抖阴社区

???????(?)

201 7 0
                                        

"အမေ့ အဖေပြန်ရောက်ပြီလား"
"မရောက်သေးဘူးလေ"
"ဪ မရောက်သေးဘူးလား"
"နင်ကဘာလုပ်ဖို့မေးတာလဲ"
"ဘာမှမလုပ်ပါဘူး ဒီတိုင်းမေးကြည့်တာ"
"အမယ်လေး ငါနင့်အကြောင်းသိပါတယ် နင်မုန့်ဖိုးတောင်းမလို့မလား မိဟေမာန်"
"ဟဲဟဲ ဟို..ဟို ဟုတ်တယ်"
"ဟွန့်"ဆိုပြီး အမေဖြစ်သူဒေါ်ညိုက မျက်စောင်းထိုးပြီးထွက်သွားသည်။
"ဪ အမေ့ခနလေး သမီးကိုမနက်ကျရင် ဘုရားပန်းလေးဝယ်လာပေးပါလား"
"နင်ကဘာလုပ်ဖို့လဲ"
"ဘုရားပန်ဝယ်ပါတယ်ဆို ဘုရားပန်းကပ်မလို့ပေါ့အမေရဲ့"
"နင့်မုန့်ဖိုးနဲ့ဝယ်လာမှာနော်"
"ဝယ်ဝယ် ဒါနဲ့ ၁ထောင်ပဲနော် လိုရင်အမေစိုက်ပေး နော်"
"မိဟေမာန် မိဟေမာန် ဘုရားပန်းဝယ်တာတောင်လိုရင်အမေစိုက်တဲ့ ငါခေါက်ထဲ့လိုက်ရ သွား ကျူရှင်သွားဖို့ပြင်တော့"
"ဟီးဟီး သွားပြီ"ဆိုပြီးအိမ်ပေါ်ပြေးတက်သွားသည်။

ဆောင်းဟေမာန်တစ်ယောက် သူ့အခန်းကပြတင်းပေါက်ကနေ အပြင်ကိုငေးနေမိပြန်သည်။ကောင်းကင်ယံ၌တိမ်ညိုတွေဖုံးအုပ်နေပြန်သည်။
"ဟူးးးကျူရှင်သွားခါနီးမိုးထပ်ရွာအုံးမယ်ထင်တယ်"ဟုဆိုပြီး ပြတင်းပေါက်ကိုလှမ်းပိတ်လိုက်သည်။
အောက်ထပ်တွင်ဟေမာန်၏အဖေအလုပ်ကပြန်ရောက်နေပြီ။
"အဖေ့ ပြန်ရောက်ပြီလား အခုမှညနေ၄နာရီပဲရှိသေးတယ် စောတယ်နော် ဒါနဲ့မုန့်ဖိုးပေးပါလား ဟဲဟဲ"
"ဟာ ငါ့သမီးက မုန့်ဖိုးလိုချင်လို့ ဒီလိုပြောနေတာကိုးးး"
"ဟုတ်တယ်ဖေကြီးရဲ့ အမေမရှိခင်တောင်းရတာ အမေရှိရင် သမီးကိုဆူမှာ အဲ့တာကြောင့် အမေလစ်တုန်းလေးမုန့်ဖိုးတောင်းနေတာ ပြီးတော့သမီးကျူရှင်သွားတော့မှာ မိုးကလဲရွာတော့မယ် မုန့်ဖိုးပေးပါနော်"
"အေးပါ ရော့ရော့၂၀၀၀ယူသွား"
"ရေးးးသွားပြီ"
ဟေမာန်တစ်ယောက်မုန့်ဖို့ရလို့အပျော်ကြီးပျော်နေသည်။
ဆောင်းဟေမာန် ကျူရှင်သွားနေရင်း ရုတ်တရက်မိုးရွာချလာသည်။ထီးဖွင့်ပြီးကျူရှင်သို့ မိုးအရမ်းမရွာခင်အပြေးလေးသွားရသည်။ဟေမာန့်ရဲ့ကျူရှင်သည် သူ့တို့လမ်းရဲ့ဘေးလမ်းတင် ဟေမာန့်ကျူရှင်ဆရာမသည် အလုပ်သင်ဆရာဝန်တစ်ယောက်ဖြစ်သည်။ကျူရှင်တွင်ဟေမာန်နဲ့နောက်မိန်းကလေးတစ်ယောက် အားလုံးပေါင်းနှစ်ယောက်သာသင်သည်။အကြောင်းမှာ အလုပ်သင်ဆရာဝန်ဖြစ်လို့ ကျောင်းသားထပ်မခေါ်ရခြင်းဖြစ်သည်။နောက်နှစ်မှသာ ကျောင်းသားအနည်းငယ်ကိုထပ်လက်ခံမည်။
ကျူရှင်အိမ်ရှေ့ရောက်တော့
"အန်တီရေ အန်တီ"ဆိုပြီး တံခါးဖွင့်ပေးရန်မိုးရေထဲမှလှမ်းခေါ်နေသည်။
သူ့သူငယ်ချင်းနောက်တစ်ယောက်လဲရောက်လာပြီးလှမ်းခေါ်နေကြသည်။
အိမ်ထဲမှ "အေးအေး သမီးတို့ လာပြီနော် ခနလေး"
တံခါးဖွင့်ပေးပြီး သူတို့လဲအိမ်ထဲဝင်သွားသည်။
"အန်တီ မကြီးမရောက်သေးဘူးလား"ဆိုပြီး ဟေမာန့်သူငယ်ချင်း လင်းလက်က အန်တီ့ကိုမေးလိုက်သည်။အန်တီဆိုသည်မှာ သူတို့ကိုစာသင်ပေးနေတဲ့ ဆရာဝန်မလေးရဲ့အမေပင်ဖြစ်သည်။
ဆရာဝန်မလေးကို သူတို့နှစ်ယောက်က မကြီးလို့သာခေါ်သည်။အသက်က၂၀ ကျော်ဖြစ်သောကြောင့်မကြီးလို့သာခေါ်သည်။
"အေး သမီးရဲ့ သမီးတို့မကြီးမရောက်သေးဘူး နည်းနည်းနောက်ကျမယ်တဲ့ ဆေးရုံမှာကိစ္စလေးရှိသေးလို့တဲ့ အဲ့တာသမီးတို့ကို့မနေ့ကလုပ်ခိုင်းထားတဲ့စာတွေလုပ်ထားပါတဲ့ ခုနလေးတင်ဖုန်းဆက်ပြီးလှမ်းပြောတယ် ဘာတွေလုပ်ခိုင်းထားလဲသမီးတို့ကို"
"Physics တွေပါအန်တီ တွက်စာရောကျက်စာရောဖြေခိုင်းထားတယ် သမီးတို့ခနပြန်နွေးပြီး အလွတ်ဖြေလိုက်မယ်အန်တီ"ဆိုပြီးဟေမာန်ကပြောသည်။
"အေးအေး သမီးတို့လုပ်စရာရှိတာလုပ်ထားကြ အန်တီနောက်ဖေးမှာ ထမင်းဟင်းချက်လိုက်အုံးမယ် မီးလာတုန်းလေး"ဆိုပြီး နောက်ဖေးပြေးဝင်သွားသည်။
ဟေမာန်တို့နှစ်ယောက်လဲစာလုပ်နေရင်းကျန်ခဲ့သည်။ဟေမာန်တစ်ယောက်စာလုပ်နေရင်း မနက်ကကျောင်းမှာပန်းလဲနေတဲ့တီချယ့်ပုံရိပ်ကိုပြန်မြင်ယောင်ပြီး ပြုံးမိလိုက်သည်။ထိုအရာကို ဘေးမှလင်းလက်ကမြင်လိုက်သည်။
"ဟဲ့"
.....
"ဟဲ့"
.....
"ဟဲ့.."
"ဟမ် ဪ ခေါ်လိုက်တာလား"
"အေး နင့်ကိုခေါ်နေတာကြာပြီ နင်ဘာတွေတွေးပြီးရီနေလို့ ငါခေါ်တာမကြားရတာလဲ"
"ဟမ် ငါလား ငါဘာမှမတွေးပါဘူး ငါစာလုပ်နေတာပါဟ"
"ဟုတ်လို့လား"
"ဟုတ်တယ် စာလုပ်စာလုပ် အန်တီဆူနေအုံးမယ် စကားပြောနေကြတယ်ဆိုပြီး"
"နင်နော် ပြီးမှမကြီးကိုပြောပြီးအတင်းမေးခိုင်းမယ်"
"ကဲ စာလုပ်စမ်းပါ ဖြေရတော့မယ်ခနနေရင်"

?????????????????????Where stories live. Discover now