抖阴社区

Episode 6

5K 282 25
                                    

Unicode

"တည်တံ့ဦး!!"

တိတ်ဆိတ်ငြိမ်သက်နေသောအခန်းထဲ၌အတန်းပိုင်၏ အသံကား စူးထွက်နေသည်။သုံးကြိမ်မြောက်ခေါ်တဲ့အထိ ပြန်ထူးသံမကြားတာကြောင့် ဆရာမသည် တည့်တံ့အနားလျှောက်လာလေသည်။

တုတ်တစ်ချောင်းဖြင့် တည်တံ့စားပွဲကို ရိုက်ချလိုက်သော်လည်း ခုံပေါ်မှောက်အိပ်နေတဲ့ တည်တံ့က မလှုပ်မယှက်သာ။

မိုးသည်း နောက်လှည့်ရင်းတည်တံံ့ကို ကြည့်လိုက်မိသည်။ကျောင်းရောက်ကတည်းက အိပ်နေတာအခုထိ မထ။မိုးသည်းရဲ့ လက်ကလေးကလည်း တဖြည်းဖြည်းရွေ့သွားပြီး တည်တံ့နဖူးပေါ်၌ ဂိတ်ဆုံးသွားသည်။

*ဘုရားရေ!ပူကျစ်နေတာပဲ။

"တည်တံ့ ဖျားနေတယ်ထင်တယ်"

မိုးသည်းဆီက ခပ်တိုးတိုးစကားသံထွက်လာတော့ အတန်းပိုင်လဲ မျက်စိပျက် မျက်နှာပျက်ဖြင့်တည်တံ့နဖူးအား စမ်းကြည့်နေသည်။

"တည်တံ့!သား နေမကောင်းဘူးလား ထဦးလေ"

ဆရာမရဲ့ လေသံပျော့ပျော့ကြောင့် ကောင်းခန့်ဦးနဲ့ စိုင်းမြတ်နိုးကလည်း တအံ့တသြပင်ကြည့်နေမိသည်။သူတို့အတန်းပိုင်မှ ဟုတ်ရဲ့လား ဆိုသည့်မျက်လုံးတွေနှင့်ပင်ဖြစ်သည်။

"ဘေးကနှစ်ကောင် နင်တို့နှစ်ယောက်ထဲကတစ်ယောက် တည်တံ့ကို ဆေးခန်းလိုက်ပြပေးလိုက်"

"ဗျာ...သားတို့လား!"

ကောင်းခန့်က သူ့ကိုယ်သူလက်ညိုးထိုးကာ မေးလာသည်။စိုင်းမြတ်နိုးက ဆေးရုံဆေးခန်းကြောက်တဲ့လူမလို့ ငြိမ်နေသည်။ကောင်းခန့်ကပဲအလိုက်တသိထဖို့ ပြင်လိုက်သော်လည်း...

"မဖြစ်ပါဘူး နင်တို့ စိတ်ချရတဲ့ ကောင်တွေမဟုတ်ဘူး"
ဆိုသည့် စကားကြောင့် အတန်းပိုင်ဆီ မသိမသာ မျက်စောင်းလေးထိုးရင်း ပြန်ထိုင်နေလိုက်သည်။

ဆရာမ၏ မျက်လုံးများသည် မိုးသည်းဆီ ဒိုင်းခနဲကျရောက်လာသည်။

"မိုးသည်း...သားပဲပို့ပေးပါလား ဟိုနှစ်ကောင်က ပြောင်စပ်စပ်တွေနဲ့ စိတ်မချရဘူး တော်ကြာသုံးကောင်ပေါင်းပြီး ပြန်မလာပဲနေ နေဦးမယ်"

????????????????? ???????????????? [COMPLETED]Where stories live. Discover now