မိုးလင်းတာနဲ့ ခွန်နာရာ ကားထဲ အဆင်သင့်စောင့်နေပြီး တူတူသွားဖို့ကို သူက အစောကြီးထဲက Ready ဖြစ်နေတာ..
အိုးဟိုး ရေမွှေးအနံ့က ကားတံခါးဖွင့်လိုက်တာနဲ့ မွှန်ထွန် နေတာပဲ ဒီလူ ရေမွှေးဗူးများ မှောက်ကျ ထားတာလားမသိဘူး။ ပုံစံကလည်း အရင်ထပ် ပိုပြီး ကြည့်ကောင်းနေသေး မဟုတ်မှလွှဲရော ဒီလူ သွားDate မလို့လားမသိဘူး။
"ကျတော်တစ်ခုလောက်မေးလို့ရမလား"
"အင်း မေးလေ Tang"
"ရေမွှေး ပုလင်းဖောက်ကျထားတာလား"
"ဘာလို့လဲ" ဆိုပြီး သူ့ကိုယ်သူပြန်နမ်းကြည့်နေသေး
"မဟုတ်ပါဘူး ပုံမှန်ဆို အဲ့လောက်ကြီး မဟုတ်ဘူးလားလို့ ခဗျား အရေးတကြီး တွေ့စရာရှိနေတာလား"
"မရှိပါဘူး"
"အော် ဟုတ်ပါပြီ ညနေလာကြိုမှာလား"
"အင်း လာကြိုမှာ စောင့်နေနော်" တဲ့ အသံကလည်း ချိုသာနေတာ သေချာတယ် ဒီလူ ပျော်စရာတစ်ခုရှိနေတာပဲ နေမယ်။ သူ့ကိစ္စပါ ငါနဲ့မဆိုင်ပါဘူးလေ.."ရောက်ပြီ ကျတော်သွားတော့မယ်"
"အင်း Tang ညနေကြ လာကြိုမယ်နော်"
"ဟုတ်ပါပြီ"ထူးထူးဆန်းဆန်းချိုသာနေတဲ့ အသံနဲ့ အပြုမှုတွေက မနေတက်လိုက်တာ။ ပုံမှန်မဟုတ်သလိုမျိုးပဲ...
"Tang စောလိုက်တာ အမြဲဘာလို့စောစောလာတာလဲ"
"ဒီလိုပါပဲ အယ် ခဏနေပါအုံး Joong မင်းလဲ ငါ့ထပ် အစောကြီး အရင်ရောက်နေတာ မဟုတ်ဘူးလား"
"ဟီး ဟုတ်သား ဘယ်သူ့မှမရောက်သေးဘူး အစမ်းလေ့ကျင့်ကြမလား"
"အိုကေလေ ရတယ်"
"ခုံပေါ်ထိုင်လိုက်"
"အင်း"ငါက ခုံပေါ်ထိုင်လျက်အနေအထား ဖြစ်နေပြီး Joong က ငါ့အောက်မှာ ထိုင်ပြီး ငါ့ခြေထောက်ကိုကိုင်ထားတဲ့ အနေအထားနဲ့

YOU ARE READING
Red flag
Fanfiction????????????????? ???????? ??????????????????????????????????? CEO ???? ????? ???????? ????????????? ???????? ??????????????? ???????????????? ??????????