抖阴社区

Episode 41

3.2K 153 46
                                    

Unicode

အချိန်အားဖြင့် ညနေ၅နာရီ။

ယခုအချိန်ထိ နိုးမလာသေးတဲ့ မိုးသည်းကြောင့် တည်တံ့မှာ ထိုင်မရ၊ထိုင်မရဖြစ်နေလေသည်။ဒီထပ်ပိုပြီး ဆက်အိပ်နေလျှင် ဖျားမည်စိုးတာကြောင့် နှိုးလိုက်ချင်ပေမယ့် အိပ်မောကျနေတဲ့ မိုးသည်းပုံစံလေးကြောင့် မနှိုးရက်တော့ပေ။

တည်တံ့လဲ စောင်ပုံထဲလုံးထွေးကာ အိပ်နေတဲ့ မိုးသည်းကို တစ်ချက်ကြည့်ရင်း အောက်ထပ်ကို ခဏဆင်းလာလိုက်သည်။တစ်ခါတည်း ညစာစားချိန်မှ တက်နှိုးတော့မည်ဟုလဲ ဆုံးဖြတ်ချက်ချလိုက်မိသည်။

တည်တံ့အောက်ဆင်းလာတော့ ဒေါ်ယမင်းတို့က ထုံးစံအတိုင်း မီးဖိုခန်းထဲ အလုပ်ရှုပ်နေလေရဲ့။အိမ်ပြင်ထွက်လာတော့ မိုးသည်းတို့ နေခဲ့တဲ့အိမ်ရှေ့က ချယ်ရီပင်အောက် ထိုင်နေသော မိုးသည်းရဲ့ ဦးငယ်ကို တွေ့လိုက်ရသည်။

အမြဲတမ်းဆေးလိပ်တဖွာဖွာနဲ့ ထိုလူရဲ့ပုံစံက တည်တံ့မျက်လုံးထဲ ရုပ်ပျက်ဆင်းပျက်တော့ ဖြစ်မနေပါ။လက်ထဲက ဖုန်းကို စိတ်ပျက်လက်ပျက်ကြည့်ရင်း ခပ်ဟဟရယ်နေတဲ့ ထိုလူက အရူးနဲ့ပင်တူနေသေးသည်။

"ဘာရပ်ကြည့်နေတာလဲ?ပြောစရာရှိလား?"

ထိုလူရဲ့ မျက်လုံးတွေက ဖုန်းဆီမှာပဲ ဆိုပေမယ့် တည်တံ့ရပ်ကြည့်နေတာကို သတိထားမိကြောင်း စကားတော့ဆိုလာသည်။တည်တံ့လဲ ခပ်ဟဟတစ်ချက်ရယ်ရင်း ထိုလူ့ဘေးက နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။

"မိုးသည်းရော"

"အပေါ်မှာ အိပ်နေတုန်း..."

နဒီထွဋ်ခေါင်က လက်ထဲ ကုန်ခံနီးဆေးလိပ်တိုကို လက်နဲ့တောက်ချရင်း မြေကြီးပေါ် ပစ်ချလိုက်သည်။မိမိဘေးတွင် ဝင်ထိုင်နေသော တည်တံ့ဦးဆိုတဲ့ကောင်လေးကို တစ်ချက်ကြည့်ရင်း လှောင်ပြောင်သလို ခပ်ဟဟတစ်ချက်ရယ်မိတော့ ထိုကောင်လေးက နဒီ့ကို မျက်မှောင်ကြုတ်လျက်ကြည့်လာသည်။

"အဟက်...ဟက်"

ထိုကောင်လေးရဲ့ ပုံစံက နဒီ့မျက်လုံးထဲ ရယ်စရာဖြစ်နေတော့ ကြည့်နေရင်းပင် ပိုရယ်ချင်လာသည်။

????????????????? ???????????????? [COMPLETED]Where stories live. Discover now