抖阴社区

??????? ??

1.5K 125 4
                                        

"ခွန်" မနက်နိုးလာတော့ အသံအေးအေးလေးနဲ့ လှုပ်နိုးနေတဲ့ ကောင်လေးကြောင့် နိုးလာခဲ့တယ်။ ဒီကောင်လေးက ဘယ်ချိန်ကတည်းက နိုးနှင့်နေလဲ မသိပေမဲ့ တကယ်တော့ သူ့ထပ်အရင်နှိုးပြီး မနက်စာပြန်ပေးချင်ခဲ့တာ..

"ခွန် ထတော့"

"Phuwin ဘယ်ချိန်ကတည်းက နိုးနေတာလဲ" ဆိုတော့ ရယ်ပြီး ထထွက်ဖို့လုပ်တော့ လက်ကိုလှမ်းစွဲလိုက်ပြီး ဖက်လိုက်တယ်။

"ဟော် ဘာလုပ်တာလဲခွန်"

"ဖက်ထားချင်လို့" လို့ပြောတော့ ရှက်ပြီး မျက်နှာကို အတင်းလွှဲနေတာ တကယ်ကို အသဲယားစရာ

ခဏနေတော့ Phuwin က အတင်းရုန်းပြီး ထထွက်သွားတယ်။ ဒီလိုနဲ့ ရေချိုးပြီး အောက်ထပ်ကို သွားတော့ Phuwin က မနက်စာ အဆင့်သင့်ပြင်ပေးပြီးစောင့်နေတယ်။ ဒါတွေက အိမ်မက်ဆိုရင် မနိုးထပဲနေချင်တော့တယ်။

"ခွန် ကျတော်တစ်ခုလောက်မေးလို့ရမလား"

"မေးလေ Phuwin"

"ဒီနေ့တော့ အိမ်ပြန်ကြမယ်မဟုတ်လား Forth လည်းစိတ်ပူနေလောက်ပြီ"

"ကို နဲ့ ဒီမှာပဲအတူနေကြရအောင်လေ"

"ကျတော်တို့က ဘာမှမပတ်သက်တော့ဘူးလေ ခွန်"တဲ့ ဘယ်လောက်တောင်နာကျဉ်စရာကောင်းတဲ့ စကားလဲ။ ညကလည်း အတူအိပ်ပြီး မနက်ထိလည်း အဆင်ပြေနေတာကို Phuwin ဘာလို့ ဒီစကားပြောတာလဲ ငါနားမလည်နိုင်ခဲ့ဘူး သူတကယ်ပဲ ငါ့အပေါ်စိတ်ခံစားချက်မရှိတော့တာလား...

"မင်း ကို့ကို တကယ်ပဲ မချစ်တော့တာလား Phuwin"

"ကျတော်တို့က မဖြစ်နိုင်ပါဘူး ခွန် ပြီးတော့ ခွန်လည်း အဆင်ပြေနေပြီပဲ မဟုတ်လား အတူရှိနေတဲ့အချိန်တစ်ခုမှာ ကျတော်အများကြီး ပျော်ခဲ့ရပါတယ်"

Red flag Where stories live. Discover now