抖阴社区

                                    

ဘုန်းဘုန်းတရားပြီးတာနဲ့ ဘေးအိမ်က ခေတ္တမျှ ငြိမ်သက်သွားသည်။ဘုရားခန်းထဲက ပြတင်းပေါက်လေးကိုဖွင့်ကြည့်တော့ ဘုန်းဘုန်းများပြန်ကြွသွားသည်ကိုမြင်တွေ့ရသည်။တကယ်ကို ကျက်သရေရှိလှတဲ့ မနက်ခင်းလေးပါပဲ။

ထိုမြင်ကွင်းနဲ့အပြိုင် တောင်ပြာတန်းတွေကြားက နေမင်းကြီးကလည်း တစ်ဖြည်းဖြည်း ထွက်ပေါ်လို့လာချေပြီ။

မိုးသည်းအိပ်ယာက နိုးတော့ မနက်၇နာရီပင်ရှိနေပြီ။ညက ဘေးအိမ်က မျက်နှာဖြူကောင်လေး သီချင်းသံတွေကြောင့် မိုးသည်းအိပ်ယာဝင်နောက်ကျခဲ့၍ အခု အိပ်ယာထနောက်ကျခြင်းပါ။

မိုးသည်းအောက်ဆင်းလာတော့ မနက်စာပြင်နေသည့် မေမေနှင့်ဆုံသည်။ကျောင်းပိတ်ရက်မလို့ သားအမိနှစ်ယောက်သား မနက်စာအေးဆေးစားရန်စီစဥ်ထားကြသည်။

မိုးသည်းထိုင်ခုံ၌ဝင်ထိုင်လိုက်စဥ် မေမေက နွားနို့တစ်ခွက်ရှေ့ချပေးသည်။

"ကျေးဇူး မေမေ"
လို့ ပြောလိုက်တော့ ခေါင်းသာညိမ့်ပြသည်။

"ဆရာမကြီးရေ!ကျွန်မ ဝင်ခဲ့ပြီနော်"

အိမ်ရှေ့က ထွက်လာတဲ့ အသံကြောင့် သားအမိနှစ်ယောက်သား မနက်စာစားရင်း အိမ်ပေါက်ဝဆီလှမ်းကြည့်မိသည်။

"အော် ဘယ်သူများလဲလို့ မယမင်းကို"

"ဟုတ်တယ် ဆရာမကြီးရေအိမ်မှာ အုန်းနို့ခေါက်ဆွဲချက်လို့ လာပို့တာ မနက်စာစားနေကြပြီလား"

"အခုပဲစားတာ မယမင်းလဲ ဝင်စားသွားပါလား"

"ကျွန်မက အစောကြီးထဲကစားပြီးပြီ ချိုင့်လေးလှယ်ပေးပါလား သား . . . ဆေးမနေနဲ့နော် အန်တီအိမ်ရောက်မှဆေးလိုက်မယ်"

မိုးသည်းဆီ ချိုင့်အားထိုးပေးတာမလို့ လှမ်းယူလိုက်မိသည်။မီးဖိုချောင်ထဲဝင်ကာ အုန်းနို့ခါက်ဆွဲတွေအား လှယ်ထည့်လိုက်သည်။

"ဆရာမကြီး၊ဆရာမကြီးနဲ့ မခေါ်ပါနဲ့ မယမင်းရယ် ရင်းရင်းနှီးနှီး အဆင်ပြေသလိုလေးပဲခေါ်ပါ"

"အဲ့ဒါဆို မမိုးလို့ ပဲခေါ်မယ်လေ ကျွန်မက တည်တံ့ဦးတို့ ကျောင်းအုပ်ကြီးဆိုတော့ နာမည်တပ်မခေါ်ရဲလို့လေ"

????????????????? ???????????????? [COMPLETED]Where stories live. Discover now