抖阴社区

Episode 3

6.2K 307 17
                                    

Unicode

"အယ်...တည်တံ့အစောကြီးပြန်လာတာလား အမေက နောက်ကျမယ်ထင်နေတာ"

တည်တံ့ ဆရာမကြီးရဲ့ ဖိတ်ခေါ်မှုနှင့်အတူ ကားပေါ်ထိ တက်ကာ လိုက်လာမိတာ အခု အိမ်ပြန်ရောက်တဲ့အထိပင်။

အိမ်ရှေ့ရောက်တော့ အမေက အမေးစကားနှင့်အတူ တည်တံ့တို့သုံးယောက်ရှေ့ရောက်လာသည်။

"တည်တံ့က အိမ်ပြန်နောက်ကျနေကြလား မယမင်းရဲ့"

"သောကြာနေ့မလို့ ဆရာမကြီးရေ ဆရာမ တပည့်က နောက်ဆုံးရက်ဆို သူ့ သူငယ်ချင်းတွေနဲ့ အလေလိုက်နေတာလေ"

"အမေ့!!'

တည်တံ့ သတိပေးသလို အမေ့လက်မောင်းအား တို့လိုက်သော်လည်း အရာမထင်။အမေက ဆက်ပြောနေသေးသည်။

"ဘောလုံးကန်တာလိုလို ဂိမ်းသွားဆော့တာလိုလိုနဲ့ အိမ်ကိုမိုးချုပ်မှကြည့်ပြန်လာတာ"

အမေ့ရဲ့ ဆော်သြနေသောစကားတွေအား ဆရာမကြီးက ခပ်ပြုံးပြုံးပင်နားထောင်နေသည်။မိဘတွေဆိုတာ သားသမီးတွေမကောင်းကြောင်းပြောဖို့မွေးဖွားလာသလားမှတ်ရတယ်။

"အိမ်က သားကိုလည်းအဲ့လို လျှောက်သွားစေချင်တာ မယမင်းရဲ့ သူက မလှုပ်တစ်ချက်လှုပ်တစ်ချက်လေ ဘယ်မှမထွက်ဘူး"

"မေမေကလည်း"

တစ်ချိန်လုံးငြိမ်ကုပ်နေတဲ့ မိုးသည်းက သူ့အကြောင်းပါလာတော့ တစ်ခွန်းစနှစ်ခွန်းစ ဝင်ပြောလာသည်။

တည်တံ့တို့သားအမိအကြည့်တွေက မိုးသည်းဆီပြေးလွှားနေတာကြောင့် မိုးသည်းနေရခက်လာသည်။အိမ်ထဲသို့ ခပ်သွက်သွက် ပြေးဝင်ကာ မည်သူ့ကိုမှ မနှုတ်ဆတ်မိချေ။

"အဲ့ဒါသာကြည့်တော့ သူက တကယ့်ရေခဲတုံး"

တည်တံ့ထွက်သွားပြီဖြစ်တဲ့ မိုးသည်းအား မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။အမေနဲ့ ဆရာမကြီးတို့ကတော့ သားတွေအတင်းဖောက်သည်ချရင်း ရယ်မောနေကြလေသည်။

*အမေလေးတစ်ခါလုပ်ရတာဆိုတော့ ပျော်ကြပါစေလေ။

ဟုတွေးကာ တည်တံ့အိမ်ထဲ ဝင်လာလိုက်သည်။အိမ်ပေါ်ထပ်ထိ တက်သွားရင်း မိမိအခန်းထဲသို့ဝင်လိုက်သည်။အခန်းထဲရောက်သည်နှင့် ဝရံတာဘက်က တံခါးပေါက်အား ဆွဲဖွင့်လိုက်သည်။တစ်ဖက်က ဝရံတာရဲ့ တံခါးပေါက်လေးကလည်း ပွင့်လာတာမလို့ တည်တံ့ ကိုယ်လေးမတ်သွားသည်။

????????????????? ???????????????? [COMPLETED]Where stories live. Discover now