抖阴社区

Episode 46

2.9K 142 25
                                    

Unicode

"ဒေါက်တာ ဟန်ငြိမ်းနဲ့တွေ့ချင်လို့ပါ"

"အော်...ဟုတ်ကဲ့ ဆရာပြောထားပါတယ် ဒီက မိုးသည်း ဆိုတာမလား"

သူနာပြု အစ်မရဲ့ အမေးစကားကို မိုးသည်း ခေါင်းညိမ့်၍ ဖြေလိုက်မိသည်။ထိုအစ်မကလဲ မိုးသည်း ဟုတ်ကြောင်းအတည်ပြုပြီးသည်နှင့် ဒေါက်တာ ဟန်ငြိမ်းရှိရာကို ခေါ်ဆောင်သွားသည်။

"ဒီမှာ ခဏစောင့်နော် မောင်လေး"

"ဟုတ်"

မိုးသည်းအား ဒေါက်တာဟန်ငြိမ်းရဲ့ စမ်းသပ်ခန်းထဲထိခေါ်လာသည်မလို့ ခေါင်းကိုသာ အသာညိမ့်ပြရင်း ခဏထိုင်စောင့်နေမိသည်။စိတ်ကျန်းမာရေး အထူးကုဟန်ပီပီ တစ်ခန်းလုံးက ထူးဆန်းနေသည်။မီးရောင်ပြပြကိုသာထွန်းထားပြီး စိတ်ကိုလဲ တခဏချင်းညို့မှိုင်းသွားစေသည်။

"ရောက်လာပြီလား"

အမှောင်ထုထဲကနေ ထွက်လာတဲ့ အသံတိုးတိုးကြောင့် မိုးသည်းမှာ ကျောထဲထိစိမ့်သွားရသည်။မျက်နှာကို သဲသဲကွဲကွဲ မမြင်ရတာကြောင့် ပို၍ ကြောက်လာသည်။

ဖြောက်!

ဆိုသည့်အသံနှင့်အတူ မီးပွင့်လာတော့ ဒေါက်တာကပါ မိုးသည်းအနားရောက်လာလေသည်။လေးထောင့်ကျကျ မျက်နှာနဲ့ ခန့်ညားပြီး ရှင်းသန့်နေတဲ့ ဒေါက်တာဟန်ငြိမ်းကို မြင်မှ မိုးသည်းရင်အေးသွားရသည်။

"လန့်သွားတာလား...ကိုယ်က အလုပ်ချိန်ဆို ဒီလိုပဲ မီးပိတ်ထားနေကျမလို့ ဆောရီးနော်"

ဝတ်ထားတဲ့ အဖြူရောင်ကုတ်ကို စနစ်တကျ ချွတ်ရင်း မိုးသည်းဘေးဝင်ထိုင်ကာပြောလာတဲ့ ဒေါက်တာ့ကြောင့် မိုးသည်းမှာ မတ်တပ်ရပ်မိမလိုပင် ဖြစ်သွားရသေးသည်။

"ထိုင်ပါ..."

"ဟုတ်...ကျွန်တော်က မိုးသည်းပါ"

"အင်း လာရင်းကိစ္စက..."

"လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဒေါက်တာ့ဆီမှာ ကုသမှုခံယူခဲ့ဖူးပါတယ်...အဲ့တုန်းက ကျွန်တော့်ရဲ့ မှတ်ဉာဏ်တစ်ချို့ကိုပါ ဒေါက်တာ ယူသွားခဲ့တယ်ထင်တယ်"

မိုးသည်းရဲ့ စကားကြောင့် ဒေါက်တာဟန်ငြိမ်းက မျက်ခုံးပင့်သွားသည်။

????????????????? ???????????????? [COMPLETED]Where stories live. Discover now