抖阴社区

Episode 9

4.6K 262 23
                                    

Unicode

တည်တံ့သည် ဆိုင်ကယ်ပေါ်၌ တက်ထိုင်လိုက်ရင်း အထဲကထွက်လာမည့် အရိပ်လေးအားစောင့်နေမိသည်။၅မိနစ် တိတိကြာတာတောင် ထွက်မလာဘူးဆိုတော့ ဘယ်ချုံပုတ်နဲ့ ငြိကျန်ခဲ့လို့ပါလဲ။

အစောက လေးတင် ခြေသံကြားပြီးကာမှ အခုထိ အရိပ်တောင် မမြင်ရသေးတာက အံ့သြစရာတော့ကောင်းနေတယ်မလား။

ခဏနေတော့ မေမေနှင့်အတူ ရယ်ရယ်မောမောဖြင့် ထွက်လာတဲ့လူက အစောက တည်တံ့နောက်မှာ ကပ်ပါလာတဲ့ ခြေသံပိုင်ရှင်ဟုတ်မနေခဲ့ဘူးလား။

"အိမ်မှာတစ်ယောက်ထဲနေရတာပျင်းနေရင် အန်တီတို့နဲ့ လာနေနော် သား!ထမင်းလဲ ချက်မစားနဲ့ အန်တီနဲ့ အတူစား အို....ရှုပ်ပါတယ် အိမ်ကိုသာပြောင်းလာလိုက်တော့"

အန်တီ ယမင်းရဲ့ အပြောကို မိုးသည်းသဘောတကျပင် ရယ်နေမိသည်။ရပ်ကွက်ထဲ၌ တည်တံ့တို့သားအမိနှစ်ယောက် လူချစ်များတာလဲ အံ့သြစရာတော့မရှိပါ။ဖော်ရွေ ပျူငှာလွန်းချက်က မိုးသည်းတို့လို ပေါင်းရခက်ပြီး လူမှုရေးခေါင်းပါးလှတဲ့ သားအမိကိုတောင် ခင်တွယ်အောင် လုပ်နိုင်ခဲ့သည်မဟုတ်ပါလား။

မနေ့က ကျောင်းကပြန်လာတော့ ရန်ကုန်သို့ ပြန်မယ်မှန်း မိုးသည်းမသိခဲ့ပါ။အိမ်ရောက်မှ လိုအပ်တဲ့ပစ္စည်းတွေ သိမ်းနေတဲ့ မေမေ့ကြောင့် မိုးသည်းပင် ကြောင်အမ်းအမ်းဖြစ်သွားရသေးသည်။

တည်တံ့ကို နှုတ်ဆတ်ရန်လဲ စောင့်နေခဲ့ပါသေးသည်။အလျှင်လိုနေတဲ့ မေမေ့ကြောင့် အန်တီယမင်းကိုသာ နှုတ်ဆတ်ခဲ့ရသည်။ဟိုရောက်တော့ ဖွားဖွားရဲ့ကျန်းမာရေးကြောင့် ပြန်လာမှန်းမိုးသည်းသိခဲ့ရသည်။

အိမ်မှာဆို ဖွားဖွားကလွဲပြီး မိုးသည်းနှင့်တည့်တဲ့လူ မည်သူမျှ ရှိမနေပါ။ဖေဖေကကျမိုးသည်းရဲ့ အမူအကျင့်တွေကိုသဘောမကျတာကြောင့်အမြဲတမ်း ဆူနေ၊ငေါက်နေတက်သည်။ဦးငယ်ကကျ သူ့ရဲ့အကျင့်တိုင်း ခပ်အေးအေးတာနေတာကြောင့် တူဝရီးတွေဆိုပြီး ဖောင်ဖောင်ဖွဲ့ဖွဲ့ စကားပြောခြင်းရှိမနေပါ။

သို့သော်ငြား မေမေနဲ့ဖွားဖွားပြီးလျှင် ဦးငယ်က မိုးသည်းကို တတိယမြောက်ဂရုစိုက်တဲ့လူလို့တော့ဆိုနိုင်ပါမည်။အခုလို ပြန်လာရခြင်းအကြောင်းအရင်းကလဲ ဖေဖေနဲ့စကားများပြီး ဦးငယ် ကိုယ်တိုင် မိုးသည်းကို ပြန်လိုက်ပို့ခဲ့တာပါ။

????????????????? ???????????????? [COMPLETED]Where stories live. Discover now