မြင်နေရတဲ့ မျက်နှာလေးက စူပုတ်ပုတ်။သူ့အကြောင်းပြောလို့ စိတ်ကောက်နေသည်ထင်ပါရဲ့။ကိုယ့်ကိုမြင်သည်နှင့် စူထားတဲ့နှုတ်ခမ်းတွေက တင်းတင်းစေ့သွားပြီး မျက်မှောင်တွေပါ ချက်ချင်းကြုတ်သွားသည်။
*ကိုယ့်ကို အဲ့လောက်တောင် ကြည့်မရတာလား။
တည်တံ့ ခပ်တည်တည်ပင် ဝရံတာဘက်ကိုလျှောက်လာရင်း ဝတ်ထားတဲ့ ဘောလုံးအင်္ကျီကို ဆွဲချွတ်ပြစ်လိုက်သည်။လက်မောင်းနှစ်ဖက်အား လက်ဝှေ့သမားတွေလို ကွေးကာ ဘယ်ညာ လှည့်လျက် ဟန်ရေးပြနေလိုက်သည်။
ဒါကိုမြင်တဲ့ မိုးသည်းက ချက်ချင်းအထဲကို ဝင်သွားလေသည်။တည်တံ့ ခပ်ကြိတ်ကြိတ်ရယ်နေမိတာ မရပ်တော့။
တော်သေးတယ် အင်္ကျီလေးပဲချွတ်ပြလို့၊ဘောင်းဘီသာချွတ်ပြလိုက်ရင်ဖြင့်။
အတွေးတွေကို ခါထုတ်ကာ ချွတ်ထားတဲ့အင်္ကျီအား ပခုံးပေါ်တင်ကာ အထဲသို့ပြန်ဝင်လိုက်သည်။
မိုးသည်း ဝရံတာ ဘက်က တံခါးကိုဆွဲပိတ်ကာ လိုက်ကာတွေပါ ချလိုက်သည်။ထွက်နေတဲ့ ဒေါသကြောင့် လူက ဘာလုပ်လုပ် အရာမထင်။
ရေသာ အရင်ချိုးဖို့ ပြင်လိုက်သည်။ပြီးမှ လုပ်စရာရှိတာ လုပ်ရမည်။
##
"အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့!""သာဓု...သာဓု...သာဓု"
ဘေးအိမ် က ခပ်စူးစူးထွက်လာတဲ့ အမျှဝေသံကြောင့် မိုးသံသာလှိုင် နိုးလာရာနှုတ်မှလဲခပ်တိုးတိုး သာဓုလိုက်ခေါ်နေမိသည်။နာရီအားတစ်ချက်ကြည့်လိုက်တော့ မနက်၅နာရီသာရှိသေးသည်။
နိုးပြီးသွားရင် ပြန်အိပ်မပျော်တဲ့သူမလို့ အိပ်ယာမှထကာ ကိုယ်လက်သန့်စင်ကာ ဘုရားခန်းထဲဝင်သွားလိုက်သည်။မနက်ခင်းအာရုံတက်ချိန်မလို့ မိုးသံသာလှိုင်ရဲ့ ဘုရားရှစ်ခိုးသံက အနည်းငယ်ကျယ်ချင်နေသည်။
တစ်ဖက်အိမ်က ဘုန်းဘုန်းတရားဟောသံကိုပါ မိုးသံသာလှိုင်ကြားလာတော့ ဘုရားစင်ရှေ့ကနေပဲတရားလိုက်နာနေမိသည်။

YOU ARE READING
????????????????? ???????????????? [COMPLETED]
Romance?????????????????? ?????????? ????????????????????????? '????????' ???? ?????????????????? ?????????? ????????????????????????? '????????' ????
Episode 3
Start from the beginning