Unicode
"ဆရာဝန်မလေးက ဆူသွားတယ်ဆို?ခဏလေး သွားတာကို စိတ်မချရဘူး"
ယမင်းသည် ဆေးရုံခန်းထဲဝင်ဝင်ချင်းပဲ လက်ထဲက အထုတ်တွေကို ချကာ တည်တံ့ဘက်ကို လှည့်၍ ဆူငေါက်လာသည်။
"ဒေါ်ယမင်းတို့များ နေရာတကာ CCTVတွေနဲ့ တစ်ခုခုဆို တန်းသိနေပြီ"
"လျှာမရှည်နဲ့ ပါးချလိုက်မယ်"
တည်တံ့က ဂုတ်လေးပုပြရင်း မျက်လုံးလေးကို ပါဆော့ကစားလိုက်သည်။သဘောက သူ့မှာ အပြစ်မရှိဘူးပေါ့။
"မိုးသည်း!"
"ဗျာ..အန်တီ"
"မမိုးက အိမ်မှာနေခဲ့တယ် သားကတော့ အန်တီနဲ့ ညအိပ်စောင့်ပေးဦးနော် အားနာပေမယ့် အန်တီတစ်ယောက်ထဲ အဆင်မပြေဘူးလေ"
"ရပါတယ်...အန်တီယမင်းလဲ နားချင်ရင်နားပါ သားပဲ စောင့်ပေးလိုက်ပါ့မယ်"
မိုးသည်းရဲ့ အပြောကို သဘောတွေ့သွားတဲ့ ယမင်းက စိတ်လိုလက်ရ ရယ်မောရင်း မိုးသည်းရဲ့ ပါးကို ဆွဲညှစ်လိုက်သည်။ယမင်းရဲ့ လုပ်ရပ်ကြောင့် မိုးသည်းက ရှက်ပြုံးလေး ပြုံးပြပေမယ့် ကုတင်ပေါ်ထိုင်နေတဲ့ တည်တံ့က ဖင်တကြွကြွဖြစ်လာသည်။
"အမေ့!"
"ဘာတုန်း!!"
တည်တံ့လေသံက မာသွားတော့ အမေက နှစ်ဆမာကျောသည့် လေသံမျိုးနှင့် ထူးသည်။ကိုယ့်အမေပဲ ဖြစ်နေပါစေဦးတော့ ဒီလိုဝေစားမျှစားတွေကို တည်တံ့ လက်မခံနိုင်ပါ။
"ပြန်တော့!"
"ဘာ!!"
"အမေပြန်တော့လို့...ဆေးရုံဆိုတာမျိုးက မိန်းမသားတွေနဲ့ မအက်စပ်ဘူး"
"ဟုတ်တယ် နင့်ကို မွေးတုန်းက နွားတင်းကုပ်ထဲမှာ မွေးတာဆိုတော့လေ"
ယမင်းရဲ့ ရွဲ့စောင်းပြောသံကို သားဖြစ်က ဘဝင်မကျပေမယ့် မိုးသည်းကတော့ တခိခိ လိုက်ရယ်နေသည်။ယမင်းသည်လည်း ဆေးရုံလို နေရာမျိုးကို အသံကြားရုံနဲ့ ကျောချမ်းပါသည်။တည်တံ့ကို မွေးတုန်းကတောင် သူ့အဖေရဲ့ တစ်ချက်လွတ်အမိန့်ကြောင့် ဆေးရုံမှာ မွေးဖြစ်ခဲ့တာ။မဟုတ်ရင် အမှန်တကယ်ကို နွားတင်းကုပ်ထဲ မွေးခဲ့ဖို့ တွေးပြီးသား။

YOU ARE READING
????????????????? ???????????????? [COMPLETED]
Romance?????????????????? ?????????? ????????????????????????? '????????' ???? ?????????????????? ?????????? ????????????????????????? '????????' ????