抖阴社区

???????(??)

162 9 2
                                        

"ညို"
"ဪ အစ်ကိုပြောလေ ဘာဖြစ်လို့လဲ"
"သမီးလေးရော ကျောင်းကပြန်လာပြီလား"
"အင်း ကျူရှင်သွားပြီလေ"
"ဪ အင်းပါ"ဆိုပြီးလှည့်ထွက်မည်အလုပ်
"အစ်ကို"
"ဟင် ဘာလို့လဲပြောလေ"
"အစ်ကို့သမီးကြည့်ရတာ မျက်နှာမကောင်းဘူး ညိုရိုက်လိုက်လို့ စိတ်ဆိုးနေတာလားမသိဘူးအစ်ကိုရယ်"
"ညိုရယ် သမီးလေးကအဲ့လိုမဟုတ်ပါဘူး သူတစ်ခြားစိတ်ညစ်စရာတွေရှိလို့နေမှာပါ စိတ်ထဲအရမ်းကြီးမတွေးနဲ့နော်"
"အင်းပါအစ်ကိုရယ် အဲ့တာဆို ညိုမီးဖိုးချောင်ထဲဝင်လိုက်အုံးမယ် အစ်ကိုလဲ ခနနားပြီး ရေချိုးတော့လေ ညနေစောင်းနေပြီ ဒါနဲ့အစ်ကို ဒီနေ့အလုပ်ကပြန်လာတာစောတယ်နော်"
"ဟုတ်တယ် မိုးတွေရွာနေတော့အလုပ်စောစောသိမ်းလိုက်တာ"
"အင်းပါ အစ်ကိုနားတော့လေ ပြီးရင်ရေချိုး"
"အင်းအင်း"ဆိုပြီး ဦးအောင်မင်းမာန် သူ့အခန်းထဲဝင်သွားသည်။ဒေါ်ညိုလဲမီးဖိုချောင်ထဲဝင်ပြီး ထမင်းဟင်းချက်နေသည်။
................................................
"ကဲ ညီမလေးတို့ ဒီသချ်ာတွက်ပြီးရင် မကြီးမနေ့ကကျက်ခိုင်းလိုက်တဲ့Ecoမေးမယ်နော် ပြီးရင်ပြန်လွှတ်မယ် မိုးတွေလဲရွာနေတော့လေ"
"ဟုတ်ကဲ့မကြီး"ဆိုပြီးလင်းလက်ကပြောလိုက်သည်။
ဟေမာန်ကတော့ ခေါင်းသာငြိမ့်သည်။
ဟေမာန်တစ်ယောက်မျက်နှာညှိုးနေသည်ကို မကြီးကရိပ်မိတော့
"ညီမလေး ဟေမာန် "
"ရှင် မကြီး"
"အဆင်ပြေရဲ့လားညီမလေး မျက်နှာလဲမကောင်းဘူး နောက်ပြီးမျက်နှာက ရိုက်ခံထိထားတာလားညီမလေး"ဆိုပြီး အားနာနာနှင့်မေးလိုက်သည်။
"ချော်လဲထားတာပါမကြီး"
"ဪ အေးပါအေးပါ ညီမလေး အဆင်မပြေရင်မကြီးကိုပြောနော် ဗိုက်တွေဘာတွေရောအောင့်သေးလား မကြီးပြောသလိုအစာပျော့ပျော့လေးပဲစား အပူအစပ်တွေကိုရှောင်နော် ညီမလေး"
"ဟုတ်ကဲ့မကြီး"ဆိုပြီးစာသာပြန်လုပ်နေသည်။
မကြီးကတော့ဟေမာန်ရိုက်ခံထိထားတာကိုတော့သိသည် ဟေမာန်စိတ်မကောင်းဖြစ်မှာဆိုးလို့သာ ဆက်မမေးဘဲနေလိုက်သည်။
ကျူရှင်ပြန်လွှတ်တော့ ဟေမာန်ကအရင်ပြန်သွားသည်။
လင်းလက်က လာကြိုမှာကိုစောင့်နေသည်။
"လင်းလက်"ဆိုပြီးမကြီးကလှမ်းခေါ်လိုက်သည်။
"ရှင် မကြီး"
"ဟေမာန် ဘာဖြစ်နေတာလဲသိလားညီမလေး သူ့ကြည့်ရတာ တော်တော်အဆင်မပြေပုံဘဲနော်"
"ဘာဖြစ်လဲတော့သမီးလဲမသိဘူးမကြီး သူကျူရှင်ရောက်ထဲက ဘာမှမပြောဘူး သမီးမေးလဲ ခေါင်းငြိမ့်ခေါင်းခါပဲမကြီး နောက်ပြီးသူ့ပါးကရိုက်ရာကြီးလိုပဲ ခြစ်ရာလဲပါသေးတယ်"
"အေးဟုတ်တယ် မကြီးမေးတော့ ချော်လဲတာလို့ဖြေတော့ ဆက်မမေးတော့တာ သူ့အိမ်ကလူတွေနဲ့များပြဿနာဖြစ်ထားလို့လား ဒါမှမဟုတ် ကျောင်းမှာများပြဿနာဖြစ်လို့လားမသိဘူး"
"သမီးလဲမသိဘူးမကြီး ကျောင်းမတူတော့သူဘာဖြစ်လဲမသိဘူး နောက်ပြီးသူကအဲ့လိုမျိုးပြဿနာဖြစ်မဲ့သူမျိုးလဲမဟုတ်ဘူးလေမကြီး"
"အေး အဲ့တာတော့ဟုတ်တယ်နော် သူက အနေအေးတယ်လေ ကဲပါ ထားလိုက်တော့ ညီမလေးကိုလာကြိုတာစောင့်နေသိလား လာကြိုရင်မကြီးကိုအော်ပြောလိုက် မကြီးနောက်ဖေးမှာရှိနေတယ် မကြီးအမေမရှိတော့ မကြီးကအိမ်ရှင်မဖြစ်နေတယ်"ဆိုပြီး  နောက်ဖေးဝင်သွားသည်။

?????????????????????Where stories live. Discover now