Unicode
"မမိုးက မပြောမဆိုနဲ့နော်...လူကို ဝမ်းနည်းအောင်"
"မဟုတ်ပါဘူး ယမင်းရယ်...အခြေအနေအရဖြစ်သွားတာပါ"
"ဖုန်းနံပါတ်လေး ဘာလေး ပေးထားခဲ့ဦး!လွမ်းရင် ဆက်လို့ရအောင်"
ယမင်းသည် လက်ထဲ၌ ထိုးလက်စ ချည်ထည်လေးကို ဘေးသို့ ခဏချထားရင်း ဘောပင်ကိုကောက်ကိုင်ကာ လက်ဝါးပေါ်သို့ ရေးမှတ်ရန် ဟန်ပြင်လိုက်သည်။
"09***"
မိုးသံသာလှိုင်ပြောသည့် အတိုင်း တသွေမတိမ်းရေးမှတ်ကာ လက်ဝါးကို ထောင်ကြည့်လိုက်သေးသည်။
"ဘယ်အချိန်သွားမှာလဲ မမိုး...ဒီမာဖလာလေးကို မိုးသည်းလေးအတွက် လက်ဆောင်ပေးလိုက်ချင်လို့"
"ညနေမှပါ ယမင်းရဲ့!အေးဆေးထိုးပါ"
ယမင်းက မိုးသံသာလှိုင်ကို တစ်ချက်ကြည့်ရင်း ချည်ကြိုးတွေကို ရစ်နှောင်ကာ မာဖလာတစ်ထည်ဖြစ်အောင် အတင်းအရုန်းကြိုးပမ်းနေမိသည်။
"မေမေ!"
"သြ...သားလေး လာထိုင်လေ"
မိုးသည်း တစ်ယောက် သိမ်းစရာရှိတာတွေကို စနစ်တကျသိမ်းဆည်းရင်း ဝရံတာဘက်က ပွင့်မလာတဲ့ တံခါးမကြီးကြောင့် ထိုခြံထဲထိပါ ရောက်လာခြင်းဖြစ်သည်။
"တည်တံ့ဦးရော မတွေ့ပါလား?"
"အခန်းထဲမှာ!မနေ့ညကထဲက ထွက်မလာဘူးလေ ဧကန္တ သူ့သူငယ်ချင်းပြန်တော့မယ်ဆိုတော့ ဝမ်းနည်းနေတာလားမသိဘူး"
မေမေနှင့်အန်တီယမင်းက ရယ်ရယ်မောမောပင် စနောက်နေနိုင်ပေမယ့် မိုးသည်းကတော့ ဟန်ဆောင်၍တောင် လိုက်မရယ်နိုင်ပါ။ညက ကိစ္စကြောင့် တည်တံ့စိတ်မကောင်းဖြစ်သွားမှန်း မိုးသည်းသိပါသည်။မိုးသည်း ကိုယ်တိုင်ကလဲ ပျော်နေခဲ့တာမှမဟုတ်ပဲ။
"ပစ္စည်းတွေအကုန် သိမ်းပြီးပြီလား?ကျန်နေခဲ့ဦးမယ်နော် သား!သေချာစစ်ဦး"
"တည်တံ့က အိပ်နေတာလား အန်တီယမင်း!"
မိုးသံသာလှိုင်၏ မေးခွန်းကို ဖြေရမည့်အစား ယမင်းကိုသာ မေးခွန်းပြန်ထုတ်နေတဲ့ သားဖြစ်သူကြောင့် မိုးသံသာလှိုင်၏ မျက်နှာမှာ ပြုံးချင်ချင်ဖြစ်သွားရသည်။

YOU ARE READING
????????????????? ???????????????? [COMPLETED]
Romance?????????????????? ?????????? ????????????????????????? '????????' ???? ?????????????????? ?????????? ????????????????????????? '????????' ????