抖阴社区

                                        

ညရောက်တော့ ဟေမာန်တစ်ယောက်သူ့အခန်းရဲ့ပြတင်းပေါက်ကနေ ကောင်းကံကို အကြောင်းပြချက်မရှိငေးမောနေပြီး အတွေးတွေကိုနယ်ချဲ့နေသည်။
"တီချယ်ကဘယ်မှာနေတာလဲ ပြီးတော့ အခုချိန်ဘာလုပ်နေမှာလဲတီချယ်က ပန်းပန်ရင်တီချယ်ကဘာလို့အဲ့လောက်ထိတောင်လှရက်ရတာလဲ"
"ဟာ ဟေမာန်သတိကပ်စမ်း နင်အဲ့လိုမျိုးဘာလို့တွေးနေရတာလဲ မဟုတ်မှလွဲရော နင် တီချယ့်ကိုချစ်...ချစ် ဟားးးးငါဘာတွေတွေးနေတာလဲ နင်ကိုစာသင်ပေးနေတဲ့ဆရာမလေ ဟူးးးးး"
ဟေမာန်တစ်ယောက်စာကြည့်စားပွဲသို့သာဝင်ထိုင်လိုက်ပြီး စာသာလုပ်နေတော့သည်။

မနက်ရောက်သော်
ဒီတစ်ခါလဲဟေမာန်အစောကြီးနိုးနေသည်။
အမေဖြစ်သူကိုလိုက်ရှာတော့ စျေးကပြန်မရောက်သေး သူလဲအပေါ်ထပ်ပြန်ထပ်ပြီးရေချိုးရန်သာပြင်လိုက်သည်။
ရေချိုးပြီးအောက်ထပ်ဆင်းလာတော့ အမေဖြစ်သူကစျေးကပြန်ရောက်နေပြီ။
ဒေါ်ညိုကဟေမာန့်ကိုတွေ့တော့
"ဟိုစားပွဲပေါ်မှာ နင့်အတွက်မုန့်ဝယ်လာတယ် ပြင်ဆင်ပြီးရင် ပန်းကန်နဲ့ထည့်စား"
"ဟုတ် သမီးမှာတဲ့ပန်းဝယ်လာလား"
"ဟိုမှာ ရေပုံးထဲမှာ နှင်းဆီပန်းသုံးပွင့် တစ်ပွင့်သုံးရာ အဲ့မှာသွားရင်ယူသွား"
"ဟင် သုံးပွင့်ထဲ ပိုတောင်မဝယ်လာဘူး အမေကလည်း"
"ဟဲ့ နင့်ပိုက်ဆံနဲ့ အဲ့လောက်ပဲရမှာပေါ့ ငါပိုဝယ်လာရင်နင်ကပြန်ပေးမှာမို့လို့လား ပြီးတော့ဒီပန်းဖိုးလဲနင်ပေးမှာကျနေတာပဲ"
"ဟာ အမေကလဲ"ဆိုပြီးအပေါ်ထပ်တက်သွားသည်။ခနအကြာပြန်ဆင်းလာပြီး မနက်စာစားသည်။နှင်းဆီပန်းကိုင်ပြီးကျောင်းသို့ဆိုင်ကယ်နှင့်သာထွက်သွားတော့သည်။

ကျောင်းရောက်တော့ အခန်းထဲဘယ်သူမှမရောက်သေး ဟေမာန်လဲပြတင်းပေါက်တွေဖွင့်ပြီး
ဘုရားပန်းလဲရန်ပြင်နေသည်။
"ဘုရားပန်းက အကောင်းကြီးရှိသေးတာပဲ ရေလှယ်ပြီးနှင်းဆီပန်းပါတစ်ခါထဲကပ်လိုက်မယ်"

ကျောင်းတက်ခေါင်းလောင်းလဲထိုးပြီ။ဟေမာန်တစ်ယောက်ဖင်တစ်ကြွကြွနဲ့ ဂနာမငြိမ်ဖြစ်နေသည်။အကြောင်းမှာ သူမျှော်နေတဲ့တီချယ်အခုထိရောက်မလာသေးလို့ပင်။ဘုရားတောင်ရှိခိုးပြီးနေပြီ မျှော်နေသူကရောက်မလာသေးပေ။
အခန်းထဲ ဆရာမတစ်ယောက်ရောက်လာပြီး
"မင်းတို့အတန်းပိုင် ကျောင်းလာတာနောက်ကျနေလို့ အဲ့တာသူမလာခင် ဆရာမကအတန်းခနဝင်ထိန်းပေးနေတာ ခနနေမင်းတို့အတန်းပိုင်လာလိမ့်မယ်"
ဟေမာန်လဲအခုမှသက်ပြင်းချတော့သည်။သူမကိုယ်သူမလဲမသိပါ ဘာကြောင့်အခုလိုမျိုးဖြစ်နေတာလဲဆိုတာ။
ဟေမာန်သည် အရှေ့ဆုံးကကောင်မလေးနှစ်ယောက်ကို နေရာလဲထိုင်ရန်အကူညီတောင်းသည်။
"ဟို ဒီကအစ်မနှစ်ယောက်ကိုပြောစရာလေးရှိလို့ပါ ကျွန်မကအဝေးမှုန်မို့လို့ အတန်းလေးလဲထိုင်လို့ရမလားလို့ အဲ့တာခွင့်တောင်းတာပါ"
"ဟာ အတော်ပဲ နေရာလဲချင်နေတာနဲ့ ရတယရတယ်ညီမလေး အရှေ့ဆုံးမှာအပြီးထိုင်လဲဘာမှမဖြစ်ဘူး ကျန်တဲ့သူတွေကလဲ အရှေ့ဆုံးမှာထိုက်ချင်ကြတာမဟုတ်ဘူး အဲ့တော့တစ်ခါထဲထိုင်လိုက်တော့ အဆင်ပြေတယ်မလား ဆရာမမျက်နှာလဲသေချာကြီးမြင်ရလိမ့်မယ်"
"ရှင် ဪ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော်"
ဟေမာန်လဲ သူ့ဘေးကသူငယ်ချင်းသူဇာကျော်ကိုလဲအတူတူထိုင်ဖို့ပြောသည်။
ခနအကြာ အတန်းထဲ ခပ်တည်တည်နှင့် အတန်းပိုင်ဆရာမဝင်လာသည်။
အားလုံးမတ်တပ်ရပ်ပြီးနှုတ်ဆက်ကြသည်။
"မဂ်လာပါဆရာမ"
"မဂ်လာပါ ထိုင်ကြ ဒီနေ့ငါနည်းနည်းနောက်ကျသွားတယ် မနေ့ကပြောတဲ့အတိုင်းလုပ်ကြလား နေရာလှည့်ဖို့ကိုလေ"
"ဟုတ်ကဲ့ လုပ်ထားပါတယ်"ဆိုပြီး အကုန်လုံးပြောကြသည်။
တီချယ်မြင့်တစ်ယောက် သူ့ရှေ့ကဆောင်းဟေမာန်ကိုတစ်ချက်ကြည့်ပြီး စိတ်ထဲ၌ "ဒီကောင်မလေး အရှေ့ရောက်လာတာပဲ"ဆိုပီး အခန်းကိုလှည့်ပတ်ကြည့်သည်။
ဘုရားစင်ကိုကြည့်လိုက်တော့ သူကပ်ထားတဲ့ပန်းအပြင်နှင်းဆီပန်းပါရှိနေသည်ကိုတွေ့တော့
"ဘုရားစင်ကနှင်းဆီပန်းကို ဘယ်သူလှူတာလဲ"ဆိုပြီးမေးသည်။
သူ့အရှေ့မှ ဟေမာန်က လက်ထောက်ပြပြီး
"သမီးလှူတာပါတီချယ်"ဆိုပြီးပြောသည်။
"ဟုတ်လား"ဆိုပြီး စိတ်ထဲမှာတော့ "တော်သားပဲ"ဟုချီးကျူးလိုက်သည်။
.....................
"ကဲ အခုသင်လိုက်တဲ့စာတွေကို နားလည်လား နားလည်တယ်နော်"ဆိုပြီး သူ့ဘာသာမေး သူ့ဘာသာဖြေသွားသည်။ကျောင်းသားတွေလဲကြောင်ပြီးခေါင်းငြိမ့်လိုက်သည်။
တီချယ်မြင့်သည် သူ့စားပွဲတွင်ပြန်ထိုင်ရင်း ကျောင်းသားစာရင်းဖြည့်နေသည်။
ဟေမာန်လဲစာရေးနေရင်း တစ်ချက်မော့ကြည့်လိုက်တော့ တီချယ်နဲ့အကြည့်ချင်းစုံသွားပြီး နှစ်ယောက်သားချက်ချင်းပင် အကြည့်လွဲပြီးကိုယ့်အလုပ်ကိုယ်​​ပြန်လုပ်နေကြသည်။
ဟေမာန်တစ်ယောက်ရှက်ပြီးဘေးက သူဇာကျော်ကိုကြည့်လိုက်တော့ အနောက်ကလူတွေနဲ့ခင်နေကြပြီဖြစ်သည်။ဟေမာန်လဲ အနောက်ကလူတွေနဲ့မိတ်ဆက်ဖို့စကားအစပြုသည်။
"ငါ့နာမည်က ဆောင်းဟေမာန်ပါ ဟေမာန်လို့ခေါ်လဲရပါတယ် ဒီကနှစ်ယောက်ရဲ့နာမည်က"
"ဖူး​​မြတ်သွယ်ပါ"
"အစ်မကတော့ သင်းသင်းပါ"
"ဟုတ်ကဲ့ အဲ့တာဆို ညီမတို့ လေးယောက်သူငယ်ချင်းတွေဖြစ်သွားပြီနော်"
"Okသူငယ်ချင်းတွေဖြစ်သွားပြီ"
ထို့နေ့မှစ၍ သူတို့လေးယောက်သည်သူငယ်ချင်းတွေဖြစ်သွားကြသည်။

?????????????????????Where stories live. Discover now