ဟေမာန်လဲ အိမ်ရောက်တော့ သူ့အခန်းထဲတန်းဝင်သွားပြီး မိုးစိုလာသည့်အဝတ်ကိုလဲနေသည်။
အဝတ်လဲပြီး အောက်ထပ်ဆင်းလာသည်။
"ဟော သမီးလေး ပြန်ရောက်ပြီလား"ဆိုပြီး အမေဖြစ်သူကမေးလိုက်သည်။
"ဟုတ်အမေ ဒါနဲ့ဖေကြီးရော"
"သမီးဖေကြီးအခန်းထဲရှိမှာပေါ့ ဝင်သွားကြည့်လိုက်လေ"
"မကြည့်တော့ပါဘူး သမီးထမင်းစားပြီး စာသွားလုပ်တော့မယ်"
"အေးပါ စားပွဲခုံပေါ်မှာ ကန်စွန်းရွက်ကြော်ထားတယ် ထမင်းကတော့ ပေါင်းအိုးထဲမှာ ခူးပြီးစားလိုက်တော့သမီး"
"ဟုတ် အမေ"ဆိုပြီး ထမင်းစားရန်ပြင်နေသည်။
ထိုအချိန် ဦးအောင်မင်းမာန်အခန်းပြင်ထွက်လာပြီး ဟေမာန်ရှိသည့် ထမင်းစားပွဲခုံနေရာသို့လျှောက်လာသည်။
"သမီး ကျူရှင်ကတောင်ပြန်ရောက်နေပြီလား"
"ဟုတ်"ဆိုပြီး ခပ်ပြတ်ပြတ်ဖြေလိုက်သည်။
"ဪ အေးပါ ပြီးရင်အဖေ့အလန်းထဲခနလာခဲ့အုံး ပြောစရာရှိလို့"ဆိုပြီး အခန်းထဲပြန်ဝင်သွားသည်။
.............................
"ဖေကြီး ဘာပြောမလို့ခေါ်တာလဲ"
"တခြားတော့မဟုတ်ပါဘူး သမီးဆရာမအကြောင်းပါ"
"သမီးဆရာမအကြောင်း ဘာဖြစ်လို့လဲ ဘာတွေထပ်ပြီးလုပ်အုံးမလို့လဲ"
"နေပါအုံးသမီးရယ် စကားကိုဆုံးအောင်နားထောင်ပါအုံး"
"သမီးဆရာမကဘာဖြစ်လို့လဲ"
"အဖေ ညနေက သမီးဆရာမကိုဖုန်းဆက်လိုက်တယ်"
"ဟင် ဘာလုပ်ဖို့လဲ ပြီးတော့ဖုန်းနံပါတ်ကဘယ်ကရတာလဲ"
"ဖုန်းနံပါတ်က သမီးဆေးရုံတက်တဲ့နေ့ကဆရာမက အဖေ့ဆီဖုန်းဆက်တယ်လေ အဲ့တာနဲ့မှတ်ထားလိုက်တာ"
"ဟုတ်ပါပြီ အဲ့တာထားလိုက်ပါ ဘာကိစ္စနဲ့ဖုန်းဆက်တာလဲ"
"အဖေ ပြောပြပါ့မယ်"
"ဟယ်လို ဆရာမလား"
"ဟုတ်ကဲ့ ဘယ်သူလဲမသိဘူးရှင့်"
"ကျွန်တော်ပါ ဆောင်းဟေမာန်ရဲ့အဖေပါ"
"ဪ အင်း ဘာကိစ္စရှိလို့လဲ"
"ကျွန်တော့သမီးကိစ္စပါ"
"ရှင့်သမီးကိစ္စ ဘာလဲ ကျွန်မပါးရိုက်လိုက်လို့လား"
"အဲ့ကိစ္စက ဘယ်လိုဖြစ်လဲကျွန်တော်မသိဘူး ဒါပေမဲ့ အဲ့လောက်ထိတောင် လက်ပါစရာလိုလို့လားဗျာ ဟေမာန်ကဘာလုပ်မိလို့ ရိုက်လိုက်ရတာလဲ"
"ရှင့်သမီးကိုမမေးကြည့်ဘူးလား ဘာလို့ပါးရိုက်လဲဆိုတာ"
"ကျွန်တော်မေးရင်ပြောမှာမဟုတ်လို့ပေါ့ သူကသူ့ဆရာမကိုပဲ ကာကွယ်ပြီးပြောနေမှာလေ အဲ့တာကြောင့် ဖုန်းဆက်ဘိုက်ရတာပါ"
"ကျွန်မလက်ကိုလာထိလို့ ကျွန်မကမထိနဲ့လို့ပြောတယ် ရှင့်သမီးကမရဘူးလေ အဲ့တာကြောင့်ရိုက်လိုက်တာ ဘာသိချင်သေးလဲ"
"ဆရာမရယ် အဲ့လောက်ထိမလိုပါဘူး တော်တော်လူမဆန်တဲ့လုပ်ရပ်ပဲဗျ လက်လဲထိတာပဲဗျာ ဘာဖြစ်သွားမှာမို့လို့လဲ"
"အဟက်းး အခုမှကျွန်မကိုလူမဆန်ဘူးလို့မပြောနဲ့ ကျွန်မပြောခဲ့ပြီးသားပဲ နောက်မှလူမဆန်ဘူးလို့မပြောနဲ့လို့ ဆေးရုံမှာပြောခဲ့တာ မှတ်မိရဲ့လား"
"ကျွန်တော့သမီး ဘယ်လောက်တောင်မှခံစားရမလဲ မတွေးမိဘူးလား ကျွန်တော်တောင်းပန်ပါတယ် သူ့ကိုအဲ့လောက်ထိမလုပ်ပါနဲ့"
"တော်တော်ရီရတာပဲ ရှင်ပဲကျွန်မကို ခါးခါးသီးသီးငြင်းခိုင်းတာမဟုတ်ဘူးလား ပြီးတော့ကျွန်မက မာနကိုဘုရားလိုကိုးကွယ်တဲ့မိန်းမ ကျွန်မကိုလာပြီးမာနမလျှော့ခိုင်းနဲ့ လုံးဝမလျှော့ဘူး"
"ကျွန်တော့အမှားသိလို့တောင်းပန်နေတာပါ"
"ကျွန်မကတော့လုံးဝလျှော့မှာမဟုတ်ဘူး"
"ကောင်းပြီလေ လက်မခံတော့လဲ ကျွန်တော်ဆက်မပြောတော့ဘူး ဒါပေမဲ့ ဆရာမဖက်ကသာဟေမာန့်ကိုချစ်မိမသွားစေနဲ့ မာနကိုသာ အဆုံးအစွန်ထိထားနေလိုက်အဲ့မှာ နောက်ဆုံးတစ်ယောက်ထဲပဲကျန်နေခဲ့မယ်ဆိုတာ မှတ်ထားပေးပါဆရာမ ကျွန်တော့ဖက်ကပြောစရာမရှိတော့ပါဘူး"
"ဟုတ်ကဲ့ ကျွန်မ မှတ် ထား လိုက် ပါ့မယ်ဦးအောင်မင်းမာန် အဲ့တာဆိုကျွန်မဖုန်းချတော့မယ်"
"ကောင်းပါပြီဆရာမ"ဆိုပြီးဖုန်းချသွားသည်။
....................
"အဲ့တာပဲသမီးဟေမာန် အဖေပြန်တောင်းပန်ဖို့ဖုန်းဆက်တာ သမီးဆရာမကလက်မခံဘူးလေ"
"တီချယ်က ဘာလို့အဲ့လောက်ထိမာနကြီးနေရတာလဲအဖေရယ် သမီးအချစ်ကိုအသိအမှတ်ပြုစေချင်ရုံပါတီချယ်ရယ် အဲ့လောက်ထိသမီးအပေါ်ကိုမာနထားနေရတာလဲ"ဆိုပြီး သူ့အဖေကိုငိုပြီးပြောပြနေသည်။
"တိတ်ပါသမီးရယ် သမီးကငယ်ပါသေးတယ် အချစ်ကိုဦးစားမပေးပါနဲ့ ကျောင်းပြီးတဲ့ထိကြိုးစားပါသမီးရယ် အချိန်ကြရင် သမီးအချစ်ကိုလက်ခံမဲ့သူတွေ့လာမှာပါ"ဆိုပြီး ဟေမာန့်ကျောကုန်းကိုအသာအယာပွတ်ပြီးနှစ်သိမ့်ပေးနေသည်။
YOU ARE READING
?????????????????????
Romance?????????????????????? ?????????????????????????????????????????????? ?????????????? ????????????????????????????????????????????????????????????????..?????? ??????????????????????? ??????????????? ?????????????????????????? ????????????????????????...
???????(??)
Start from the beginning
