Unicode
"ဟေ့!မပြေးနဲ့...ဒီစောက်ကလေးကတော့"
ရန်ကုန်မြို့ တစ်နေရာက နာမည်ကြီး ဆေးတက္ကသိုလ် တစ်ခု၌ ရုန်းချည်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေကြီးကြောင့် တည်တံ့မှာ ယောင်လည်လည်လေးဖြစ်နေသည်။
မိမိရှေ့တည်တည့်ကနေ ပြေးဝင်လာတဲ့ ကောင်လေးတစ်ယောက်ကြောင့် ဘေးကို ရှောင်ပေးလိုက်ပေမယ့် ထိုကောင်လေးက တည်တံ့ရဲ့ လက်ကိုဆွဲကာ နံရံမှာ ဆွဲကပ်လိုက်သည်။
ရုတ်တရတ်မလို့ လူက ရှောင်ချိန်မရှိပဲ အတော်လေး လန့်ဖျန့်သွားသည်။ထိုကောင်လေးက တည်တံ့ရဲ့ လက်ကို ကိုင်ကာ သူ၏ ခါး၌ ချိတ်တွဲစေသည်။တည်တံ့ရဲ့ လည်တိုင်မှာ သူ့လက်နှစ်ဖက်ကို ချိတ်တွဲလာတာကြောင့် လူက ဆောင့်တွန်းပြစ်ချင်လာသည်။
*ဒီကောင် ဘာကောင်လဲ?
ထိုအချိန် အနားမှ ဖြတ်ပြေးသွားတဲ့ လူအုပ်ကြီး ကို မြင်လိုက်ရတာကြောင့် တည်တံ့ခေါင်းထဲ အချက်ပေးသံတွေ မြည်သွားသည်။အခြေအနေကို သဘောမပေါက်ရလောက်အောင် တည်တံ့ဉီးက ငတုံးမဟုတ်။
"ကျစ်...ဖယ်တော့"
ထိုလူတွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် တည်တံ့ ရှေ့ကတစ်ယောက်ကို တွန်းထုတ်လိုက်သည်။ရွဲ့စောင်းသွားတဲ့ အင်္ကျီတွေကို ပြန်တည့်ရင်း ရှေ့ကကောင်ကို ပေစောင်းစောင်းဖြင့် ကြည့်နေလိုက်သည်။
"ကျေးဇူးပဲ...ကိုကို"
"ဘာ!!"
မိမိအား ကိုကိုဟု ခေါ်လာတာကြောင့် အာမေဋိတ်အသံပင် ခပ်ကျယ်ကျယ် ထွက်သွားသည်။ထိုကောင်ကတော့ စပ်ဖြီးဖြီးဖြင့် ဟီးခနဲ ရယ်ပြသည်။သူ့ကြည့်တော့ တည်တံ့ထက်လဲ ငယ်ပုံမရပါ။ကိုယ့်ထက်မကြီးရင်တောင် ရွယ်တူလောက်သာ ရှိလိမ့်မည်။
"ငါ့နာမည်က ရာသက်ပန်!"
"မေးလား?"
"ဟားဟား မင်းကလည်း ဒီလောက်လေးစတာကို စိတ်ဆိုးနေတယ် မင်းကြည့်ရတာ ကျောင်းသား အသစ်လား?"
"ဟုတ်တယ်!"
"ငါက ဒီကျောင်းမှာ Kingလေ...မင်း ငါနဲ့ ခင်ချင်လား?"

YOU ARE READING
????????????????? ???????????????? [COMPLETED]
Romance?????????????????? ?????????? ????????????????????????? '????????' ???? ?????????????????? ?????????? ????????????????????????? '????????' ????