Uni Code
" အညို... ဘယ်လိုထင်လဲ "
" ဘာကိုလဲ... "
" စောစောက ဦးနေတို့ပြောပြတဲ့
သရဲ အခြောက်ခံရတဲ့ အကြောင်းကိုလေ "
" အဲ့တာကကိုယ်လည်း မပြောတတ်ဘူး
သေချာတာက.. နေမင်းခန့်လိုလူမျိုးက
မဟုတ်တဲ့ အကြောင်းကို အဟုတ်ဆိုပြီး
ဘယ်တော့မှ ပြောလာမှာမဟုတ်တာကိုပဲ "
" အဲ့တာဆိုရင်တော့... စိတ်ညစ်စရာကြီး "
အညိုရောင် မျက်နှာကြီးရှုံ့တွက
ပြောနေတဲ့ အလင်းရောင်ကြောင့်
စိတ်ရှုတ်နေရတဲ့ကြားထဲက ရယ်ဖြစ်သွားသည်။
နောက်ဆုံးတော့လည်း ကလေးက
ကလေးပါပဲလေ။
" အညို... ကျွန်တော် သေးပေါက်ချင်လို့
အိမ်သာလိုက်ခဲ့ပါလား... "
" ကိုယ့်ဘာသာသွားလေ...
အိမ်သာက အေ၀းကြီးလည်း မဟုတ်တာကို "
" အာ... အညိုကလည်း ..
လမ်းမှာ သရဲနဲ့တိုးနေရင်
ဘယ်လိုလုပ်မလဲ "
" အဲ့တာဆိုလည်း မင်္ဂလာပါလို့
နှုတ်ဆက်လိုက်လေ "
" ဟ ... အညိုနော်
ကျွန်တော် ကြောက်ပါတယ်ဆို "
အလင်းရောင်ရဲ့ ရှားရှားပါးပါး
တစ်ကယ် ကြောက်နေသည့်
အမူအယာကြောင့် အညိုရောင်
မျက်ခုံးများ ပင့်သွားရသည်။
မဟုတ်မှ အလင်းရောင်
အတည်ကြီး ကြောက်နေတာလား။
" မင်း အတည်ကြီးကြောက်နေတယ်လိုတော့
ကိုယ့်ကို မပြောနဲ့နော် အလင်းရောင်"
"...... "
" f**k... အတည်ကြီးလား "
အညိုရောင်မှာ အရှေ့က
သူ၏ချစ်သူ့အား မယုံနိုင်စွာ
ကြည့်ရင်း ထပ်မေးမိသည်။
ဘာလို့ဆို သူတစ်ကြိမ်တစ်မျှ အလင်းရောင်
သရဲကြောက်တတ်မည်ဟု မထင်ခဲ့မိ၍ပင်။
ပြောကာမှပဲ အလင်းရောင် သူနှင့်တစ်ခါမျှ
သရဲကားအတူမကြည့်ဖူးကြောင်းပါ
သတိရမိသွားသည်။
" ကျွန်တော် ငယ်ငယ်ထဲက
သရဲကြောက်တတ်တာ... အခုကြီးတဲ့ထိပဲ
အဲ့တာကြောင့် ကျွန်တော်တစ်ခါမှ
သရဲအိမ် ၀င်တာတို့...
သရဲကားကြည့်တာတို့ကို မလုပ်ခဲ့ဖူးဘူး.. "
" အဲ့တာက အဆင်ပြေပါတယ်...
လူတိုင်းမှာ ကိုယ်အထိမခံနိုင်တဲ့
phobia တစ်မျိုးစီ ရှိနိုင်တတ်ကြတာပဲလေ "
အညိုရောင်သူ့အား မ၀ံ့မရဲစိုက်ကြည့်နေတဲ့
အလင်းရောင်ရဲ့ မျက်လုံးထဲတွင်
သူစိတ်ပျက်သွားမှာ စိုးရိမ်နေသည့်
စိုးရိမ်ပူပန်ခြင်းများအား မြင်လိုက်ရသည်ကြောင့်
အညိုရောင်မှာ ကူကယ်ရာမဲ့စွာ
အလင်းရောင် စိတ်သက်သာရာရစေရန်
အဆင်ပြေကြောင်းပြောလိုက်ရသည်။
ဒီကောင်လေး သူတို့တွဲတာပဲ
၄လပြည့်တော့မည်ကို.....
အခုထိသူ့အချစ်တွေကို
မမြင်သေးဘူးလား။ဒါမှမဟုတ်
သူကပဲ ထိုကောင်လေး မြင်အောင်
မပြနိုင်ခဲ့တာလား...။အကယ်၍
ဒုတိယအချက်သာ ဖြစ်နေမယ်ဆိုရင်တော့
သူဒီထပ်ပိုပြီး ဒီကောင်လေးအား
သူ့အချစ်တွေကို မြင်နိုင်အောင်ထိ
ချစ်ပေး ဂရုစိုက်ပေးတော့မည်။
" အညို... ကျွန်တော့်ကို
စိတ်မပျက်ဘူးလား "
" မပျက်ပါဘူး... ဘာလို့ပျက်ရမှာလဲ
ပြီးေတာ့...နောက်လည်း မင်းရဲ့
အားနည်းချက်တွေကို ကိုယ့်အရှေ့
ချပြလည်း အဆင်ပြေတယ်...
ကိုယ်က မင်းအနားမှာ
မင်းဘာပဲဖြစ်ဖြစ် ရှိနေပေးမှာမလို့
မင်းကိုယ့်ကို အကြွင်းမဲ့ယုံလို့ရတယ် "
ထိုအခါ အလင်းရောင်၏ မျက်လုံးများသည်
သူ၏ စကားများကြောင့်လားမသိ
ပျော်ရွှင်နေသည့် အရိပ်အယောင်များ
ထင်ဟပ်လာပြီး ပြုံးရိပ်သန်းလာသည်။
ထို့ကြောင့် အညိုရောင် သူ့စကားများအား
ထပ်ဖြည့်ပြောလိုက်သည်။
" မင်းက ကိုယ်သိပ်ချစ်ရတဲ့
ကောင်လေးဖြစ်နေတာမလို့...
ကိုယ်ဘယ်တော့မှ မင်းကို
တစ်ယောက်တည်း ထားမသွားဘူးဆိုတာယုံ "
" အညိုကဗျာ..... "
အလင်းရောင် အညို့စကားများအား
ဘယ်လိုစကားလုံးများဖြင့်
ပြန်တုန့်ပြန်ရမည်မှန်း
မသိတော့သောကြောင့် အညိုအား
ဆွဲသာဖက်လိုက်မိတော့သည်။
သူထင်ထားသည်ထပ်
အညိုက သူ့အားချစ်ပေးနေလိမ့်မည်ဟု
သူဘယ်တော့မှ မထင်ထားသည်ကြောင့်
သူ့ရင်ထဲပြောပြမတတ်အောင်ကို
ကြည်နူးနေရကာ ရင်ခုန်နှုန်းများကလည်း
အမြင့်ဆုံးထိကို မြင့်တက်နေသည်။
" ကျွန်တော် အညို့ကို အရမ်းချစ်တာပဲ "
" အင်း... ကိုယ်လည်းမင်းကို
ပြောမပြတတ်အောင်ကို ချစ်တယ် "
" ဟင်း....အညိုကတော့ ကျွန်တော့်ကို
နမ်းချင်အောင် လုပ်နေတော့တာပဲ "
အလင်းရောင် အညို့အား
ဖက်ထားနေရာမှ ခွာကာ
အညို့နှုတ်ခမ်းများအား စိုက်ကြည့်ရင်း
သက်ပြင်းချကာ ပြောလာသည်။
" ဟေ့... အဲ့တာတော့မဖြစ်ဘူးနော်
ကိုယ်တို့ အခုလျှောက်လမ်းကြီးမှာ...
တစ်ယောက်ယောက်က အချိန်မရွေး
ဖြတ်သွားနိုင်တယ် "
" အင်းပါ... ကျွန်တော်သိပါတယ် "
" သိတယ်ဆိုရင်လည်း....အဲ့အတွေးတွေကို
ဆက်တွေးမနေဘဲ ၀ဲလိုက်တော့ "
" ဟုတ်ကဲ့ပါ ခင်ဗျာ... "
" ဒါဆိုလည်း အိမ်သာသွားကြမယ်...
အခန်းထဲမှာ ဟိုနှစ်ယောက်ပဲ ကျန်ခဲ့တာဆိုတော့...
ကြာနေရင် မကောင်းဘူး "
အညို့စကားကြောင့် အလင်းရောင်၏
အပျော်များနှင့် ပြည့်နှက်နေတဲ့မျက်နှာမှာ
ချက်ချင်းကို မဲ့ကြသွားလေသည်။
" ဘာလို့မကောင်းရမှာလဲ..
ဟိုနှစ်ယောက်ဖြင့် အခုလောက်ဆို
သာယာနေလောက်ပြီကို... အထူးသဖြင့်
ဟိုကောင် ဟန်ဆက်သာ.. သူက
ကျွန်တော်တို့မရှိလေ
ပိုကောင်းလေပဲလို့တွေးနေတာ "
အညိုရောင် သူ့အရှေ့က
ကောင်လေး၏ ကလေးဆန်ဆန်
စကားကြောင့် ... သဘောတကျဖြင့်
ရယ်မိတော့သည်။
" သေချာတယ်... သူတို့အခုတော့
အဲ့လိုမျိုးတွေးနိုင်မှာ မဟုတ်ဘူး..
နေမင်းခန့်ရဲ့ အခြေအနေက
အိုမှ အိုကေမနေတာ "
" အဲ့တာလည်း... ဟုတ်သားပဲနော် "
" ဟုတ်သားပဲ မနေနဲ့...
သွားမယ်...လာ... "
" Yeap Sir "
...................................................................
ညလယ်လောက် ရောက်သည့်အခါ
ချမ်းစိမ့်စိမ့် ဖြစ်လာသောကြောင့်
အလင်းရောင် သူ့ဘေးမှ စောင်အားဆွဲကာ
တစ်ကိုယ်လုံး လုံသည်အထိ
ဆွဲခြုံထားလိုက်ပြီး တစ်ဖန်
ပြန်အိပ်ရန်ပြင်လိုက်သည်။သို့သော်
သူပြန်အိပ်ပျော်ခါနီးတွင် တစ်ဖန်
ချမ်းစိမ့်စိမ့် အအေးဒဏ်က
ပြန်ရလာတာကြောင့် အလင်းရောင်
မျက်မှောင်ကျုံ့လိုက်မိသည်။
သူအခုေလးတင်ပဲ
စောင်အသေအချာခြုံလိုက်တာကို
အဘယ်ကြောင့် ပြန်အေးလာရပါသနည်း။
မဟုတ်မှ အရမ်းအေးနေလို့
စောင်ခြုံနေရဲ့သားနဲ့ မနွေးလာတာလား။
ဒါနဲ့ နေပါဦး သူ့ခန္ဓာကိုယ်ပေါ်မှာ
စောင်ခြုံထားတဲ့ အထိအတွေ့မျိုးကို
သူ ဘာလို့မရ ရတာလဲ။
အလင်းရောင် ထိုအတွေးကြောင့်
အိပ်ချင်နေတဲ့ မျက်လုံးများအား
ဆတ်ခနဲ ဖွင့်ကာ သူ့ခန္ဓာကိုယ်ပေါ်တွင်
စောင်ရှိမရှိ စစ်ဆေးလိုက်ရာ
သူထင်သည့်အတိုင်းပင် စောင်ကရှိမနေပေ။
နေပါဦး... စောင်က ဘယ်လိုလုပ်
အောက်ရောက်သွားတာလဲ...
အစောကလေးတင် ကျိန်းသေပေါက်
သေချာခြုံထားတာကို။ ပြီးတော့လည်း
သူကိုယ်တိုင်က အအိပ်ကြမ်းတဲ့
သူမျိုးမှမဟုတ်တာ။
ထိုအတွေးများကြောင့်
အလင်းရောင် သံသယအနည်းငယ်
၀င်လာပြီး အိပ်ချင်စိတ်များပြေသွားကာ
ချက်ချင်း ထထိုင်လိုက်ပြီး
ခြင်ထောင်အပြင်ကနေ ဘေးဘီ၀ဲယာအား
လှမ်းကြည့်လိုက်သည်။
ထို့နောက် သံသယဖြစ်စရာဟူ၍
ဘာကိုမျှ မတွေ့တာကြောင့်
သူ့၏ သံသယများလည်း လျှင်မြန်စွာပင်
့ပြန်ပျောက်သွားရသည်။ထို့ကြောင့်
ထွေထွေထူးထူး ဘာကိုမှ ဆက်တွေးမနေတော့ဘဲ စောင်ပြန်ခြုံကာ ပြန်အိပ်ရင် ပြင်လိုက်သည်။
သို့သော် သူလှဲပြီးမကြာ သူ့၏ စောင်မှာ
ခန္ဓာကိုယ်မှ အောက်သို့ တစ်ဖြည်းဖြည်းချင်း
လျှောကျသွားကြောင်း ခံစားလိုက်ရသည်။
စောင်က ဘာလို့တစ်ယောက်ယောက်
ဆွဲနေသလိုမျိုး အောက်ကို
လျှောကျသွားရတာလဲ။မဟုတ်မှ...။
အလင်းရောင် သူတွေးလိုက်မိတဲ့
ထိုထိတ်လန့်ဖွယ်အတွေးကြောင့်
အလန့်တကြားဖြစ်သွားကာ
ပြတင်းပေါက်မှ ၀င်လာသည့်
လေရာင်၏ အလင်းဖြင့်
စောင်၏ အဆုံးအား ရင်တထိတ်ထိတ်နဲ့
ကြည့်လိုက်မိသည်။ထို့နောက်။
" အား......... "
စောင်၏ အဆုံးအား ဆုပ်ကိုင်ထားသည့်
ပြတင်းပေါက်မှတစ်ဆင့် ၀င်လာသည့်
ရာဘာလက် သဖွယ် ဖြစ်နေသည့်
လက်အရှည်မဲမဲကြီးအား
မြင်လိုက်ရသဖြင့် အလင်းရောင်မှာ
လန့်ဖျတ်သွားကာ အလန့်တကြား
ထအော်မိတော့သည်။
သူ၏ အော်သံကြောင့် အခန်းထဲတွင်ရှိနေသော်
ကျန်သောသုံးယောက်မှလည်း နိုးလာကာ
အထိတ်တလန့်ဖြင့် မီးတွေထဖွင့်တော့သည်။
" အလင်းရောင်... ဘာဖြစ်တာလဲ "
အညိုရောင်မှာ မီးလင်းလင်းချင်း
မြင်လိုက်ရသည့် အလင်းရောင်၏
ဖြူဖျော့နေသည့် မျက်နှာနဲ့
တုန်ယင်နေသည့် ခန္ဓာကိုယ်ကြောင့်
စိတ်ပူသွားရကာ အလင်းရောင်အား
ဆွဲဖက်လိုက်သည်။
" အစောက အဲ့... အဲ့နားမှာ လက်မဲမဲကြီးရှိတယ်...
အဲ့... အဲ့..လက်မဲမဲကြီးက ရာဘာလိုပဲ
ရှည်... ရှည်ရှည်ကြီး ...
ဒါပင်မဲ့... အခုမရှိတော့ဘူး "
အလင်းရောင်မှာ ဘယ်လောက်တောင်
လန့်ဖျတ်သွားသည်မသိ...တစ်ခါမျှ
စကားမထစ်ဖူးသည့် သူက
စကားတွေ ထစ်နေကာ..
သူ့အားလည်း လွတ်ထွက်သွားမှာ
စိုးသည်အလား တင်းတင်းကြပ်ကြပ်
ဆွဲဖက်ထားရင်း ထိုစကားများအား
ပြောလာသည္။
တစ်ဖက်က နေမင်းခန့်မှာလား
အလင်းရောင်၏ ထိုဖြစ်အင်ကို ကြားပြီး မျက်နှာများ တစ်ဖန်ဖြူဖျော့လာကာ
အလင်းယောင်နည်းတူ တစ်ကိုယ်လုံး
တုန်ယင်လာတာကြောင့် ဟန်ဆက်သာမှာ
အနောက်ကနေ သိုင်းဖက်ထားရသည်။
အညိုရောင်မှာလည်း ထိုတစ်ကိုယ်လုံး
တုန်ယင်ကာ ကြောက်နေသည့်
အလင်းရောင်အား ဖက်ထားရင်း
စိတ်မကောင်း ဖြစ်နေမိသည်။
သူသာ မခေါ်လာရင် အလင်းေရာင်
ထိုကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။
" ဘာမှ မဖြစ်တော့ဘူးနော်
ကိုယ်ရှိတယ်....
ကိုယ်က အလင်းရောင်ကို
ကာကွယ်ပေးမှာမို့လို့....
မကြောက်နဲ့တော့နော် "
" ဦးJack... ဘယ်လိုလုပ်ကြမလဲ "
ဟန်ဆက်သာမှာလည်း
ဦးငယ်၏ ဖြူဖျော့နေသည့်
မျက်နှာကြောင့် စိတ်ပူပန်နေရပြီး
မတော်တဆ ဦးငယ် တအားလန့်ပြီး
မေ့လဲသွားမှာကို ကြောက်နေရသည်။
ဒီမှာက သူသိသလောက်
ဆေးရုံဆေးခန်းက အရမ်းေ၀းသည်လေ။
" ဘယ်လိုလုပ် .... "
ဒေါက်... ဒေါက်... ဒေါက်....
အညိုရောင်၏ စကားမဆုံးခင်
ရုတ်ချည်း ထွက်လာသည့်
တံခါးခေါက်သံကြောင့်
နေမင်းခန့်နဲ့ အလင်းရောင်၏
မျက်နှာမှာ စောစောကထပ်
နှစ်ဆလောက် ထပ်ဖြူဖျော့သွားရသည်။
ဒေါက်... ဒေါက်... ဒေါက်...
" အထဲမှာ အဆင်ပြေကြရဲ့လား
ဦးလေးက ဒီညနေမှ
ဘေးအခန်းကိုရောက်လာတာပါ...
စောစောက ဒီအခန်းကနေ
အော်သံကြားလိုက်လို့ တစ်ခုခု ဖြစ်နေမှာစိုးလို့...
ဦးလေး လာမေးတာပါ "
အပြင်ကနေ ထိုစကားထွက်လာတော့မှ
နေမင်းခန့်နဲ့ အလင်းရောင်မှာ
သူတို့ထင်ထားသလိုမျိုး မဟုတ်မှန်းသိသွား၍
အနည်းငယ် မျက်နှာအရောင်ပြန်ကျသွားလေသည်။
" ဟုတ်ကဲ့... ဦးလေး
ခဏလေးနော် ကျွန်တော်တို့
အခုပဲ... တံခါးလာဖွင့်ပေးမယ် "
အလင်းရောင်ကို ဖက်ထားသည့်လက်အား
အညိုရောင် လွှတ်လိုက်ကာ
တံခါးဖွင့်ပေးရန်ထလိုက်သော်လည်း
အလင်းရောင်မှ သူ့အား ပြန်ဆွဲဖက်လာပြီး
ထခွင့်မပေးပေ။
ထိုအခြင်းအရာကြောင့် အညိုရောင်မှာ
ပို၍ပင် စိတ်မကောင်းဖြစ်သွားရကာ
ထဖို့ လုပ်မနေတော့ဘဲ အလင်းရောင်အား
ပြန်ဖက်လိုက်ကာ ဟန်ဆက်သာအား
သွားဖွင့်ပေးရန် ပြောလိုက်သည်။
အဘယ့်ကြောင့်ဆို နေမင်းခန့်မှာ
အလင်းရောင်ထပ်စာရင် အခြေအနေ အနည်းငယ်
ပိုကောင်းနေသေးသည် မဟုတ်လား ။
" ဟန်ဆက်သာ... မင်းပဲ
သွားဖွင့်ပေးလိုက်ပါလားကွာ...
မင်းမြင်တဲ့အတိုင်း အလင်းရောင်က
အရမ်းလန့်နေတယ် "
တစ်ကယ်လည်း အလင်းရောင်ရဲ့
အခြေအနေက ဦးငယ်ထပ် ပိုဆိုးနေတာကြောင့်
ဟန်ဆက်သာ သဘောတူကြောင်း
ခေါင်းညှိတ်ပြလိုက်သည်။
" ဦးငယ်... ကျွန်တော်
တံခါးသွားဖွင့်ပေးမလို့...
တစ်ယောက်တည်း ခဏလောက်
နေလို့ရမလားဟင် "
" အင်း... ရတယ် "
ဟန်ဆက်သာ ဦးငယ်၏
သဘောတူချက်ရသည်နှင့်
ချက်ချင်းထကာ တံခါးသွားဖွင့်ပေးလိုက်ပြီး
အထဲသို့ ၀င်ခိုင်းလိုက်သည်။
ထို့နောက် ထိုဦးလေးကြီးအား
ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ကာ
ထိုဦးလေးကြီးကလည်း သူတို့အား
ဒီအခန်းမှာ ဆက်မနေတော့ဘဲ
ဦးဇင်းများရှိသည့် ကျောင်းပေါ်သို့သာ
သွားရန် အကြံပေးလာတာကြောင့်
ထိုအကြံအား သူတို့လက်ခံလိုက်သည်။
ထို့နောက် ထိုဦးလေးကြီးလည်း
ဟန်ဆက်သာတို့၏ ဖြစ်အင်ကြောင့်
သူ၏ အခန်းသို့ မပြန်တော့ဘဲ
သူတို့နှင့်အတူသာ ကျောင်းပေါ်သို့
တစ်ခါတည်း လိုက်ခဲ့လေသည်။
ကျောင်းပေါ်သို့ ရောက်သောအခါ
အခုထိ မကျိန်းစက်သေးဘဲ
တရားထိုင်နေသည့် ဘဘုန်းကြီးအား
မြင်လိုက်ရသောကြောင့်
အညိုရောင် ပျော်သွားရသည်။
ထို့နောက် ဘဘုန်းကြီးအား
သူတို့ကြုံတွေ့ခဲ့သည့်များအား
ပြောပြကာ ဒီတစ်ညတာအတွက်
ကျောင်းပေါ်မှာပေးနေခွင့်ပေးဖို့
ခွင့်တောင်းလိုက်ပြီး အညိုရောင်တို့အုပ်စု
တစ်ညလုံး ကျောင်းပေါ်တွင်သာ ထိုင်ရင်း
ကုန်ဆုံးခဲ့ကြသည်။
" ဘဘုန်း ဒါဆို တပည့်တော်တို့
ပြန်တော့မယ်နော်....
နောက်အချိန်ရမှပဲ တပည့်တော်
ထပ်လာခဲ့ပါ့မယ် "
" အေးကွယ်.... ဘုန်းဘုန်းလည်း
ညကဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက်
တစ်ကယ် စိတ်မကောင်းပါဘူး..."
" ရပါတယ်.... ဘုရား "
" အေးအေး...ဒါဆိုလည်း နေမပူခင်
ထွက်ကြတော့... "
" တင်ပါ့ ဘုရား..."
အညိုရောင် ဘဘုန်းကြီးအား
နှုတ်ဆက်ပြီးတာနှင့် ထိုနေရာမှ
ချက်ချင်းထွက်လာလိုက်ပြီး
ရန်ကုန်သို့ မနားတမ်းမောင်းခဲ့တော့သည်။
အဘယ်ကြောင့်ဆို အလင်းရောင်မှာ
ညကတည်းက အဖျားတွေတက်လာကာ
လန့်ဖျား ဖျားနေ၍ပင်။
_____________________________
အညိုရောင် အလင်းရောင်
အိပ်ပျော်သည်အထိ
စောင့်ပြီးမှ အခန်းအပြင်သို့
ထွက်လာလိုက်သည်။ ထိုအခါ
ဘေးအခန်းမှ ထွက်လာသော
ဟန်ဆက်သာ နဲ့ဆုံလေသည်။
" ဘယ်လိုလဲ... ဦးJack
အလင်းရောင် အဆင်ပြေရဲ့လား "
" အွန်း .... ပြေပါတယ်...
အဖျားတော့ နည်းနည်းကျသွားပြီ ..
နေမင်းခန့် ရော .... "
" ဦးငယ်လည်း... အဆင်ပြေပါတယ်
အခုတောင် ဗိုက်ဆာတယ်ဆိုလို့
ခေါက်ဆွဲပြုတ်လာပြုတ်ပေးတာ "
" တော်သေးတာပေါ့ ... "
" ဒါနဲ့လေ ဦးJack... ကျွန်တော်မေးမလို့
အဲ့သရဲက အရင်တည်းက
ကျောင်းမှာရှိတာလား... "
ဟန်ဆက်သာ ထိုမေးခွန်းအား
တစ်ကယ်ကို အရမ်းသိချင်နေတာကြောင့်
အနားတွင် ဦးငယ်နဲ့ အလင်းရောင်မရှိသည်အား
အခွင့်ကောင်း ယူကာ ဦးJack အားမေးလိုက်သည်။
" ဘယ်ကသာ.... အဲ့ဘုန်းကြီးသရဲက
လွန်ခဲ့တဲ့ ၄လလောက်ကမှ သေတာ...
သူသေသွားတည်းက မကျွတ်မှန်းသိပင်မဲ့
တမင် မနှင်တာတဲ့... အဲ့သရဲက
ကျောင်းကိုလည်း တအားချစ်ပြီး..
အရမ်းလည်း သဘောကောင်းတော့
မနှောင့်ယှက်လောက်ဘူးထင်လို့တဲ့လေ..
နောက်တစ်ချက်က အဲ့သရဲ မသေခင်က....
သူ သေသွားလို့ ...မကျွတ်မလွတ်
ဖြစ်သွားရင် မနှင်ပါနဲ့ဆိုပြီး... မှာထားလို့တဲ့....
ပြီးတော့ အရင်က အဲ့လိုမခြောက်ဘူးတဲ့..
အခုမှ ခြောက်လာတာတဲ့...
အဆိုးဆုံးခြောက်တာတော့ မနေ့ကပေါ့ကွာ..
အခုတော့ ဘဘုန်းကြီးက နှင်တော့မယ်ပြောတယ်"
" နှင်မှလည်း ရမှာလေ... မဟုတ်ရင်
လူတွေ လန့်သေကုန်လိမ့်မယ် "
" အမှန်ဘဲ... "
" အညို.... "
" ကိုယ် ... ဒီမှာရှိတယ် "
အခန်းထဲကနေ မတိုးမကျယ်ထွက်လာတဲ့
ခပ်နွမ်းနွမ်း အသံကြောင့်
အညိုရောင် ဟန်ဆက်သာအား
မျက်နှာရိပ် မျက်နှာကဲ ပြကာ
အခန်းထဲသို့ ပြန်၀င်လာလိုက်သည်။
" ဘယ်သွားနေတာလဲ အညို "
" ကိုယ် အခန်းအပြင်
ခဏထွက်နေတာ ... "
" မထွက်နဲ့... ကျွန်တော့်အနားမှာလာအိပ် "
ရှားရှားပါးပါး မချွဲစဖူး
ချွဲလာတဲ့ အလင်းရောင်ကြောင့်
အညိုရောင် ကူကယ်ရာမဲ့စွာ
နှုတ်ခမ်းကိုက်လိုက်မိသည်။
သူကောင်လေးက ဆွဲဆောင်မှုအား
ပြင်းရုံတင်မဟုတ်ဘဲ..ဒီလိုလည်း
ချစ်ဖို့ကောင်းသေးတာလား။
" လာလေ... "
" အိုကေ အိုကေ... ကိုယ်လာပြီ "
အညိုရောင် ကုတင်ပေါ်သို့တက်လိုက်ပြီး
အလင်းရောင်သဘောကျ
အလင်းရောင်ဘေးတွင် ၀င်လှဲလိုက်သည်။
ထို့နောက် အညို့ရောင် ရင်ခွင်အတွင်းသို့
အချွဲ mood ၀င်နေတဲ့ ကောင်ငယ်လေးက
ခေါင်းတိုးလာတာကြောင့် အညိုရောင်
အသည်းတယားယားဖြစ်နေသည်။
အလင်းရောင် ဖျားသွားတာလည်း
တစ်မျိုးတော့ ကောင်းသား မဟုတ်ရင်
သူ.. အလင်းရောင်၏ အခုလိုပုံစံအား
သူ မြင်ရမည် မဟုတ်ပေ။
" ဘယ်လိုလဲ... ကိုယ့်ကလေးလေး
နေရတာ အဆင်ပြေရဲ့လား "
" ခေါင်းတော့ နည်းနည်း မူးသေးတယ်
ဒါပင်မဲ့... အဲ့တာက အညိုကို
ဖက်အိပ်လိုက်ရင် ပျောက်သွားမှာ "
" ဟား.... အတတ်လေးကွာ.... "
" ကျွန်တော်... တစ်ကယ်ပြောနေတာ "
" အင်းပါ... ကိုယ်သိပါတယ်...
အခုတော့ အိပ်တော့...
ခေါင်းမူးနေတယ်မလား "
" ဟုတ်... "
" အဲ့ဒါဆို....အိပ်တော့နော် "
" အညို နမ်းမှ အိပ်မှာ "
" ဟင်... ဘာလို့လဲ .... "
" အညို နမ်းမှ ကျွန်တော့်ရဲ့
အိပ်မက်တွေက လှမှာမလို့... "
" ဒီကလေးလေးနဲ့တော့ကွာ..
ကိုယ် တစ်ကယ်ရူးတော့မှာပဲ "
အညိုရောင် ထိုစကားများအား
ကူကယ်ရာမဲ့စွာ ပြောရင်း
ရင်ခွင်ထဲက ကောင်လေး၏စိတ်တိုင်းကျ
နှဖူးအား အနမ်းခြွေချလိုက်သည်။
ထို့နောက်ကောင်လေးအား ခပ်ဖွဖွဖက်ရင်း
သူပါ ကောင်လေးနဲ့အတူ အိပ်ရန်
မျက်လုံးများ မှိတ်ထားလိုက်သည်။
...................................................
" အယ်... ဦးငယ် ဘာလို့
ထွက်လာတာလဲ "
ခေါက်ဆွဲအိုးကို စောင့်နေတုန်း
မီးဖိုခန်းထဲ ၀င်လာသည့်
ဦးငယ်ကြောင့် ဟန်ဆက်သာ
မျက်မှောင်ကျုံ့လိုက်မိပြီး
ဦးငယ်အနားသို့ ကပ်သွားလိုက်သည်။
" အခန်းထဲနေရတာ ... ပျင်းလို့ "
" ပျင်းလည်း...နေတာမဟုတ်ဘူး
လူကဖြင့် အခုထိ အသားရောင်
မကောင်းသေးတာကို "
မျက်မှောင်ကြီး ကျုံ့ကာပြောနေတဲ့
ဟန်ဆက်၏ ပုံစံမှာ မသိရင်
ဖအေက စကားနားမထောင်တဲ့
သားအား ဆူနေသကဲ့သို့ပင်။
" ဘာလဲ... ဟန်ဆက်က
ကိုယ့်အဖေလား "
" မဟုတ်ဘူး... ကျွန်တော်က
ဦးငယ် ယောကျာ်း "
ပြောလိုက်သူက ဘယ်လိုမှ
မနေသော်လည်း ကြားလိုက်ရသူကတော့
ပါးနှစ်ဖက် ပူတက်လာသည်အထိ
ရှက်သွားရသည်။သူသည် ဆယ်ကျော်သက်အရွယ်
အပျိုဖြန်းလေး မဟုတ်ပါဘဲနဲ့
အမြဲတမ်း ဟန်ဆက်ကြောင့်နဲ့ ထိုကဲ့သို့
ခဏခဏ ရှက်သွေးဖြာရသည်။
" ခေါက်ဆွဲပြုတ် မရသေးဘူးလား "
" မရသေးဘူး...
စကားလမ်းကြောင်း မလွှဲနဲ့ ဦးငယ် "
" ကိုယ် ဘယ်မှာလွှဲနေလို့ "
" လွှဲနေတယ်လေ အခုပဲ.... "
" ဘယ်မှာ လွှဲလို့လဲ "
" အဲ့တာဆိုပြော ကျွန်တော့်ကို
ဦးငယ်ရဲ့ ယောကျာ်းအဖြစ်
လက်ခံမှာလား... "
" ဟမ်.... "
ကြားလိုက်ရတဲ့ မယုံကြည်နိုင်ဖွယ်ရာ
စကားကြောင့် နေမင်းခန့် စိတ်လှုတ်ရှားလာရပြီး
ခြေဖျားလက်ဖျားတွေပါ အေးစက်လာရသည်။
" ကျွန်တော်ပြောတာက
ဦးငယ် ကျွန်တော့်ကို
လက်ထပ်ခွင့်ပေးမှာလား "
" မင်း အခုကိုယ့်ကို
လက်ထပ်ခွင့်တောင်းနေတာလား "
" ဟုတ်တယ် ...
ကျွန်တော် ဦးငယ်ကို
လပ်ထပ်ခွင့်တောင်းနေတာ "
" ဘာလို့လဲ... "
" ဘာကိုလည်း "
" ကိုယ်က မိန်းကလေးမဟုတ်ဘူးလေ "
ဟုတ်တယ်မလား။ မိန်းကလေးမဟုတ်တဲ့
ယောကျာ်းလေးဖြစ်တဲ့သူ့ကို
လက္ထပ်ခွင့်တောင်းစရာမလိုဘူးမလား။
လက်ထပ်ခွင့်တောင်းတယ်ဆိုတာက
လက်ထပ်လို့ရတဲ့သူတွေပဲ လုပ်သင့်တယ်အရာလေ။
နေမင်းခန့်ထိုသို့ တွေးလိုက်မိသည်အခါ
ပထမဆုံး အကြိမ်အဖြစ်
ယောကျာ်းလေးဖြစ်နေမှုအပေါ်
အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားရသည်။
" မိန်းကလေး မဟုတ်တာနဲ့
ကျွန်တော် လက်ထပ်ခွင့်တောင်းတာက
ဘာဆိုင်လို့လဲ "
" ဆိုင်တာပေါ့...
ကိုယ်ကယောကျာ်းလေးဖြစ်နေတော့
ပုံမှန်စုံတွဲတွေလို မင်းနဲ့အတူ
မင်္ဂလာပွဲ လုပ်လို့မရဘူးလေ...
ဒီနိုင်ငံမှာ လိင်တူကြိုက်တဲ့သူတွေကို
လက်ထပ်ခွင့်မှမပေးထားတာ "
" ဦးငယ် အတွေးတွေ များလွန်းနေပြီ...
ဦးငယ် အဓိကတွေးရမှာက ..
ဦးငယ်ရဲ့ကျန်တဲ့ ဘ၀တစ်လျှောက်လုံးကို
ကျွန်တော်နဲ့ အတူလက်တွဲပြီး
ဖြတ်သန်းချင် မသန်းချင်ကိုပဲ "
"....... "
" ဘယ်လိုလည်း ဦးငယ်...
ဦးငယ်ရဲ့ကျန်တဲ့
ဘ၀တစ်လျှောက်လုံးကို
ကျွန်တော်နဲ့ ဖြတ်သန်းချင်လား "
"...... "
မျက်၀န်းများအား စိုက်ကြည့်ရင်း
လေးလေးနက်မေးလာတဲ့
ဟန်ဆက်ရဲ့ မေးခွန်းကြောင့် နေမင်းခန့်
ရင်တွေ အတိုင်းအဆမသိ
အခုန်မြန်နေကာ ဒီအခိုက်အတန့်က
သူများတွေ ပြောသလိုမျိုး ကမ္ဘာကြီးတစ်ခုလုံး
ရပ်တန့်သွားနေသကဲ့သို့ပင်။
အခုချိန် စိတ်အလိုလိုက်ပြီး
ဆုံးဖြတ်ချက် ချသင့်လား၊မချသင့်လား
ဆိုတာကို သူမသိတော့ပင်မဲ့
သူသိသည့်တစ်ခုတည်းသော အရာကတော့
သူ့အရှေ့က ကောင်လေးနဲ့အတူ
သူ့ရဲ့ ဘ၀တစ်ခုလုံးကို
ကုန်ဆုံးချင်တယ် ဆိုတာပါပဲ ။
" ဘာလဲ... ဦးငယ်က
ကျွန်တော်နဲ့ အတူ
မဖြတ်သန်းချင်ဘူးလား "
" ဖြတ်သန်းချင်တယ် "
" အဲ့ဒါဆို ကျန်တာ... ဘာမှမတွေးနဲ့
ကျွန်တော် အကုန်စီစဥ္မယ်..
ဒီနိုင်ငံမှာ တရား၀င်
လက်ထပ်ခွင့်မရဘူးဆိုရင်
ရတဲ့နိုင်ငံထိ သွားပြီး ...
ဦးငယ်ကို ကျွန်တော် လက်ထပ်မယ် "
"........ "
" ဟင်လို့... ဦးငယ်
မောင့်ကို လက်ထပ်မှာလား "
ခါးသွယ်သွယ်အား ပွေ့ဖက်လာတဲ့
သန်မာလှတဲ့ လက်တစ်စုံကြောင့်
နှစ်ယောက်သားရဲ့ ခန္ဓာကိုယ်ဟာ
ပူးကပ်သွားရပြီး မျက်နှာနှစ်ခုလည်း
တစ်ယောက်မျက်နှာ တစ်ယောက်
ရှင်းရှင်းလင်းလင်း မြင်ရသည်အထိ
နီးကပ်လာရသည်။
နေမင်းခန့် ညှို့အားပြင်းလွန်းလှတဲ့
ဟန်ဆက်သာရဲ့ ကျော့ကွင်းကနေ
မလွတ်နိုင်တော့မယ်အတူတူ
အလွယ်တကူ လက်မြှောက်
အရှုံးပေးရန်သာ ရည်စူးလိုက်သည်။
ထို့ကြောင့်။
" ဘာလဲ... ကျွန်တော်
မဟုတ်တော့ဘူးလား "
" ဟင့်အင်း... အခုချိန်ကစပြီး
မောင်လို့ပဲ ပြောတော့မှာ "
နေမင်းခန့် အရမ်းလည်လွန်းလှသည့်
ဟန်ဆက်ကြောင့် ကူကယ်ရာမဲ့စွာဖြင့်
ရယ်ရုံသာ တတ်နိုင်တော့သည်။
" ဟင်လို့... ဦးငယ်...
ဦးငယ် မောင့်ကိုလက်ထပ်မှာလား "
နေမင်းခန့် ဒီတစ်ခါတော့
ဟန်ဆက်၏ အဖြေအားအလေးအနက်
ပြန်ဖြေပေးချင်တာကြောင့်
ဟန်ဆက်၏ မျက်လုံးများအား
အလေးအနက်စိုက်ကြည့်ကာ
ဟန်ဆက်သိပ်ကိုမှ သဘောကျတတ်သည့်
သူ့၏ ပါးချိုင့်များအား ပေါ်အောင်ပြုံးရင်း သေသေချာချာ ပြန်ဖြေလိုက်သည်။
" အင်း.... ကိုယ်သိပ်ချစ်ရတဲ့ မောင့်ကို
ကိုယ် လက်ထပ်မယ်... "
အချစ်ဆိုတဲ့ အရာက
ဘာဆိုတာကို သူအခုထိသေချာ
အဓိပ္ပာယ် မဖွင့်နိုင်သေးပင်မဲ့
မောင့်ရဲ့နှလုံးသားကိုတော့ သူယုံသည်။
မောင့်ကိုတွေ့တိုင်း နွေးသွားတတ်သည့်
သူ့၏ နှလုံးသားကိုလည်း သူယုံသည်။
မောင်နဲ့အတူလည်း
ဘ၀ဆိုတဲ့ ပြဇာတ်ခုံမှာ တေးသွား
လှလှလေးတစ်ပုဒ် ကပြချင်သေးသည်။
ထို့ကြောင့် နောင်တရလား မရလား
မသေချာသည့် အနာဂတ်တစ်ခုအား
မောင့်ကြောင့် သူလက်ခံခဲ့ပါသည်။
.........................The End....................
Zawgyi Code
အခ်ပ္ပို-(၄)
" အညို... ဘယ္လိုထင္လဲ "
" ဘာကိုလဲ... "
" ေစာေစာက ၪီးေနတို႔ေျပာျပတဲ့
သရဲ အေျခာက္ခံရတဲ့ အေၾကာင္းကိုေလ "
" အဲ့တာကကိုယ္လည္း မေျပာတတ္ဘူး
ေသခ်ာတာက.. ေနမင္းခန္႔လိုလူမ်ိဳးက
မဟုတ္တဲ့ အေၾကာင္းကို အဟုတ္ဆိုၿပီး
ဘယ္ေတာ့မွ ေျပာလာမွာမဟုတ္တာကိုပဲ "
" အဲ့တာဆိုရင္ေတာ့... စိတ္ညစ္စရာႀကီး "
အညိုေရာင္ မ်က္ႏွာႀကီးရႈံ႔တြက
ေျပာေနတဲ့ အလင္းေရာင္ေၾကာင့္
စိတ္ရႈတ္ေနရတဲ့ၾကားထဲက ရယ္ျဖစ္သြားသည္။
ေနာက္ဆံုးေတာ့လည္း ကေလးက
ကေလးပါပဲေလ။
" အညို... ကြၽန္ေတာ္ ေသးေပါက္ခ်င္လို႔
အိမ္သာလိုက္ခဲ့ပါလား... "
" ကိုယ့္ဘာသာသြားေလ...
အိမ္သာက အေဝးႀကီးလည္း မဟုတ္တာကို "
" အာ... အညိုကလည္း ..
လမ္းမွာ သရဲနဲ႔တိုးေနရင္
ဘယ္လိုလုပ္မလဲ "
" အဲ့တာဆိုလည္း မဂၤလာပါလို႔
ႏႈတ္ဆက္လိုက္ေလ "
" ဟ ... အညိုေနာ္
ကြၽန္ေတာ္ ေၾကာက္ပါတယ္ဆို "
အလင္းေရာင္ရဲ့ ရွားရွားပါးပါး
တစ္ကယ္ ေၾကာက္ေနသည့္
အမူအယာေၾကာင့္ အညိုေရာင္
မ်က္ခံုးမ်ား ပင့္သြားရသည္။
မဟုတ္မွ အလင္းေရာင္
အတည္ႀကီး ေၾကာက္ေနတာလား။
" မင္း အတည္ႀကီးေၾကာက္ေနတယ္လိုေတာ့
ကိုယ့္ကို မေျပာနဲ႔ေနာ္ အလင္းေရာင္"
"...... "
" f**k... အတည္ႀကီးလား "
အညိုေရာင္မွာ အေရ႔ွက
သူ၏ခ်စ္သူ႔အား မယံုႏိုင္စြာ
ၾကည့္ရင္း ထပ္ေမးမိသည္။
ဘာလို႔ဆို သူတစ္ႀကိမ္တစ္မ်ွ အလင္းေရာင္
သရဲေၾကာက္တတ္မည္ဟု မထင္ခဲ့မိ၍ပင္။
ေျပာကာမွပဲ အလင္းေရာင္ သူႏွင့္တစ္ခါမ်ွ
သရဲကားအတူမၾကည့္ဖူးေၾကာင္းပါ
သတိရမိသြားသည္။
" ကြၽန္ေတာ္ ငယ္ငယ္ထဲက
သရဲေၾကာက္တတ္တာ... အခုႀကီးတဲ့ထိပဲ
အဲ့တာေၾကာင့္ ကြၽန္ေတာ္တစ္ခါမွ
သရဲအိမ္ ၀င္တာတို႔...
သရဲကားၾကည့္တာတို႔ကို မလုပ္ခဲ့ဖူးဘူး.. "
" အဲ့တာက အဆင္ေျပပါတယ္...
လူတိုင္းမွာ ကိုယ္အထိမခံႏိုင္တဲ့
phobia တစ္မ်ိဳးစီ ရိွႏိုင္တတ္ၾကတာပဲေလ "
အညိုေရာင္သူ႔အား မဝံ့မရဲစိုက္ၾကည့္ေနတဲ့
အလင္းေရာင္ရဲ့ မ်က္လံုးထဲတြင္
သူစိတ္ပ်က္သြားမွာ စိုးရိမ္ေနသည့္
စိုးရိမ္ပူပန္ျခင္းမ်ားအား ျမင္လိုက္ရသည္ေၾကာင့္
အညိုေရာင္မွာ ကူကယ္ရာမဲ့စြာ
အလင္းေရာင္ စိတ္သက္သာရာရေစရန္
အဆင္ေျပၾကောင္းေျပာလိုက္ရသည္။
ဒီေကာင္ေလး သူတို႔တြဲတာပဲ
၄လျပည့္ေတာ့မည္ကို.....
အခုထိသူ႔အခ်စ္ေတြကို
မျမင္ေသးဘူးလား။ဒါမွမဟုတ္
သူကပဲ ထိုေကာင္ေလး ျမင္ေအာင္
မျပႏိုင္ခဲ့တာလား...။အကယ္၍
ဒုတိယအခ်က္သာ ျဖစ္ေနမယ္ဆိုရင္ေတာ့
သူဒီထပ္ပိုၿပီး ဒီေကာင္ေလးအား
သူ႔အခ်စ္ေတြကို ျမင္ႏိုင္ေအာင္ထိ
ခ်စ္ေပး ဂရုစိုက္ေပးေတာ့မည္။
" အညို... ကြၽန္ေတာ့္ကို
စိတ္မပ်က္ဘူးလား "
" မပ်က္ပါဘူး... ဘာလို႔ပ်က္ရမွာလဲ
ၿပီးေတာ့...ေနာက္လည္း မင္းရဲ့
အားနည္းခ်က္ေတြကို ကိုယ့္အေရ႔ွ
ခ်ျပလည္း အဆင္ေျပတယ္...
ကိုယ္က မင္းအနားမွာ
မင္းဘာပဲျဖစ္ျဖစ္ ရိွေနေပးမွာမလို႔
မင္းကိုယ့္ကို အႂကြင္းမဲ့ယံုလို႔ရတယ္ "
ထိုအခါ အလင္းေရာင္၏ မ်က္လံုးမ်ားသည္
သူ၏ စကားမ်ားေၾကာင့္လားမသိ
ေပ်ာ္ရႊင္ေနသည့္ အရိပ္အေယာင္မ်ား
ထင္ဟပ္လာၿပီး ၿပံဳးရိပ္သန္းလာသည္။
ထို႔ေၾကာင့္ အညိုေရာင္ သူ႔စကားမ်ားအား
ထပ္ျဖည့္ေျပာလိုက္သည္။
" မင္းက ကိုယ္သိပ္ခ်စ္ရတဲ့
ေကာင္ေလးျဖစ္ေနတာမလို႔...
ကိုယ္ဘယ္ေတာ့မွ မင္းကို
တစ္ေယာက္တည္း ထားမသြားဘူးဆိုတာယံု "
" အညိုကဗ်ာ..... "
အလင္းေရာင္ အညို႔စကားမ်ားအား
ဘယ္လိုစကားလံုးမ်ားျဖင့္
ျပန္တုန္႔ျပန္ရမည္မွန္း
မသိေတာ့ေသာေၾကာင့္ အညိုအား
ဆြဲသာဖက္လိုက္မိေတာ့သည္။
သူထင္ထားသည္ထပ္
အညိုက သူ႔အားခ်စ္ေပးေနလိမ့္မည္ဟု
သူဘယ္ေတာ့မွ မထင္ထားသည္ေၾကာင့္
သူ႔ရင္ထဲေျပာျပမတတ္ေအာင္ကို
ၾကည္ႏူးေနရကာ ရင္ခုန္ႏႈန္းမ်ားကလည္း
အျမင့္ဆံုးထိကို ျမင့္တက္ေနသည္။
" ကြၽန္ေတာ္ အညို႔ကို အရမ္းခ်စ္တာပဲ "
" အင္း... ကိုယ္လည္းမင္းကို
ေျပာမျပတတ္ေအာင္ကို ခ်စ္တယ္ "
" ဟင္း....အညိုကေတာ့ ကြၽန္ေတာ့္ကို
နမ္းခ်င္ေအာင္ လုပ္ေနေတာ့တာပဲ "
အလင္းေရာင္ အညို႔အား
ဖက္ထားေနရာမွ ခြာကာ
အညို႔ႏႈတ္ခမ္းမ်ားအား စိုက္ၾကည့္ရင္း
သက္ျပင္းခ်ကာ ေျပာလာသည္။
" ေဟ့... အဲ့တာေတာ့မျဖစ္ဘူးေနာ္
ကိုယ္တို႔ အခုေလ်ွာက္လမ္းႀကီးမွာ...
တစ္ေယာက္ေယာက္က အခ်ိန္မေရြး
ျဖတ္သြားႏိုင္တယ္ "
" အင္းပါ... ကြၽန္ေတာ္သိပါတယ္ "
" သိတယ္ဆိုရင္လည္း....အဲ့အေတြးေတြကို
ဆက္ေတြးမေနဘဲ ဝဲလိုက္ေတာ့ "
" ဟုတ္ကဲ့ပါ ခင္ဗ်ာ... "
" ဒါဆိုလည္း အိမ္သာသြားၾကမယ္...
အခန္းထဲမွာ ဟိုႏွစ္ေယာက္ပဲ က်န္ခဲ့တာဆိုေတာ့...
ၾကာေနရင္ မေကာင္းဘူး "
အညို႔စကားေၾကာင့္ အလင္းေရာင္၏
အေပ်ာ္မ်ားႏွင့္ ျပည့္ႏွက္ေနတဲ့မ်က္ႏွာမွာ
ခ်က္ခ်င္းကို မဲ့ၾကသြားေလသည္။
" ဘာလို႔မေကာင္းရမွာလဲ..
ဟိုႏွစ္ေယာက္ျဖင့္ အခုေလာက္ဆို
သာယာေနေလာက္ၿပီကို... အထူးသျဖင့္
ဟိုေကာင္ ဟန္ဆက္သာ.. သူက
ကြၽန္ေတာ္တို႔မရိွေလ
ပိုေကာင္းေလပဲလို႔ေတြးေနတာ "
အညိုေရာင္ သူ႔အေရ႔ွက
ေကာင္ေလး၏ ကေလးဆန္ဆန္
စကားေၾကာင့္ ... သေဘာတက်ျဖင့္
ရယ္မိေတာ့သည္။
" ေသခ်ာတယ္... သူတို႔အခုေတာ့
အဲ့လိုမ်ိဳးေတြးႏိုင္မွာ မဟုတ္ဘူး..
ေနမင္းခန္႔ရဲ့ အေျခအေနက
အိုမွ အိုေကမေနတာ "
" အဲ့တာလည္း... ဟုတ္သားပဲေနာ္ "
" ဟုတ္သားပဲ မေနနဲ႔...
သြားမယ္...လာ... "
" Yeap Sir "
...................................................................
ညလယ္ေလာက္ ေရာက္သည့္အခါ
ခ်မ္းစိမ့္စိမ့္ ျဖစ္လာေသာေၾကာင့္
အလင္းေရာင္ သူ႔ေဘးမွ ေစာင္အားဆြဲကာ
တစ္ကိုယ္လံုး လံုသည္အထိ
ဆြဲၿခံဳထားလိုက္ၿပီး တစ္ဖန္
ျပန္အိပ္ရန္ျပင္လိုက္သည္။သို႔ေသာ္
သူျပန္အိပ္ေပ်ာ္ခါနီးတြင္ တစ္ဖန္
ခ်မ္းစိမ့္စိမ့္ အေအးဒဏ္က
ျပန္ရလာတာေၾကာင့္ အလင္းေရာင္
မ်က္ေမွာင္က်ံဳ႔လိုက္မိသည္။
သူအခုေလးတင္ပဲ
ေစာင္အေသအခ်ာၿခံဳလိုက္တာကို
အဘယ္ေၾကာင့္ ျပန္ေအးလာရပါသနည္း။
မဟုတ္မွ အရမ္းေအးေနလို႔
ေစာင္ၿခံဳေနရဲ့သားနဲ႔ မေနြးလာတာလား။
ဒါနဲ႔ ေနပါၪီး သူ႔ခႏၶာကိုယ္ေပၚမွာ
ေစာင္ၿခံဳထားတဲ့ အထိအေတြ့မ်ိဳးကို
သူ ဘာလို႔မရ ရတာလဲ။
အလင္းေရာင္ ထိုအေတြးေၾကာင့္
အိပ္ခ်င္ေနတဲ့ မ်က္လံုးမ်ားအား
ဆတ္ခနဲ ဖြင့္ကာ သူ႔ခႏၶာကိုယ္ေပၚတြင္
ေစာင္ရိွမရိွ စစ္ေဆးလိုက္ရာ
သူထင္သည့္အတိုင္းပင္ ေစာင္ကရိွမေနေပ။
ေနပါၪီး... ေစာင္က ဘယ္လိုလုပ္
ေအာက္ေရာက္သြားတာလဲ...
အေစာကေလးတင္ က်ိန္းေသေပါက္
ေသခ်ာၿခံဳထားတာကို။ ၿပီးေတာ့လည္း
သူကိုယ္တိုင္က အအိပ္ၾကမ္းတဲ့
သူမ်ိဳးမွမဟုတ္တာ။
ထိုအေတြးမ်ားေၾကာင့္
အလင္းေရာင္ သံသယအနည္းငယ္
၀င္လာၿပီး အိပ္ခ်င္စိတ္မ်ားေျပသြားကာ
ခ်က္ခ်င္း ထထိုင္လိုက္ၿပီး
ျခင္ေထာင္အျပင္ကေန ေဘးဘီဝဲယာအား
လွမ္းၾကည့္လိုက္သည္။
ထို႔ေနာက္ သံသယျဖစ္စရာဟူ၍
ဘာကိုမ်ွ မေတြ့တာေၾကာင့္
သူ႔၏ သံသယမ်ားလည္း လ်ွင္ျမန္စြာပင္
့ျပန္ေပ်ာက္သြားရသည္။ထို႔ေၾကာင့္
ေထြေထြထူးထူး ဘာကိုမွ ဆက္ေတြးမေနေတာ့ဘဲ ေစာင္ျပန္ၿခံဳကာ ျပန္အိပ္ရင္ ျပင္လိုက္သည္။
သို႔ေသာ္ သူလွဲၿပီးမၾကာ သူ႔၏ ေစာင္မွာ
ခႏၶာကိုယ္မွ ေအာက္သို႔ တစ္ျဖည္းျဖည္းခ်င္း
ေလ်ွာက်သြားေၾကာင္း ခံစားလိုက္ရသည္။
ေစာင္က ဘာလို႔တစ္ေယာက္ေယာက္
ဆြဲေနသလိုမ်ိဳး ေအာက္ကို
ေလ်ွာက်သြားရတာလဲ။မဟုတ္မွ...။
အလင္းေရာင္ သူေတြးလိုက္မိတဲ့
ထိုထိတ္လန္႔ဖြယ္အေတြးေၾကာင့္
အလန္႔တၾကားျဖစ္သြားကာ
ျပတင္းေပါက္မွ ၀င္လာသည့္
လေရာင္၏ အလင္းျဖင့္
ေစာင္၏ အဆံုးအား ရင္တထိတ္ထိတ္နဲ႔
ၾကည့္လိုက္မိသည္။ထို႔ေနာက္။
" အား......... "
ေစာင္၏ အဆံုးအား ဆုပ္ကိုင္ထားသည့္
ျပတင္းေပါက္မွတစ္ဆင့္ ၀င္လာသည့္
ရာဘာလက္ သဖြယ္ ျဖစ္ေနသည့္
လက္အရွည္မဲမဲႀကီးအား
ျမင္လိုက္ရသျဖင့္ အလင္းေရာင္မွာ
လန္႔ဖ်တ္သြားကာ အလန္႔တၾကား
ထေအာ္မိေတာ့သည္။
သူ၏ ေအာ္သံေၾကာင့္ အခန္းထဲတြင္ရိွေနေသာ္
က်န္ေသာသံုးေယာက္မွလည္း ႏိုးလာကာ
အထိတ္တလန္႔ျဖင့္ မီးေတြထဖြင့္ေတာ့သည္။
" အလင္းေရာင္... ဘာျဖစ္တာလဲ "
အညိုေရာင္မွာ မီးလင္းလင္းခ်င္း
ျမင္လိုက္ရသည့္ အလင္းေရာင္၏
ျဖဴေဖ်ာ့ေနသည့္ မ်က္ႏွာနဲ႔
တုန္ယင္ေနသည့္ ခႏၶာကိုယ္ေၾကာင့္
စိတ္ပူသြားရကာ အလင္းေရာင္အား
ဆြဲဖက္လိုက္သည္။
" အေစာက အဲ့... အဲ့နားမွာ လက္မဲမဲႀကီးရိွတယ္...
အဲ့... အဲ့..လက္မဲမဲႀကီးက ရာဘာလိုပဲ
ရွည္... ရွည္ရွည္ႀကီး ...
ဒါပင္မဲ့... အခုမရိွေတာ့ဘူး "
အလင္းေရာင္မွာ ဘယ္ေလာက္ေတာင္
လန္႔ဖ်တ္သြားသည္မသိ...တစ္ခါမ်ွ
စကားမထစ္ဖူးသည့္ သူက
စကားေတြ ထစ္ေနကာ..
သူ႔အားလည္း လြတ္ထြက္သြားမွာ
စိုးသည္အလား တင္းတင္းၾကပ္ၾကပ္
ဆြဲဖက္ထားရင္း ထိုစကားမ်ားအား
ေျပာလာသည္။
တစ္ဖက္က ေနမင္းခန္႔မွာလား
အလင္းေရာင္၏ ထိုျဖစ္အင္ကို ၾကားၿပီး မ်က္ႏွာမ်ား တစ္ဖန္ျဖဴေဖ်ာ့လာကာ
အလင္းေယာင္နည္းတူ တစ္ကိုယ္လံုး
တုန္ယင္လာတာေၾကာင့္ ဟန္ဆက္သာမွာ
အေနာက္ကေန သိုင္းဖက္ထားရသည္။
အညိုေရာင္မွာလည္း ထိုတစ္ကိုယ္လံုး
တုန္ယင္ကာ ေၾကာက္ေနသည့္
အလင္းေရာင္အား ဖက္ထားရင္း
စိတ္မေကာင္း ျဖစ္ေနမိသည္။
သူသာ မေခၚလာရင္ အလင္းေရာင္
ထိုကဲ့သို႔ ျဖစ္လာမည္ မဟုတ္ေပ။
" ဘာမွ မျဖစ္ေတာ့ဘူးေနာ္
ကိုယ္ရိွတယ္....
ကိုယ္က အလင္းေရာင္ကို
ကာကြယ္ေပးမွာမို႔လို႔....
မေၾကာက္နဲ႔ေတာ့ေနာ္ "
" ၪီးJack... ဘယ္လိုလုပ္ၾကမလဲ "
ဟန္ဆက္သာမွာလည္း
ၪီးငယ္၏ ျဖဴေဖ်ာ့ေနသည့္
မ်က္ႏွာေၾကာင့္ စိတ္ပူပန္ေနရၿပီး
မေတာ္တဆ ၪီးငယ္ တအားလန္႔ၿပီး
ေမ့လဲသြားမွာကို ေၾကာက္ေနရသည္။
ဒီမွာက သူသိသေလာက္
ေဆးရံုေဆးခန္းက အရမ္းေဝးသည္ေလ။
" ဘယ္လိုလုပ္ .... "
ေဒါက္... ေဒါက္... ေဒါက္....
အညိုေရာင္၏ စကားမဆံုးခင္
ရုတ္ခ်ည္း ထြက္လာသည့္
တံခါးေခါက္သံေၾကာင့္
ေနမင္းခန္႔နဲ႔ အလင္းေရာင္၏
မ်က္ႏွာမွာ ေစာေစာကထပ္
ႏွစ္ဆေလာက္ ထပ္ျဖဴေဖ်ာ့သြားရသည္။
ေဒါက္... ေဒါက္... ေဒါက္...
" အထဲမွာ အဆင္ေျပၾကရဲ့လား
ၪီးေလးက ဒီညေနမွ
ေဘးအခန္းကိုေရာက္လာတာပါ...
ေစာေစာက ဒီအခန္းကေန
ေအာ္သံၾကားလိုက္လို႔ တစ္ခုခု ျဖစ္ေနမွာစိုးလို႔...
ၪီးေလး လာေမးတာပါ "
အျပင္ကေန ထိုစကားထြက္လာေတာ့မွ
ေနမင္းခန္႔နဲ႔ အလင္းေရာင္မွာ
သူတို႔ထင္ထားသလိုမ်ိဳး မဟုတ္မွန္းသိသြား၍
အနည္းငယ္ မ်က္ႏွာအေရာင္ျပန္က်သြားေလသည္။
" ဟုတ္ကဲ့... ၪီးေလး
ခဏေလးေနာ္ ကြၽန္ေတာ္တို႔
အခုပဲ... တံခါးလာဖြင့္ေပးမယ္ "
အလင္းေရာင္ကို ဖက္ထားသည့္လက္အား
အညိုေရာင္ လႊတ္လိုက္ကာ
တံခါးဖြင့္ေပးရန္ထလိုက္ေသာ္လည္း
အလင္းေရာင္မွ သူ႔အား ျပန္ဆြဲဖက္လာၿပီး
ထခြင့္မေပးေပ။
ထိုအျခင္းအရာေၾကာင့္ အညိုေရာင္မွာ
ပို၍ပင္ စိတ္မေကာင္းျဖစ္သြားရကာ
ထဖို႔ လုပ္မေနေတာ့ဘဲ အလင္းေရာင္အား
ျပန္ဖက္လိုက္ကာ ဟန္ဆက္သာအား
သြားဖြင့္ေပးရန္ ေျပာလိုက္သည္။
အဘယ့္ေၾကာင့္ဆို ေနမင္းခန္႔မွာ
အလင္းေရာင္ထပ္စာရင္ အေျခအေန အနည္းငယ္
ပိုေကာင္းေနေသးသည္ မဟုတ္လား ။
" ဟန္ဆက္သာ... မင္းပဲ
သြားဖြင့္ေပးလိုက္ပါလားကြာ...
မင္းျမင္တဲ့အတိုင္း အလင္းေရာင္က
အရမ္းလန္႔ေနတယ္ "
တစ္ကယ္လည္း အလင္းေရာင္ရဲ့
အေျခအေနက ၪီးငယ္ထပ္ ပိုဆိုးေနတာေၾကာင့္
ဟန္ဆက္သာ သေဘာတူေၾကာင္း
ေခါင္းၫွိတ္ျပလိုက္သည္။
" ၪီးငယ္... ကြၽန္ေတာ္
တံခါးသြားဖြင့္ေပးမလို႔...
တစ္ေယာက္တည္း ခဏေလာက္
ေနလို႔ရမလားဟင္ "
" အင္း... ရတယ္ "
ဟန္ဆက္သာ ၪီးငယ္၏
သေဘာတူခ်က္ရသည္ႏွင့္
ခ်က္ခ်င္းထကာ တံခါးသြားဖြင့္ေပးလိုက္ၿပီး
အထဲသို႔ ၀င္ခိုင္းလိုက္သည္။
ထို႔ေနာက္ ထိုၪီးေလးႀကီးအား
ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပလိုက္ကာ
ထိုၪီးေလးႀကီးကလည္း သူတို႔အား
ဒီအခန္းမွာ ဆက္မေနေတာ့ဘဲ
ၪီးဇင္းမ်ားရိွသည့္ ေက်ာင္းေပၚသို႔သာ
သြားရန္ အႀကံေပးလာတာေၾကာင့္
ထိုအႀကံအား သူတို႔လက္ခံလိုက္သည္။
ထို႔ေနာက္ ထိုၪီးေလးႀကီးလည္း
ဟန္ဆက္သာတို႔၏ ျဖစ္အင္ေၾကာင့္
သူ၏ အခန္းသို႔ မျပန္ေတာ့ဘဲ
သူတို႔ႏွင့္အတူသာ ေက်ာင္းေပၚသို႔
တစ္ခါတည္း လိုက္ခဲ့ေလသည္။
ေက်ာင္းေပၚသို႔ ေရာက္ေသာအခါ
အခုထိ မက်ိန္းစက္ေသးဘဲ
တရားထိုင္ေနသည့္ ဘဘုန္းႀကီးအား
ျမင္လိုက္ရေသာေၾကာင့္
အညိုေရာင္ ေပ်ာ္သြားရသည္။
ထို႔ေနာက္ ဘဘုန္းႀကီးအား
သူတို႔ႀကံဳေတြ့ခဲ့သည့္မ်ားအား
ေျပာျပကာ ဒီတစ္ညတာအတြက္
ေက်ာင္းေပၚမွာေပးေနခြင့္ေပးဖို႔
ခြင့္ေတာင္းလိုက္ၿပီး အညိုေရာင္တို႔အုပ္စု
တစ္ညလံုး ေက်ာင္းေပၚတြင္သာ ထိုင္ရင္း
ကုန္ဆံုးခဲ့ၾကသည္။
" ဘဘုန္း ဒါဆို တပည့္ေတာ္တို႔
ျပန္ေတာ့မယ္ေနာ္....
ေနာက္အခ်ိန္ရမွပဲ တပည့္ေတာ္
ထပ္လာခဲ့ပါ့မယ္ "
" ေအးကြယ္.... ဘုန္းဘုန္းလည္း
ညကျဖစ္ခဲ့တဲ့ ကိစၥေတြအတြက္
တစ္ကယ္ စိတ္မေကာင္းပါဘူး..."
" ရပါတယ္.... ဘုရား "
" ေအးေအး...ဒါဆိုလည္း ေနမပူခင္
ထြက္ၾကေတာ့... "
" တင္ပါ့ ဘုရား..."
အညိုေရာင္ ဘဘုန္းႀကီးအား
ႏႈတ္ဆက္ၿပီးတာႏွင့္ ထိုေနရာမွ
ခ်က္ခ်င္းထြက္လာလိုက္ၿပီး
ရန္ကုန္သို႔ မနားတမ္းေမာင္းခဲ့ေတာ့သည္။
အဘယ္ေၾကာင့္ဆို အလင္းေရာင္မွာ
ညကတည္းက အဖ်ားေတြတက္လာကာ
လန္႔ဖ်ား ဖ်ားေန၍ပင္။
_____________________________
အညိုေရာင္ အလင္းေရာင္
အိပ္ေပ်ာ္သည္အထိ
ေစာင့္ၿပီးမွ အခန္းအျပင္သို႔
ထြက္လာလိုက္သည္။ ထိုအခါ
ေဘးအခန္းမွ ထြက္လာေသာ
ဟန္ဆက္သာ နဲ႔ဆံုေလသည္။
" ဘယ္လိုလဲ... ၪီးJack
အလင္းေရာင္ အဆင္ေျပရဲ့လား "
" အြန္း .... ေျပပါတယ္...
အဖ်ားေတာ့ နည္းနည္းက်သြားၿပီ ..
ေနမင္းခန္႔ ေရာ .... "
" ၪီးငယ္လည္း... အဆင္ေျပပါတယ္
အခုေတာင္ ဗိုက္ဆာတယ္ဆိုလို႔
ေခါက္ဆြဲျပဳတ္လာျပဳတ္ေပးတာ "
" ေတာ္ေသးတာေပါ့ ... "
" ဒါနဲ႔ေလ ၪီးJack... ကြၽန္ေတာ္ေမးမလို႔
အဲ့သရဲက အရင္တည္းက
ေက်ာင္းမွာရိွတာလား... "
ဟန္ဆက္သာ ထိုေမးခြန္းအား
တစ္ကယ္ကို အရမ္းသိခ်င္ေနတာေၾကာင့္
အနားတြင္ ၪီးငယ္နဲ႔ အလင္းေရာင္မရိွသည္အား
အခြင့္ေကာင္း ယူကာ ၪီးJack အားေမးလိုက္သည္။
" ဘယ္ကသာ.... အဲ့ဘုန္းႀကီးသရဲက
လြန္ခဲ့တဲ့ ၄လေလာက္ကမွ ေသတာ...
သူေသသြားတည္းက မကြၽတ္မွန္းသိပင္မဲ့
တမင္ မႏွင္တာတဲ့... အဲ့သရဲက
ေက်ာင္းကိုလည္း တအားခ်စ္ၿပီး..
အရမ္းလည္း သေဘာေကာင္းေတာ့
မေနွာင့္ယွက္ေလာက္ဘူးထင္လို႔တဲ့ေလ..
ေနာက္တစ္ခ်က္က အဲ့သရဲ မေသခင္က....
သူ ေသသြားလို႔ ...မကြၽတ္မလြတ္
ျဖစ္သြားရင္ မႏွင္ပါနဲ႔ဆိုၿပီး... မွာထားလို႔တဲ့....
ၿပီးေတာ့ အရင္က အဲ့လိုမေျခာက္ဘူးတဲ့..
အခုမွ ေျခာက္လာတာတဲ့...
အဆိုးဆံုးေျခာက္တာေတာ့ မေန့ကေပါ့ကြာ..
အခုေတာ့ ဘဘုန္းႀကီးက ႏွင္ေတာ့မယ္ေျပာတယ္"
" ႏွင္မွလည္း ရမွာေလ... မဟုတ္ရင္
လူေတြ လန္႔ေသကုန္လိမ့္မယ္ "
" အမွန္ဘဲ... "
" အညို.... "
" ကိုယ္ ... ဒီမွာရိွတယ္ "
အခန္းထဲကေန မတိုးမက်ယ္ထြက္လာတဲ့
ခပ္ႏြမ္းႏြမ္း အသံေၾကာင့္
အညိုေရာင္ ဟန္ဆက္သာအား
မ်က္ႏွာရိပ္ မ်က္ႏွာကဲ ျပကာ
အခန္းထဲသို႔ ျပန္၀င္လာလိုက္သည္။
" ဘယ္သြားေနတာလဲ အညို "
" ကိုယ္ အခန္းအျပင္
ခဏထြက္ေနတာ ... "
" မထြက္နဲ႔... ကြၽန္ေတာ့္အနားမွာလာအိပ္ "
ရွားရွားပါးပါး မခြၽဲစဖူး
ခြၽဲလာတဲ့ အလင္းေရာင္ေၾကာင့္
အညိုေရာင္ ကူကယ္ရာမဲ့စြာ
ႏႈတ္ခမ္းကိုက္လိုက္မိသည္။
သူေကာင္ေလးက ဆြဲေဆာင္မႈအား
ျပင္းရံုတင္မဟုတ္ဘဲ..ဒီလိုလည္း
ခ်စ္ဖို႔ေကာင္းေသးတာလား။
" လာေလ... "
" အိုေက အိုေက... ကိုယ္လာၿပီ "
အညိုေရာင္ ကုတင္ေပၚသို႔တက္လိုက္ၿပီး
အလင္းေရာင္သေဘာက်
အလင္းေရာင္ေဘးတြင္ ၀င္လွဲလိုက္သည္။
ထို႔ေနာက္ အညို႔ေရာင္ ရင္ခြင္အတြင္းသို႔
အခြၽဲ mood ၀င္ေနတဲ့ ေကာင္ငယ္ေလးက
ေခါင္းတိုးလာတာေၾကာင့္ အညိုေရာင္
အသည္းတယားယားျဖစ္ေနသည္။
အလင္းေရာင္ ဖ်ားသြားတာလည္း
တစ္မ်ိဳးေတာ့ ေကာင္းသား မဟုတ္ရင္
သူ.. အလင္းေရာင္၏ အခုလိုပံုစံအား
သူ ျမင္ရမည္ မဟုတ္ေပ။
" ဘယ္လိုလဲ... ကိုယ့္ကေလးေလး
ေနရတာ အဆင္ေျပရဲ့လား "
" ေခါင္းေတာ့ နည္းနည္း မူးေသးတယ္
ဒါပင္မဲ့... အဲ့တာက အညိုကို
ဖက္အိပ္လိုက္ရင္ ေပ်ာက္သြားမွာ "
" ဟား.... အတတ္ေလးကြာ.... "
" ကြၽန္ေတာ္... တစ္ကယ္ေျပာေနတာ "
" အင္းပါ... ကိုယ္သိပါတယ္...
အခုေတာ့ အိပ္ေတာ့...
ေခါင္းမူးေနတယ္မလား "
" ဟုတ္... "
" အဲ့ဒါဆို....အိပ္ေတာ့ေနာ္ "
" အညို နမ္းမွ အိပ္မွာ "
" ဟင္... ဘာလို႔လဲ .... "
" အညို နမ္းမွ ကြၽန္ေတာ့္ရဲ့
အိပ္မက္ေတြက လွမွာမလို႔... "
" ဒီကေလးေလးနဲ႔ေတာ့ကြာ..
ကိုယ္ တစ္ကယ္ရူးေတာ့မွာပဲ "
အညိုေရာင္ ထိုစကားမ်ားအား
ကူကယ္ရာမဲ့စြာ ေျပာရင္း
ရင္ခြင္ထဲက ေကာင္ေလး၏စိတ္တိုင္းက်
ႏွဖူးအား အနမ္းေႁခြခ်လိုက္သည္။
ထို႔ေနာက္ေကာင္ေလးအား ခပ္ဖြဖြဖက္ရင္း
သူပါ ေကာင္ေလးနဲ႔အတူ အိပ္ရန္
မ်က္လံုးမ်ား မိွတ္ထားလိုက္သည္။
...................................................
" အယ္... ၪီးငယ္ ဘာလို႔
ထြက္လာတာလဲ "
ေခါက္ဆြဲအိုးကို ေစာင့္ေနတုန္း
မီးဖိုခန္းထဲ ၀င္လာသည့္
ၪီးငယ္ေၾကာင့္ ဟန္ဆက္သာ
မ်က္ေမွာင္က်ံဳ႔လိုက္မိၿပီး
ၪီးငယ္အနားသို႔ ကပ္သြားလိုက္သည္။
" အခန္းထဲေနရတာ ... ပ်င္းလို႔ "
" ပ်င္းလည္း...ေနတာမဟုတ္ဘူး
လူကျဖင့္ အခုထိ အသားေရာင္
မေကာင္းေသးတာကို "
မ်က္ေမွာင္ႀကီး က်ံဳ႔ကာေျပာေနတဲ့
ဟန္ဆက္၏ ပံုစံမွာ မသိရင္
ဖေအက စကားနားမေထာင္တဲ့
သားအား ဆူေနသကဲ့သို႔ပင္။
" ဘာလဲ... ဟန္ဆက္က
ကိုယ့္အေဖလား "
" မဟုတ္ဘူး... ကြၽန္ေတာ္က
ၪီးငယ္ ေယာက်ာ္း "
ေျပာလိုက္သူက ဘယ္လိုမွ
မေနေသာ္လည္း ၾကားလိုက္ရသူကေတာ့
ပါးႏွစ္ဖက္ ပူတက္လာသည္အထိ
ရွက္သြားရသည္။သူသည္ ဆယ္ေက်ာ္သက္အရြယ္
အပ်ိဳျဖန္းေလး မဟုတ္ပါဘဲနဲ႔
အၿမဲတမ္း ဟန္ဆက္ေၾကာင့္နဲ႔ ထိုကဲ့သို႔
ခဏခဏ ရွက္ေသြးျဖာရသည္။
" ေခါက္ဆြဲျပဳတ္ မရေသးဘူးလား "
" မရေသးဘူး...
စကားလမ္းေၾကာင္း မလႊဲနဲ႔ ၪီးငယ္ "
" ကိုယ္ ဘယ္မွာလႊဲေနလို႔ "
" လႊဲေနတယ္ေလ အခုပဲ.... "
" ဘယ္မွာ လႊဲလို႔လဲ "
" အဲ့တာဆိုေျပာ ကြၽန္ေတာ့္ကို
ၪီးငယ္ရဲ့ ေယာက်ာ္းအျဖစ္
လက္ခံမွာလား... "
" ဟမ္.... "
ၾကားလိုက္ရတဲ့ မယံုၾကည္ႏိုင္ဖြယ္ရာ
စကားေၾကာင့္ ေနမင္းခန္႔ စိတ္လႈတ္ရွားလာရၿပီး
ေျခဖ်ားလက္ဖ်ားေတြပါ ေအးစက္လာရသည္။
" ကြၽန္ေတာ္ေျပာတာက
ၪီးငယ္ ကြၽန္ေတာ့္ကို
လက္ထပ္ခြင့္ေပးမွာလား "
" မင္း အခုကိုယ့္ကို
လက္ထပ္ခြင့္ေတာင္းေနတာလား "
" ဟုတ္တယ္ ...
ကြၽန္ေတာ္ ၪီးငယ္ကို
လပ္ထပ္ခြင့္ေတာင္းေနတာ "
" ဘာလို႔လဲ... "
" ဘာကိုလည္း "
" ကိုယ္က မိန္းကေလးမဟုတ္ဘူးေလ "
ဟုတ္တယ္မလား။ မိန္းကေလးမဟုတ္တဲ့
ေယာက်ာ္းေလးျဖစ္တဲ့သူ႔ကို
လကၴပ္ခြင့္ေတာင္းစရာမလိုဘူးမလား။
လက္ထပ္ခြင့္ေတာင္းတယ္ဆိုတာက
လက္ထပ္လို႔ရတဲ့သူေတြပဲ လုပ္သင့္တယ္အရာေလ။
ေနမင္းခန္႔ထိုသို႔ ေတြးလိုက္မိသည္အခါ
ပထမဆံုး အႀကိမ္အျဖစ္
ေယာက်ာ္းေလးျဖစ္ေနမႈအေပၚ
အနည္းငယ္ေတာ့ စိတ္မေကာင္းျဖစ္သြားရသည္။
" မိန္းကေလး မဟုတ္တာနဲ႔
ကြၽန္ေတာ္ လက္ထပ္ခြင့္ေတာင္းတာက
ဘာဆိုင္လို႔လဲ "
" ဆိုင္တာေပါ့...
ကိုယ္ကေယာက်ာ္းေလးျဖစ္ေနေတာ့
ပံုမွန္စံုတြဲေတြလို မင္းနဲ႔အတူ
မဂၤလာပြဲ လုပ္လို႔မရဘူးေလ...
ဒီႏိုင္ငံမွာ လိင္တူႀကိဳက္တဲ့သူေတြကို
လက္ထပ္ခြင့္မွမေပးထားတာ "
" ၪီးငယ္ အေတြးေတြ မ်ားလြန္းေနၿပီ...
ၪီးငယ္ အဓိကေတြးရမွာက ..
ၪီးငယ္ရဲ့က်န္တဲ့ ဘ၀တစ္ေလ်ွာက္လံုးကို
ကြၽန္ေတာ္နဲ႔ အတူလက္တြဲၿပီး
ျဖတ္သန္းခ်င္ မသန္းခ်င္ကိုပဲ "
"....... "
" ဘယ္လိုလည္း ၪီးငယ္...
ၪီးငယ္ရဲ့က်န္တဲ့
ဘ၀တစ္ေလ်ွာက္လံုးကို
ကြၽန္ေတာ္နဲ႔ ျဖတ္သန္းခ်င္လား "
"...... "
မ်က္၀န္းမ်ားအား စိုက္ၾကည့္ရင္း
ေလးေလးနက္ေမးလာတဲ့
ဟန္ဆက္ရဲ့ ေမးခြန္းေၾကာင့္ ေနမင္းခန္႔
ရင္ေတြ အတိုင္းအဆမသိ
အခုန္ျမန္ေနကာ ဒီအခိုက္အတန္႔က
သူမ်ားေတြ ေျပာသလိုမ်ိဳး ကမ႓ာႀကီးတစ္ခုလံုး
ရပ္တန္႔သြားေနသကဲ့သို႔ပင္။
အခုခ်ိန္ စိတ္အလိုလိုက္ၿပီး
ဆံုးျဖတ္ခ်က္ ခ်သင့္လား၊မခ်သင့္လား
ဆိုတာကို သူမသိေတာ့ပင္မဲ့
သူသိသည့္တစ္ခုတည္းေသာ အရာကေတာ့
သူ႔အေရ႔ွက ေကာင္ေလးနဲ႔အတူ
သူ႔ရဲ့ ဘ၀တစ္ခုလံုးကို
ကုန္ဆံုးခ်င္တယ္ ဆိုတာပါပဲ ။
" ဘာလဲ... ၪီးငယ္က
ကြၽန္ေတာ္နဲ႔ အတူ
မျဖတ္သန္းခ်င္ဘူးလား "
" ျဖတ္သန္းခ်င္တယ္ "
" အဲ့ဒါဆို က်န္တာ... ဘာမွမေတြးနဲ႔
ကြၽန္ေတာ္ အကုန္စီစဥၼယ္..
ဒီႏိုင္ငံမွာ တရား၀င္
လက္ထပ္ခြင့္မရဘူးဆိုရင္
ရတဲ့ႏိုင္ငံထိ သြားၿပီး ...
ၪီးငယ္ကို ကြၽန္ေတာ္ လက္ထပ္မယ္ "
"........ "
" ဟင္လို႔... ၪီးငယ္
ေမာင့္ကို လက္ထပ္မွာလား "
ခါးသြယ္သြယ္အား ေပြ့ဖက္လာတဲ့
သန္မာလွတဲ့ လက္တစ္စံုေၾကာင့္
ႏွစ္ေယာက္သားရဲ့ ခႏၶာကိုယ္ဟာ
ပူးကပ္သြားရၿပီး မ်က္ႏွာႏွစ္ခုလည္း
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္
ရွင္းရွင္းလင္းလင္း ျမင္ရသည္အထိ
နီးကပ္လာရသည္။
ေနမင္းခန္႔ ၫွို႔အားျပင္းလြန္းလွတဲ့
ဟန္ဆက္သာရဲ့ ေက်ာ့ကြင္းကေန
မလြတ္ႏိုင္ေတာ့မယ္အတူတူ
အလြယ္တကူ လက္ေျမႇာက္
အရႈံးေပးရန္သာ ရည္စူးလိုက္သည္။
ထို႔ေၾကာင့္။
" ဘာလဲ... ကြၽန္ေတာ္
မဟုတ္ေတာ့ဘူးလား "
" ဟင့္အင္း... အခုခ်ိန္ကစၿပီး
ေမာင္လို႔ပဲ ေျပာေတာ့မွာ "
ေနမင္းခန္႔ အရမ္းလည္လြန္းလွသည့္
ဟန္ဆက္ေၾကာင့္ ကူကယ္ရာမဲ့စြာျဖင့္
ရယ္ရံုသာ တတ္ႏိုင္ေတာ့သည္။
" ဟင္လို႔... ၪီးငယ္...
ၪီးငယ္ ေမာင့္ကိုလက္ထပ္မွာလား "
ေနမင္းခန္႔ ဒီတစ္ခါေတာ့
ဟန္ဆက္၏ အေျဖအားအေလးအနက္
ျပန္ေျဖေပးခ်င္တာေၾကာင့္
ဟန္ဆက္၏ မ်က္လံုးမ်ားအား
အေလးအနက္စိုက္ၾကည့္ကာ
ဟန္ဆက္သိပ္ကိုမွ သေဘာက်တတ္သည့္
သူ႔၏ ပါးခ်ိဳင့္မ်ားအား ေပၚေအာင္ၿပံဳးရင္း ေသေသခ်ာခ်ာ ျပန္ေျဖလိုက္သည္။
" အင္း.... ကိုယ္သိပ္ခ်စ္ရတဲ့ ေမာင့္ကို
ကိုယ္ လက္ထပ္မယ္... "
အခ်စ္ဆိုတဲ့ အရာက
ဘာဆိုတာကို သူအခုထိေသခ်ာ
အဓိပၸာယ္ မဖြင့္ႏိုင္ေသးပင္မဲ့
ေမာင့္ရဲ့ႏွလံုးသားကိုေတာ့ သူယံုသည္။
ေမာင့္ကိုေတြ့တိုင္း ေနြးသြားတတ္သည့္
သူ႔၏ ႏွလံုးသားကိုလည္း သူယံုသည္။
ေမာင္နဲ႔အတူလည္း
ဘ၀ဆိုတဲ့ ျပဇာတ္ခံုမွာ ေတးသြား
လွလွေလးတစ္ပုဒ္ ကျပခ်င္ေသးသည္။
ထို႔ေၾကာင့္ ေနာင္တရလား မရလား
မေသခ်ာသည့္ အနာဂတ္တစ္ခုအား
ေမာင့္ေၾကာင့္ သူလက္ခံခဲ့ပါသည္။
.........................The End....................