ရသူ တီချယ်ကမပန်ခြင်းကြောင့်သိမ်းထားရခြင်းဖြစ်သည်။
ညတိုင်းလဲ ဟေမာန်တစ်ယောက် ထိုနှင်းဆီပန်းကိုထုတ်ကြည့်ပြီး တီချယ်နဲ့တစ်နေ့တာဖြတ်သန်းခဲ့ရပုံကို စာအုပ်ထဲတွင်အမြဲရေးသည်။
.......................................................

?????????????????????Where stories live. Discover now