抖阴社区

??????? ??

1.3K 116 2
                                        

အချစ်က မင်းဘေးမှာလို့ လူတိုင်း ပြောတဲ့အချိန်တုန်းက ငါကအချစ်ကို ရှာမတွေ့ခဲ့ဘူး။ အချစ်က အတ္တဆန်လာတဲ့ အချိန်မှာ ငါက အချစ်ဆိုတဲ့ အရာကိုရှာတွေ့ခဲ့ပြီး၊ ဒါပေမဲ့ အဲ့ အချစ်ဆိုတဲ့ အရာကို လက်မခံနိုင်ခဲ့ဘူး။

"Hello Tang မင်းဘယ်တော့မှ ပြန်လာဖို့ဆုံးဖြတ်ချက်ချထားတာလဲ အခုထိ မင်းလုပ်ချင်တိုင်းလုပ်နေတော့မှာလား မင်းညီကိုရော ထည့်မထွက်ဘူးလား"
"ဘာလို့လဲ သူကျတော့်နေရာမှာ ပျော်နေတာပဲ မဟုတ်ဘူးလား ကျတော်လဲ ဒီမှာပျော်တယ်လေ နှစ်ယောက်လုံး အနိုင်ပဲကို"
"မင်း ရူးကြောင်မူးကြောင်တွေမလုပ်ပဲ ပြန်လာခဲ့တော့ နာရာက တစ်ချိန်မှာ ထိုင်းရဲ့ နာပါတ်တစ်ဖြစ်လာမှာ မင်းက သူ့ဘေးမှာ ရှိနေပေးဖို့ အသင့်တော်ဆုံးပဲ မင်းညီက ဘာမှအသုံးကျတာ မဟုတ်ဘူး"
"ဖုန်းချလိုက်တော့မယ် ကျတော်မအားဘူး"

Phuwin နဲ့ပတ်သက်ပြီး ငါဘာမှမသိပေမဲ့ ငါတို့က မတူလောက်ဘူးလို့တော့ ငါထင်တယ်။ ငါက အတ္တကြီးပြီး၊ စိတ္တဇ ဆန်တယ်။ တကယ်တော့ ငါ အကို့ကို မုန်းနေခဲ့တာမျိုးတစ်ခါမှမရှိခဲ့ဘူး။ ဒါပေမဲ့ အကိုနဲ့ငါကတော့ တခြားဆက်ဆံရေးတွေ ရှိလို့မဖြစ်နိုင်ခဲ့ဘူး တစ်ချိန်က အကိုက ငါ့ကိုစိတ်နာပြီး ငါ့မျက်စိရှေ့ကပျောက်ကွယ်သွားပေမဲ့ တစ်နေ့ သူငါ့ဆီပြန်ပေါ်လာတော့ သူပထမဆုံး ပြောတဲ့ စကားက "ကို မင်းရဲ့ အနားမှာ မင်းရဲ့ ခင်ပွန်းအဖြစ်ကလွဲလို့ ဘယ်လိုယောကျာ်း အဖြစ်မှာ မနေနိုင်ဘူး Tang"တဲ့ အကိုက အတ္တကြီးတယ်၊ ငါက သူ့ထပ်ပိုအတ္တကြီးတယ်။ ငါ အကို့ကို မပိုင်ဆိုင်ချင်လို့ ပေးလိုက်တာမျိုး မဟုတ်ခဲ့ပေမဲ့ သူငါ့ကို ပိုင်ဆိုင်သွားမှာလဲ ငါမလိုချင်ခဲ့ဘူး။ ငါသူ့ကိုမရှုံးချင်ဘူး။
အခု Phuwin က ငါ့နေရာမှာ သူ့ကိုဘယ်လောက်တောင် ပျော်အောင်ထားနေမလဲ ငါမသိပေမဲ့ တစ်ချိန်မှာတော့ ငါ့ကြောင့်ပဲ သူထပ်ပြီး စိတ်ညစ်စေရမယ်။ ဘာလို့လဲဆိုတော့ သူချစ်တဲ့သူက အမြဲငါပဲ ဖြစ်နေခဲ့တာလေ။
____________
" ခဗျား ဘာတွေပြောနေတာလဲ ကျတော်က ခဗျားက ဘယ်တုန်းက ချစ်ခဲ့လို့လဲ"
"ဘာလဲ မချစ်ခဲ့ဘူးလား ဒါဆို အခုချစ်ကြည့်လို့မရဘူးလား"
"Serious ကြီးပြောနေလို့ တကယ်များလားလို့ ခဗျားက တော်တော် တက်နိုင်တဲ့သူပဲ"
"ဘာပဲဖြစ်ဖြစ် ငါချစ်တဲ့လူက မင်းပဲလေ Tang"
"ကျတော်ကတော့ မချစ်ပါဘူး" လို့ပြောကာ ထထွက်လာလိုက်တယ်။ အနောက်ကိုလှည့်ကြည့်တော့ ထိုလူဟာ ငါ့နောက်ကိုလိုက်မလာပါ။ တကယ်များချစ်ရဲ့လားတောင် မသိပါဘူး တကယ်ဆိုလိုက်လာရမှာ မဟုတ်လား။

Red flag Where stories live. Discover now