抖阴社区

Episode 51 Final

8.1K 232 67
                                    

Unicode

ဇာတ်သိမ်းပိုင်း

လူပေါင်းများစွာ ဖြတ်သန်းသွားလာနေကြတဲ့ ရန်ကုန်မြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲတွင် နဒီထွဋ်ခေါင်တစ်ယောက် မှိုင်တွေကာ ထိုင်နေမိသည်။ကိုယ်နှင့်မကွာ ဆောင်ထားတဲ့ လောင်းကုတ်ရှည်ကြီးရဲ့ ဘယ်ဘက်အိတ်ကပ်ထဲက လက်စွပ်လေးကို ထုတ်ကြည့်ကာ သတိရစိတ်က အသစ်တဖန် ပြန်လည်တိုးဝင်လာပြန်သည်။

တူ တူ တူ!

တစ်ဆက်တည်းမှာပဲ Muteလုပ်ထားတဲ့ ညာဘက် အိတ်ထဲက ဖုန်းမှာတုန်ခါလာတာကြောင့် ထုတ်ကြည့်မိတော့ ခေါ်ဆိုသူက မိုးသည်း။

နဒီလဲ ချက်ချင်းကိုင်လိုက်ကာ တစ်ဖက်က တူဖြစ်သူရဲ့ အသံကို နားစွင့်နေလိုက်သည်။

'ဦးငယ်...ဦးငယ် ပြင်သစ်ကို သွားတော့မလို့ဆို ကျွန်တော့်ကို ဘာလို့မပြောတာလဲ။'

"အခုလဲ သိရတာပဲမလား"

'အဲ့ဒါ ဖွားဖွား လှမ်းပြောလို့လေ။'

"တည်တံ့ ပြန်ရောက်ပြီလား"

နဒီထွဋ်ခေါင်က စကားလမ်းကြောင်းလွှဲကာ မေးလိုက်တော့ တစ်ဖက်က မိုးသည်းမှာ အသံတိတ်သွားရင်း ခဏနေမှ 'အင်း'ဟု ဖြေလာသည်။

"ကိုယ် သူနဲ့စကားပြောချင်တယ်"

'ရပါတယ် ဦးငယ်။'

မိုးသည်းလဲ ဘေးမှာ ကပ်ထိုင်နေတဲ့ တည်တံ့ဆီ ဖုန်းလွှဲပေးတော့ တည်တံ့က သူ့ကိုယ်သူ လက်ညိုးထိုးကာ ကြောင်အမ်းအမ်းဖြစ်နေသည်။မိုးသည်း အတင်းထိုးပေးမှသာ ဖုန်းကိုလွှဲယူ၍ ပြောသည်။

'ဟုတ်...ဟုတ်ကဲ့။'

"ငါမင်းကို တောင်းပန်ချင်လို့ပါ...ဒီကြားထဲမှာ ငါလုပ်ခဲ့တာတွေအတွက်..."

'ရပါတယ်။ခင်ဗျား လုပ်ပေးခဲ့တာတွေကလည်း ကျွန်တော်တို့အတွက်ပဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ပြီးတော့ မိုးသည်းကိုလဲ သေချာဂရုစိုက်မှာမလို့ ကျွန်တော့်ဆီမှာ စိတ်ချထားလို့ရပါတယ်'

"အင်း ကျေးဇူးပဲ"

တည်တံ့က မိုးသည်းလက်ထဲကို ဖုန်းပြန်ပေးလိုက်ပြီး ဖုန်းပြောနေတဲ့ မိုးသည်းပခုံးပေါ် ခေါင်းအားမှီတင်လိုက်သည်။မိုးသည်းက တစ်ချက်သာ ငုံ့ကြည့်ပေမယ့် ဘာမှမပြော။

????????????????? ???????????????? [COMPLETED]Where stories live. Discover now