အချိန်တွေ ၅နှစ်တောင်ကြာတဲ့ထိ စိတ်ဒဏ်ရာ ရနေခဲ့တယ်။ နေ့တိုင်းညဆို အိပ်မပျော်လို့ ဆေးတွေသောက်နေရတဲ့အထိ လူတွေရှေ့လဲ ထင်ထင်ပေါ်ပေါ် ထပ်ပြီး ထွက်ဖို့ သတ္တိမရှိသလို အချစ်ဆိုတဲ့ အရာကြီးကိုလည်း စိတ်ကုန်မိတယ်။ အချစ်က သိပ်ကိုကြောက်ဖို့ကောင်းတယ်။ လိမ်လည်လှည့်ဖျားခြင်းတွေနဲ့ပြည့်နက်နေတယ်လို့ပဲထင်တယ်..
ဒါပေမဲ့ တစ်ရက်လေးမှတော့ Phuwin ကိုမေ့မရခဲ့ဘူး..ဟုတ်ပါတယ် ငါနောက်ဆုံးလက်ခံခဲ့တာ ငါတကယ်ချစ်ခဲ့တာ Phuwin ဆိုတဲ့ကောင်လေးဖြစ်နေခဲ့တယ်ဆိုတာပါပဲ ဒီနှစ်တွေထဲ သူ့ကိုအမြဲစောင့်ကြည့်နေခဲ့ပေမဲ့ သူ့အနားကို ပြန်မသွားချင်ခဲ့ဘူး..
သူ့ရဲ့ လိမ်လည်လှည့်ဖျားပြီး ငါ့အချစ်ကို တန်ဖိုးမထားခဲ့တာတွေကို ငါစိတ်နာမိတယ် ဒါပေမဲ့လည်း သူ့ကိုငါ မမေ့နိုင်ခဲ့ဘူး..ချစ်တဲ့စိတ်နဲ့ နာကျဉ်းတဲ့စိတ်က နွံ့စွဲနေတော့ သူ့အနားကို သွားဖို့ ငါ့ကိုငါ တားနေမိတယ်။ သူ့အနားမှာ ရစ်ဝဲနေတဲ့ လူတွေများပေမဲ့ သူကတော့ ဘယ်သူ့လက်ထဲမှ မပါသွားလို့ ငါစိတ်ချမ်းသာမိတယ်။ မမြင်ကွဲရာကနေ သူ့ကိုစောင့်ကြည့်နေပေခဲ့မဲ့ သူကတော့ သိမနေခဲ့ပါဘူး။ဒီနှစ်တွေ အတွင်းသူအရမ်းကိုအောင်မြင်ခဲ့တယ် သူရဲ့ကြိုးစားမှုကြောင့်လဲပါမှာပေါ့ သူ GMM ကနေ ထွက်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ငါ့မှာတားဖို့ အားအင်တွေ ရှိမနေခဲ့ဘူး သူ့ရှေ့ရုပ်လုံးထွက်ဖို့လောက်ထိလည်း ငါ့မှာ သတ္တိရှိမနေခဲ့ဘူး.. ၅နှစ်တောင်ကြာခဲ့ပြီးမဟုတ်လား သူသာ တကယ်ချစ်ရင် ငါ့ကိုဆက်သွယ်ခဲ့တာ ကြာရော မဟုတ်လား...
သူ့အနားမှာ အမြဲရစ်ဝဲနေတဲ့ Sea ဆိုတဲ့လူကို မုန်းမိတယ်။ ငါ့ထပ် အသက်နည်းနည်းကြီးပြီး သူ့အနားမှာ ၅နှစ်လုံးလုံး ကပ်တွယ်နေတဲ့ ဒီလူကို သူပြန်ပြီး သဘောကျသွားရင် ဘယ်လိုလုပ်မလဲ..အတွေးတွေနဲ့ ညဆို အိပ်မရတော့သလို ငါကိုယ်တိုင်တောင်မသိပဲ ငါဟာနောက်ရောင်ခံလိုက်နေတဲ့ လူတစ်ယောက်ဖြစ်နေခဲ့တယ်။

YOU ARE READING
Red flag
Fanfiction????????????????? ???????? ??????????????????????????????????? CEO ???? ????? ???????? ????????????? ???????? ??????????????? ???????????????? ??????????