"Gem မင်းမနေ့ညက ဘယ်ချိန်ပြန်ရောက်လဲ"
"ညကလား ၁နာရီခွဲလောက် ငါရောက်တော့ မင်းအိပ်ပျော်နေတာနဲ့ မနှိုးလိုက်တာ"
"မင်းအရမ်းတရားလွန်လာပြီလို့ မင်း မထင်ဘူးလား မင်းနေ့တိုင်းနောက်ကျနေတာ ငါတကယ်စိတ်ကုန်လာပြီ"
တညလုံး စောင့်ရင်း အိပ်ပျော်သွားတာကို သူမသိဘူးလေ။
"ငါတောင်းပန်ပါတယ် ဒီနေ့နောက်မကျစေရဘူးနော်"
"ပြီးတာပဲ အဲ့မှာ ငါ ကြက်ဥကြော်ပေးထားတယ် စားသွား ငါအလုပ်သွားတော့မယ်"
"ချစ်တယ်နော်"
"တော်ပါ"စိတ်ဆိုးဆိုးနဲ့ ထွက်လာရင်း တိုက်ရှေ့မှာလူတစ်ယောက်က ပိတ်ရပ်နေတယ် သူ့ကြည့်တော့လဲ အထုတ်တွေ မနိုင်မနင်းနဲ့ အလုပ်နောက်ကျတော့မှာပဲ။
"ဖယ်ပေးပါအုံးခဗျ"
"အာ Forth"
"P Mark"
"မင်းက ဒီတိုက်မှာနေတာလား"
"ဟုတ်တယ် ကျတော် တတိယထပ်မှာနေတာလေ အကိုကရော ဒီမှာနေတာလား"
"အာ အကို့အမေက ဒီတိုက်ပိုင်ရှင်လေ အကိုတော့ မနေပါဘူး ဒါမဲ့ အကို့အခန်းရှိတယ် ဒီမှာ"
"ဟုတ်လား မိုက်လိုက်တာ ဘောစိပဲအကိုက"
"မဟုတ်ပါဘူးဗျာ ဒါနဲ့ အလုပ်သွားမလို့မဟုတ်လား အကို့ကားနဲ့ တစ်ခါတည်းလိုက်ခဲ့လေ"
"တကယ်လိုက်ခဲ့လို့ ရတာလား ဟီး ကျတော်ကဆိုင်ကယ်ငှါးမလို့ လုပ်နေတာ အခုတော့ ကံကောင်းသွားတာပဲ"
"အမယ် မင်းကချစ်ဖို့ကောင်းအောင်တော့ စကားကပြောတက်သလား မမေးနဲ့၊ ခဏအုံးနော် ဒီအထုတ်တွေ အကို အပ်ပေးခဲ့လိုက်အုံးမယ် ကားသော့ယူပြီး ကားထဲစောင့်နေလိုက်လေ ပူတယ်ဒီမှာ"
"မဟုတ်တာ တူတူသွားပါမယ်"
"ဟုတ်ပါပြီဗျာ ဒါဆို ခဏလေးပဲစောင့်"

YOU ARE READING
Red flag
Fanfiction????????????????? ???????? ??????????????????????????????????? CEO ???? ????? ???????? ????????????? ???????? ??????????????? ???????????????? ??????????