抖阴社区

??????? ??

1.4K 132 7
                                        

ဖြစ်ခဲ့သမျှ အရာအားလုံးက အပြစ်တွေ ဖြစ်ခဲ့ရင် အချစ်တွေက စစ်မှန်ခဲ့တယ်ဆိုတာ ယုံပါ ခွန်...

ငါတို့ဇာတ်လမ်းရဲ့ ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲဆိုတာ ငါကိုယ်တိုင်လဲမသိသလို ဘယ်သူ့မှလဲသိမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ Tang က ငါ့ကို လာမဲ့ စနေနေ့မှာ တွေ့ဖို့ပြောနေပြီလေ။ ဒီနေ့က ဗုဒ္ဓဟူးနေ့ပဲ ရှိနေသေးတယ်ဆိုပေမဲ့ ဒီရက်တွေက ငါ့အတွက်ငရဲကျနေသလိုပဲ..
ခွန့်မျက်နှာကိုမြင်ရင် ငါဝမ်းနည်းလာပြီး ကြောက်လာတယ်..အဖြစ်မှန်တွေသိသွားမှာဆိုးလို့မဟုတ်ပါဘူး ဝေးရမှာဆိုးလို့ပါ...ဝေးရမဲ့အကြောင်းတွေးလိုက်တိုင်း ရင်ဘက်တွေအောင့်လာတဲ့ထိ ဝမ်းနည်းမိတယ်။ ဒါ့အပြင် Tang အစားငါလုပ်ပေးနေရတဲ့ သရုတ်ဆောင်ဘဝကိုလည်း ငါကိုယ်တိုင်တောင်မသိလိုက်ပဲ ပျော်မွှေ့လာတယ် ဆက်လုပ်ချင်မိတယ်..တကယ်ပဲငါသူပိုင်ဆိုင်တာတွေ အားလုံးကို ရယူချင်မိနေတာလား...

"မြှောင်လေး အလုပ်မသွားဘူးလား"
"သွားမှာလေ ဒါမဲ့ ကျတော်ကားယူသွားမလို့"
"ဟော်ဗျာ ဘာလို့တုန်း လိုက်ပို့ပေးမယ်လေ"
"Forth ကိုဝင်ခေါ်မလို့ ပြီးတော့ ဒီနေ့နောက်ကျမှာမို့ ပြီးတာ့ စိတ်မပူနဲ့နော် ဖုန်းတွေဘာတွေမကိုင်ရင်"
"ဟုတ်ပါပြီဗျာ"

ဒါကတော့ သေချာလေးမှာရတယ် ဒီလူကဖုန်းမကိုင် သိပ်ကိုစိတ်ပူတက်ပြီး စိတ်ဆိုးတက်တယ်လေ..

ဒီလိုနဲ့ကားယူပြီး Fot ကိုဝင်ခေါ်တော့ Fot ကထုံးစံအတိုင်းကားမောင်းပေးတယ်။ အမှန်တော့ Fot ကဒီအခြေအနေတွေ ဘာမှသိမနေခဲ့ဘူး သူ့ကိုဘယ်လိုပေးသိရမလဲလဲ ငါစဉ်းစားမရ ဘာလို့လဲဆိုတော့ သူက ငါ့မန်နေဂျာရာထူးကို သိပ်ကိုသဘောကျနေတာလေ..ငါသာ နေရာပြန်ချိန်းပေးရရင် သူလည်း မန်နေဂျာလုပ်လို့ရမတော့ဘူး ငါဘယ်လိုလုပ်ရမလဲ သူပျော်နေတဲ့ အရာလေးကိုလည်း ငါဖျက်မစီးပြစ်ချင်ဘူး...

Red flag Where stories live. Discover now