抖阴社区

???????(??)

178 9 2
                                        

အချိန်အားဖြင့်မနက်၈နာရီလောက်ရှိပြီဖြစ်သည်။အပြင်၌မိုးဖွဲဖွဲလေးကျနေလေသည်။ဒီနေ့ဟာပထမဆုံးကျောင်းပြန်ဖွင့်သည့်ရက်ဖြစ်သည်။တီချယ်မြင့်တစ်ယောက် မှန့်ရှေ့၌ဆံပင်ကိုသေချာထုံးဖွဲ့နေလေသည်။
အဖြူအစိမ်းကိုဝတ်ထားသည့်အမျိုးသမီးတစ်ဦး၏အလှမှာ ယဥ်ယဥ်လေးနှင့်တင့်တယ်နေသည်။
နှုတ်ခမ်းနီပါးပါးလေးဆိုးပြီး ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေလေသည်။
"အင်းရပြီ ဒီလောက်ဆိုအဆင်ပြေသွားပြီ ဘယ်ချိန်တောင်ရောက်နေပြီလဲမသိဘူး နောက်ကျနေတော့မှာဘဲ ဒီနေ့မှာကျောင်းပြန်ဖွင့်တာကို"
ထူးထူးခြားခြား အခုလိုမျိုးအလှအပပြင်နေသည်မှာ ဒီနေ့လူတစ်ယောက်နှင့်ပြန်တွေ့ရမှာမို့လို့ပုံမှန်ထက်ပြင်ဆင်နေခြင်းသာဖြစ်သည်။

တီချယ်မြင့်တစ်ယောက်ပြင်ဆင်လို့ပြီးသွားတော့ ခြင်းတောင်းကိုယူကာအခန်းပြင်ထွက်လာခဲ့သည်။

"ဪ ဟိုမှာသမီးထွက်လာပြီ မောင်ကိုအောင်"

"ဟုတ်ကဲ့အန်တီ"

တီချယ်မြင့်တစ်ယောက် ကိုအောင်ကိုမြင်တော့မျက်နှာချက်ချင်းမဲ့သွားသည်။

"ကိုအောင် ဒီကိုဘာလာလုပ်တာလဲ"ဟု တီချယ်မြင့်ခပ်ပြတ်ပြတ်မေးလိုက်သည်။

"ဪ ဟို အဲ့တာက ဒီဖက်ကိုအလုပ်ကိစ္စနဲ့လာရင်း မမြင့်ဆီလှည့်လာလိုက်တာ"

"ဘာကိစ္စရှိလို့လဲ"

"ထွေထွေထူးထူးတော့မဟုတ်ပါဘူးဒီတိုင်းပါပဲ"

"အဲ့တာဆိုကျွန်မဆိုခွင့်ပြုပါအုံး ကျောင်းနောက်ကျမှဆိုးလို့"ဆိုပြီး လှည့်အထွက်

"ခနနေပါအုံးမမြင့် ကျောင်းကိုသွားမှာဆိုတော့ကျွန်တော်နဲ့လမ်းသင့်တယ်လေ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

"ရပါတယ် ကျွန်မဘာသာလိုင်းကားစီးသွားမှာပါ"

"မဟုတ်တာ အားမနာပါနဲ့ ကျွန်တော်လိုက်ပို့ပေးပါ့မယ် ဆွဲခြင်းကျွန်တော့်ကိုပေးလေ သယ်ပေးမယ်"

"ရ...."

"ဟဲ့သမီး လိုက်သွားလိုက်လေ ဟိုကလိုက်ပို့ပေးနေတာကို"ဆိုပြီး အမေဖြစ်သူကလေသံမာမာနှင့်ပြောလိုက်သည်။

?????????????????????Where stories live. Discover now