ကလေးဘဝထဲက မိခင်နှင့် သူ၏ဦးလေးဖြစ်သူအပေါ်ကလည်းလွဲပြီး ခင်တွယ်ခြင်းမရှိခဲ့ဖူးတဲ့ မိုးသည်းက ယခုအချိန်အခါမှာတော့ တည်တံ့ဦး ဆိုသည့် သူစိမ်းယောကျာ်းတစ်ယောက်ပေါ် ခင်တွယ်နေတာကို မိုးသံသာလှိုင်ဖြင့် အပြစ်ဟု မထင်မိပါပဲ သဘောတောင်တွေ့နေပါသေးသည်။
"တည်တံ့က ကလေးစိတ်ပဲရှိသေးတယ် သားရဲ့!သူ ဆိုးလို့ရတဲ့ လူကိုဆို ကလေးတစ်ယောက်ထက်တောင် ပိုပြီးဆိုးသေးတယ် အခု သားတို့ ပြန်မယ်ဆိုတော့ သူဆိုးစရာ လူနှစ်ယောက်လျော့သွားတော့ တွေးတွေးပြီး ဝမ်းနည်းနေတာ နေမှာ"
"......."
"ညကတောင် နှစ်ပေါင်းများစွာ ချောင်(ဂျောင်)ထိုးထားတဲ့ ချည်လုံးကြီးကို ယူလာပြီး မိုးသည်းအတွက် မာဖလာလေးတစ်ထည်လောက် ထိုးပေးပါဦး ဆိုပြီးလက်ထဲ အတင်းထိုးထည့်သွားတာ!"
ယမင်း၏ စကားတွေကို တိတ်တဆိတ်နားထောင်နေတဲ့ မိုးသည်းကို ကြည့်ကာ ယမင်းတစ်ယောက် သက်ပြင်းမောတွေသာ ချနေမိသည်။သားဖြစ်သူ၏ စိတ်ကိုလည်း ယမင်းပဲ အသိဆုံးမလား။
မိုးသည်းလည်း အန်တီယမင်းလက်ထဲတွင် လှုပ်လီလှုပ်လဲ့ နေရာယူထားသည့် မိုးပြာရောင် မာဖလာလေးကို ကြည့်ကာရင်ထဲလဲ ဝမ်းနည်းမှုက ကြီးစိုးလာသည်။
မနေ့ညထဲက အခုချိန်ထိ မျက်နှာတောင် မမြင်ရသေးတာကြောင့် မိုးသည်းအပေါ် စိတ်ဆိုးသွားမှု ဒီဂရီ ဘယ်အထိ မြင့်တက်နေလဲ သိနိုင်ပါသည်။သိုပေမယ့် မိမိအတွက် ရည်ညွှန်းပြီး လက်ဆောင်ပါ ပေးဖို့ စီစဥ်ထားတာကို သိလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားရ၏။
ဒီလိုနှင့် ညနေစောင်းခံနီးအထိ လုံးဝထွက်မလာတဲ့ တည်တံ့က မိုးသည်းကို အမှန်တကယ်ပင် နှုတ်ဆက်ဖို့ စိတ်ကူးမရှိလောက်တော့ချေ။တခြား သူငယ်ချင်းတွေသာဆို ယခုအချိန် မုန့်တွေအတူစား၊တပျော်တပါးကြီး အတူနေပြီး ခွဲခွာရမည့် အချိန်တွေကို လှလှပပလေး ကုန်ဆုံးကြမည် မဟုတ်ပါလား။
မိုးသည်းလည်း ထိုကဲ့သို့သာ အချိန်တွေကို ဖြုန်းတီးချင်မိပါသည်။ယခုလို မခေါ်နိုင်မပြောနိုင် ဖြစ်နေသည့် အခြေအနေကြီးကို လွန်စွာ မုန်းတီးမိ၏။

YOU ARE READING
????????????????? ???????????????? [COMPLETED]
Romance?????????????????? ?????????? ????????????????????????? '????????' ???? ?????????????????? ?????????? ????????????????????????? '????????' ????
Episode 25
Start from the beginning