"ခဗျားက ကျတော့် ကိုချစ်ပေမဲ့ ကျတော်က ခဗျားကိုချစ်မချစ် မမေးဘူးလား ဟိုးအရင်တုံးက ခဗျားနဲ့ လက်ထပ်ခဲ့တယ်ဆိုတာလည်း အကြောင်းပြချက်ရှိခဲ့လို့ အခုရောဘာအကြောင်းပြချက်ကြောင့် ခဗျားကို လက်ထပ်ရမှာလဲ" လို့ Phuwin ကပြန်ပြောတော့ ငါ့မှာ သူ့ကိုတုန့်ပြန်စရာ စကားမရှိ..
ဟိုမယုံကြည်ရတဲ့ Tang က အားပေးလို့သာ ငါဒီအခြေအနေထိ ရောက်လာအောင်ပြောလိုက်ရတာ သူပြောတဲ့ အစီအစဉ်ကရော တကယ်ရော အောင်မြင်ပါ့မလား...
"ကို မင်းကိုချစ်တယ် Phuwin မင်းချစ်လာအောင် ကိုဘယ်လို သက်သေပြရမလဲ ပြီးတော့ မင်းကို့ကို ခဏလောက်ဖြစ်ဖြစ် လက်ထပ်ပေးပါလား"
"ခဗျားရူးနေတာလား ခဏလောက်လက်ထပ်တယ်ဆိုတာရှိလို့လား"
"အဲ့တာဆို ကို့အပေါ် မင်းလိမ်ထားတဲ့ အကြွေးတွေတော့ပြန်ဆပ်ရမယ် မဟုတ်ဘူးလား"
"အော် ခဗျားက အကြွေးနဲ့ လူကိုသိမ်းချင်တယ်ပေါ့ ဟုတ်လား"
စိတ်ညစ်လိုက်တာပြောလေရှုပ်လေပဲ ငါ့ကိုTang ကတော့ ပိုပြီးဒုက္ခရောက်အောင် မြှောက်ပေးလိုက်တာထင်တယ်။
"ထားပါ လက်ထပ်တာတော့ မလုပ်ဘူး ဒါပေမဲ့ အကြွေးဆပ်တဲ့ အနေနဲ့ ၃လ အတူလာနေပေးမယ်"
"တကယ်ပြောတာလား Phuwin"
"အင်း"
"ကို ဝမ်းသာလိုက်တာ မင်းနဲ့ အတူနေရမယ်ဆိုတော့"
"ဝမ်းသာ မစောပါနဲ့ အတူပဲနေတာ အတူအိပ်တာ၊အသားယူတာ၊ စကားတွေမလိုပဲပြောတာတွေမရဘူး"
"ဟင်"
"ဘာလဲ မရဘူးလား မရရင်အကြွေးတွေဘာတွေလာမပြောနဲ့တော့"

YOU ARE READING
Red flag
Fanfiction????????????????? ???????? ??????????????????????????????????? CEO ???? ????? ???????? ????????????? ???????? ??????????????? ???????????????? ??????????