抖阴社区

??????? ??

1.4K 127 8
                                        

မနက်စောစောထပြီး ကြံရာမရတဲ့ ဖြစ်နေတဲ့ အခြေအနေတစ်ခုပါပဲ ဘာလို့လဲဆိုတော့ စောနက Sea Tawan ဆိုတဲ့ သူနဲ့ Forth စကားပြောနေတာကြားလိုက်တယ်။
သူတို့ပြောနေတာ ခိုးနားထောင်ချင်တာ မဟုတ်ပေမဲ့ မတော်တဆကြားခဲ့တာ..ဒါကပဲ ငါ့ဆုံးဖြတ်ချက်တွေကို အတည်တကျဖြစ်စေတယ်လို့ ဆိုရမလား..
သူတို့ပြောနေတာက Forth က Sea ကိုတွန်းအားပေးနေတာပဲ မနေ့ညက ကိစ္စကလည်း ငါနဲ့ ဆိုတာကို သူတို့ မသေချာပေမဲ့ Sea ကိုအဲ့လူ အနေနဲ့ ဟန်ဆောင်ပြီး Phuwin ကိုပိုချည်းကပ်ခိုင်းနေတာပဲ..ဒါဟာလုံးဝမဖြစ်သင့်တဲ့ ကိစ္စပဲ...

ဒီဘဲကလည်း ဒီနေ့ သူဆိုတာဖွင့်ပြောပြီး Phuwin ကို သူတာဝန်ယူမယ်ဆိုပြီး လုပ်ဖို့ကြံစည်နေတာပဲ။ ငါဘာလုပ်သင့်လဲ Phuwin ကိုတခြားတစ်ယောက်လက်ထဲ ဘယ်လိုနည်းနဲ့မှ မထည့်နိုင်ဘူး။ တာဝန်ယူခြင်းယူ ငါယူရမှာ မဟုတ်ဘူးလား သူနဲ့ အတူရှိခဲ့တာငါလေ ဒီကောင်တွေရူးများ ရူးသွားကြပြီလား မဖြစ်သေးပါဘူး ငါတစ်ခုခု ကြံစည်မှဖြစ်မယ်..

ချက်ချင်း Winny ကိုဖုန်းဆက်ပြီး ဘန်ကောက်မြို့ပြင်က အိမ်သော့လာပေးဖို့ ခေါ်လိုက်တယ်။
Winny ဆီက သော့ယူပြီး Phuwin အခန်းထဲက ထွက်လာတာကို စောင့်နေပြီး အနောက်ကနေ မသိမသာလိုက်သွားပြီး အနောက်ကနေလိုက်သွားတယ်။
Phu win အရင်ရောက်နှင့်မှာဆိုးလို့ တခြားဓာတ်လှေကားကနေ အရင်တက်နှင့်ပြီး အဝမှာ စောင့်တော့ ကွက်တိပဲ ဒီကောင်လေးကတော့ ဘာမှမသိပဲ သူ့အထုတ်တွေနဲ့ သူ့ဘာသာကြောင်ပျောက်နေတုန်း...

တိုက်မိသွားအောင်လုပ်လိုက်ပြီး သူ့ကိုအတင်းဆွဲခေါ်ပြီးကားပေါ်တင်လိုက်ပေမဲ့ သူကတော့ ကြောင်တောင်တောင်လေးပါလာခဲ့တယ်။ ဘာကဘယ်လိုစကားပြောရမလဲ မသိသလို ရင်တွေလဲ တလှပ်လှပ်တုန်နေခဲ့တယ်။ ငါလုပ်နေတာ တစ်ခုမှ အမှားမပါပေမဲ့ ငါကိုယ်တိုင်လဲ အမှန်လား အမှားလားတောင် အသဲကွဲတော့ပါဘူး...
ဘေးနားက ကောင်လေးရဲ့ ရေမွှေးအနံ့က တော်တော်လေး မွှေးနေပြီး စိတ်တွေကိုလှုပ်ရှားစေတယ်။

Red flag Where stories live. Discover now