ရုတ်တရက် ဝင်လာတဲ့ forth ဆီက ဖုန်း
"Hello Forth ဘာလဲ"
"Phuwin မင်းငါ့ဆီ လာပေးလို့ရမလား"
"ဟင် ဒီအချိန်ကြီးလား"
"လာခေါ်ပေးလို့"
"အေးအေး ဘယ်မှာလဲအခု"
"Location ပို့လိုက်မယ်"
"အေးအေး"အသံက အခြေအနေကောင်းတဲ့ပုံမပေါ်၊ Forth တစ်ယောက်ဘာဖြစ်တာလဲမသိ ။ ပို့လာတဲ့ တည်နေရာကို ကြည့်တော့လဲ သူက ဘားတစ်ခုမှရောက်နေတာ။
"ဘယ်သွားမလို့လဲ ဒီအချိန်ကြီး ကားထုတ်ပြီး"
ရုတ်တရက် အနောက်က ပေါ်လာတော့ လန့်လိုက်တာ
"သူငယ်ချင်း မူးနေတယ်ထင်လို့ သွားခေါ်ပေးမလို့"
"ဒါဆို ကို လိုက်ခဲ့ပေးမယ်"
"မလိုဘူး မလိုဘူး ရတယ် ကျတော့်ဘာသာသွားမယ်"
"လိုတယ်" လို့ပြောကာ ကားမောင်းမဲ့နေရာကို သူပဲဝင်ထိုင်လိုက်တယ်။ အမြဲ driver နဲ့ သွားတဲ့လူက ငါနဲ့ဆို သူကိုယ်တိုင်ပဲ မောင်းတယ်။ဘားကိုရောက်လာတော့ Forth တစ်ယောက် စားပွဲပေါ် မှာ အိပ်ပျော်နေပြီ။ နှိုးတော့လဲ မျက်လုံးတောင်မပွင့်တော့ တာနဲ့ ချီခဲ့ပြီး ကားပေါ်တင်ခေါ်လာလိုက်တယ်။ နှစ်ယောက်သား အနောက်ခန်းမှာထိုင်ပြီး အိမ်ပြန်လာပေမဲ့ Forth ကတော့ တစ်လမ်းလုံး ငါ့ပုံခုံး ပေါ်မှာ အိပ်ပျော်လျက်...
"Phuwin" ဆိုတဲ့ အသံတိုးတိုးလေးထွက်လာပြီး
"ဘာဖြစ်လို့လဲ ဘာလို့ အဲ့လောက်တောင် သောက်တာလဲ Gem နဲ့ရန်ဖြစ်လို့လား"
"ငါ Gem ကိုမချစ်တော့ဘူးထင်တယ်"
"ဘာလို့လဲ ဘာဖြစ်ကြပြန်တာလဲ အခုသူရော ဘယ်မှာလဲ"
"ငါမသိဘူး အခုသူဘယ်မှာလဲဆိုတာ ဒါပေမဲ့ ငါသိတာကတော့ ငါသူ့ကိုအရမ်းစိတ်ကုန်နေပြီဆိုတာပဲ"
"စိတ်အေးအေးထားပါ ဘာဖြစ်ကြတာလဲ ငါGem ကိုမေးပေးမယ်လေ မင်းဘာအဆင်မပြေတာလဲ"
"အကုန်လုံး ငါအရမ်းပင်ပန်းနေပြီ မင်းသိလား သူပြန်လာမဲ့ အချိန်စောင့်ရတာ သူ့ရဲ့ သဝန်တိုတာတွေကို ဖြေရှင်းရတာ အားလုံးပဲ"
"အေးပါ မင်းအခုမူးနေတာ အိမ်ပြန်မှာလား ငါနဲ့ အတူလိုက်အိပ်မှာလား"
"ငါမင်းနဲ့ ဒီညတော့ အိပ်ပါရစေကွာ"
"အေးပါ အေးပါ ခွန် ကျတော်တို့ အိမ်ပဲမောင်းလိုက်နော် Forth ကို အိမ်ခေါ်လို့ရတယ်မဟုတ်လား"
"ဘာမှမဖစ်ဘူး ရတယ် အခုအိမ်ကိုမောင်းလိုက်မယ်"
"ကျေးဇူးပါ"
"မလိုပါဘူး Tang" ဆိုပြုံးသွားတာ တော်တော်ကို ချောတယ်လို့ ခံစားရ ခွန်နာရာက အခုလိုကျ တခြားတစ်ယောက်လိုမျိုးပဲ သူ့စိတ်ရင်းက တော်တော်လေး ကောင်းပြီး ဂရုစိုက်တက်တယ်။ ငါတောင် မသိလိုက်တာ ငါသူ့ကိုတော်တော် အကောင်းမြင်လာတယ်ဆိုတာပါပဲ။အိမ်ရောက်တော့ ခွန်နာရာက Forth ကို အခန်းထဲထိထိ လိုက်ပို့ ပေးပြီး ကုတင်ပေါ်ထိပါ တင်ပေးသွားတယ်။
"ကျေးဇူးပါနော် အခုလို ကျတော့်သူငယ်ချင်းကို ကူညီပေးလို့"
"မင်းလဲ စောစောအိပ်နော် မနက်ကျ နှစ်ယောက်လုံးကို အလုပ်လိုက်ပို့ပေးမယ်"
"ဟုတ်"
ခွန်နာရာ ထွက်သွားတော့ ကုတင်ပေါ်က အိပ်ပျော်နေတဲ့ Forth နားဝင်ထိုင်လိုက်ပြီး "မင်းအဆင်ပြေရဲ့လား" လို့မေးတော့ သူက စငိုတော့တာပဲ"ငါ Gem ကိုသိပ့်ချစ်တာ မင်းသိတယ်မဟုတ်လား"
"သိတာပေါ့"
"အင်း ဒါမဲ့အခုတော့ အချစ်တွေကုန်ပြီထင်တယ်"
"ဘာဖြစ်တာလဲ အကြောင်းပြချက်ပြောလေ"
"ငါ မသိဘူး ဒါပေမဲ့ ငါအရမ်းပင်ပန်းနေပြီဆိုတာတော့ ငါသိတယ် မင်းရော အကိုနာရာနဲ့ အဆင်ပြေနေတာလား"
"ဘယ်ကသာ ဒီတိုင်းပါပဲ"
"မင်းမျက်လုံးတွေက စကားပြောတယ်နော် Phuwin ဘာလဲ ချစ်နေကြပြီလား"
"Forth မင်း ငါနဲ့ သူပတ်သက်မှုကိုသိရဲ့သားနဲ့ ငါက Tang အစစ်မှာ မဟုတ်တာ သူချစ်နေတာ Tangလေ"
"ဘာဖြစ်လဲ သူ့ဘဝမှာ အခုမင်းက Tang လေ အခုမင်းကို သူချစ်နေတာဆိုတော့ မင်းကိုချစ်တာပေါ့"
"မဟုတ်ဘူး ငါက သူချစ်တဲ့သူ မဟုတ်ဘူး ဘယ်တော့မှာလဲ ဟုတ်လာမှ မဟုတ်ဘူး"အဲ့အသံ၊ အဲ့မျက်ဝန်းတွေက ငါ့ကိုပြောနေတယ်ထင်နေရပေမဲ့ တစ်ခါမှ ငါ့ကို သူချစ်တာလို့ မခံစားရခဲ့ဘူး ဘာလို့လဲဆိုတော့ ငါက Tang မဟုတ်နေခဲ့ဘူးလေ။ အကယ်၍များ တစ်ချိန်မှာ ငါက သူ့ကိုချစ်ခဲ့ရင်တောင် သူက ငါပိုင်ဆိုင်ခွင့် ချစ်ခွင့်မရှိတဲ့ သူတစ်ယောက်အဖြစ်သာရှိနေခဲ့မှာပါ။
___________

YOU ARE READING
Red flag
Fanfiction????????????????? ???????? ??????????????????????????????????? CEO ???? ????? ???????? ????????????? ???????? ??????????????? ???????????????? ??????????
??????? ??
Start from the beginning