Unicode
စာသင်နှစ်က ဘာရယ်မဟုတ်ပဲ လပတ်စာမေးပွဲပင်နီးလာချေပြီ။မိုးသည်းသည် စာအုပ်နှင့်မျက်နှာမခွာပါသော်လည်း ဘေးအိမ်က ကောင်လေးကတော့ မတူ။စာကျက်တာလဲမမြင်မိသလို ပုံမှန်နေ့တွေအတိုင်းအေးဆေးပင်။
ညဘက်ဆို သီချင်းလေးအော်ဆိုလိုက်၊နေ့ဘက်ဆို ကျောင်းလာပြီးသူငယ်ချင်းတွေနှင့် ပျော်လိုက်ပါးလိုက်ပင် ရှိနေသေးသည်။ဒီနေ့လဲ ကျောင်းသို့ရောက်လာခြင်းမှာ အေးအေးဆေးဆေးပင်။
"ကလေးတွေ အားလုံးပဲ မင်္ဂလာပါ"
"........"
"မင်းတို့တွေလပတ်စာမေးပွဲတွေနဲ့ နှပန်းလုံးနေရတဲ့ အချိန်မျိုးမှာ ဆရာမကြီးက မင်းတို့အတွက်ဝမ်းသာစရာသတင်းတစ်ခု သယ်လာပေးပါတယ်"
"........"
"အဲ့ဒါက စုဝေးသဘင်အခမ်းအနားပဲ"
ဆရာမကြီး စကားဆုံးတာနဲ့ကျောင်းသားတွေ ဝိုးခနဲ ဝါးခနဲဖြစ်ကုန်သည်။
"လပတ်စာမေးပွဲဆိုတာ မင်းတို့အရည်အချင်းကိုစစ်တဲ့ စိန်ခေါ်မှုသာသာပါပဲ အဓိက ကဖိအားမများဖို့၊အရေးအကြီးဆုံး ၁၀တန်းကျောင်းသားတွေပဲ ဆရာမကြီး မင်းတို့အတွက်ပဲ မှာချင်တယ် အကောင်းဆုံးကြိုးစားကြပါ ဒီနှစ်ရဲ့ ဆုပေးပွဲအခမ်းအနားမှာ ဆရာမကြီးက ၁၀တန်းတွေကို ပါ ဝင်ကဖို့ သဘောတူထားတယ်"
ထိုစကားအဆုံးမှာတော့ တည်တံ့ ထခုန်မိမတက်ပျော်သွားရသည်။ကျောင်းကပွဲတွေဆို နှစ်တိုင်း ပါနေကြမလို့ ဒီနှစ်တော့ မပါရတော့ဘူး ထင်နေမိတာ။ပုံမှန်ဆို မိမိတို့ကျောင်းက ဆယ်တန်းကျောင်းသားတွေက ဆုယူရုံမှအပါး ပျော်ပါးခွင့်မရှိကြဘူးလေ။
ကွင်းထဲ၌ အုံ့အုံ့ကြွကြွ ဖြစ်နေတဲ့ ဆယ်တန်းတွေအား ကပ်လျက်စီနေတဲ့ ကိုးတန်းတွေက ဘုကြည့်ကြည့်နေကြသေးသည်။
"မိုးကလည်း အုံ့နေတော့ ဒီလောက်ပါပဲ ကျန်တာကို အတန်းပိုင်ဆီမှာ နားထောင်ကြ!ကျန်းမာရေးဂရုစိုက်ပြီး အကောင်းဆုံးကြိုးစားကြပါ ကလေးတို့"
မိုးသံသာလှိုင် ပြောပြီးသည်နှင့် စတိတ်စင်ပေါ်က ဆင်းကာ ရုံးခန်းပေါ် ပြန်တက်သွားလိုက်သည်။

YOU ARE READING
????????????????? ???????????????? [COMPLETED]
Romance?????????????????? ?????????? ????????????????????????? '????????' ???? ?????????????????? ?????????? ????????????????????????? '????????' ????