"မင်္ဂလာပါ ဘာများမှာချင်ပါသလဲဗျ"
"ကျတော် အလုပ်လျောက်ချင်လို့ပါခဗျ"
"အော်..ခဏလေးစောင့်ပေးပါလား ဒီအချိန်က လူကြလို့လေ နောက်တစ်ယောက်လာရင် အကိုလာခဲ့မယ်နော် ဟိုအနားမှာ ထိုင်စောင့်နေလိုက်"
"ဟုတ်"
"တစ်ခုခု သောက်အုံးမလား ဘာသောက်ချင်လဲ"
"ဟုတ် ကျတော် latte ပဲယူလိုက်ပါမယ်ခဗျ"
"အိုကေ အိုကေ ခဏစောင့်နော် အကိုလာပို့ပေးမယ်"
"ဟုတ်"မနက်အစောကြီး အလုပ်လာလျောက်တော့ ဆိုင်ရှင်ခဗျာ အလုပ်ရှုပ်နေရှာတာ အားနာလိုက်တာ..ခဏနေတော့ Latte လာချသွားပေးပြီး အလုပ်ပြန်သွားလုပ်နေသေး။ ဆိုင်လေးကတော့ သေးသေးလေးဆိုပေမဲ့ လူကတော့ တော်တော်လေးကြသား..
"ညီ စောင့်ရတာကြာသွားလား"
"ရပါတယ် အကို ကျတော် ဆိုင်ရှေ့မှာ ကပ်ထားတဲ့ ဝန်ထမ်းခေါ်စာလေးတွေ့လို့လေ"
"အော် ဟုတ်တယ် မြင်တဲ့အတိုင်း ဆိုင်က လူအရမ်းကျပေမဲ့ လုပ်မဲ့လူက မရှိလို့လေ အဲ့တာကြောင့် အကိုလဲ လူရှာနေရတာ အခုလည်းကြည့် သူကအခုမှလာတော့ ညီ့ကိုစောင့် ခိုင်းထားရတယ်။ ဒါနဲ့စကားမစပ် နာမည်က"
"ကျတော်နာမည် Forth ပါအကို"
"အော် Forth ဆိုတော့ 4 ပေါ့ ဟဟ အကို့နာမည်က Mark ပါ ဒီမှာက မနက်ဆို ရုံးတက်ချိန်ဖြစ်နေတော့ အလုပ်သိပ်ရှုပ်တာ လုပ်နိုင်ပါ့မလား"
"လုပ်နိုင်ပါတယ် ခဗျ"
"ဒါဆို ဒီနေ့ အလုပ်စဆင်းမလား"
"ဗျာ"
"ဘာဗျာပါနဲ့ လူလိုနေတာ အကိုက လာလျောက်တာပဲ ကျေးဇူးတင်ရမှာ ဘာမှစိတ်မပူနဲ့ ပေါ့ပေါ့ပါးပါးပဲနေ ကျန်တာ အကုန် အကိုသင်ပေးမှာမို့"
"ဟုတ် ကျေးဇူးပါခဗျ"
"မလိုပါဘူးဗျာ ကော်ဖီကုန်အောင်သောက်လိုက်နော်ပြီးမှအကို ကျန်တာတွေလိုက်ပြပေးမယ်နော်"
"ဟုတ် အကို ဒါနဲ့လေ"
"ပြောလေ"
"ကျတော် သကြားနည်းနည်းလောက်ရမလား ခါးလို့"
"ဟားဟားဟား ကော်ဖီ မသောက်တက်တဲ့ကောင်လေး ဖြစ်နေတာကို မင်းက ရုပ်လေးတင်ချစ်ဖို့ကောင်းတာမဟုတ်ဘူးပဲ ပုံစံလေးကို ချစ်စရာလေး"
"ဗျာ"
"ချီးမွှန်းတာပါ"
"ဟုတ်"

YOU ARE READING
Red flag
Fanfiction????????????????? ???????? ??????????????????????????????????? CEO ???? ????? ???????? ????????????? ???????? ??????????????? ???????????????? ??????????