抖阴社区

8

1.5K 145 1
                                        

အခန်း၈။

ဖန်းလီက တစ်ဖက်လူကိုအထင်သေးတာမဟုတ်ပါချေ။သူက ညင်သာစွာရယ်မောလိုက်ပြီး ထိုနှစ်ယောက်ကို သူ့နားမှာခြံရံပြီး လမ်းလျှောက်ခွင့်ပေးလိုက်၏။

သူဝင်လာတာနဲ့ လူတိုင်းက အရှင်ရောက်လာပြီးဆိုတာ သိသွားကြပြီး အလှလေးတွေအကုန်လုံးက သူ့ကိုကြိုဆိုဖို့ အရှေ့ထွက်လာကြသည်။ဖန်းလီရဲ့ ဘေးနှစ်ဖက်နေရာမှာ ရွှယ်ယောင်နဲ့ ဖုန်းယင်တို့က နေရာယူထားပြီးသားဆိုတာ သူတို့တွေ့ပေမဲ့ အရှင့်ရဲ့ သွေးအေးတဲ့နည်းလမ်းတွေကို ပြန်တွေးမိကြတဲ့အခါ နောက်ဆုံးမှာ သူတို့က ရှေ့ကိုဆက်မတိုးရဲကြတော့ပါချေ။

အတော်များများက သူတို့ရဲ့စိတ်ထဲမှာ ရက်စက်တဲ့အတွေးတွေ တွေးနေကြလေသည်။အရှင်က ဒီနေရာကို လပေါင်းများစွာမလာခဲ့ဘူး။အဝင်ဝမှာ ခဏလေးပဲ မစောင့်မိတာကို ဒီမြေခွေးမတွေက အခွင့်ကောင်းယူသွားကြပြီး။အရှင်က သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေကို သည်းခံပြီးတော့တောင် သူ့တို့ကိုမခါထုတ်လိုက်ဘူး!

အနောက်ဘက်နန်းဆောင်တွင် အနားယူရန်နေရာများစွာနဲ့ နံရံတွင်း လှိုဏ်ကဲ့သို့ အခန်းငယ်လေးများဖြင့် ပြည့်နှက်နေပြီး ခြေလှမ်းလှမ်းလိုက်တိုင်းမှာ လှပတဲ့ ရှုခင်းတွေရှိနေကာ တစ်ချိန်ထဲမှာပဲ ခမ်းနားပြီး ခေတ်ဆန်နေလေသည်။အနောက်နန်းဆောင်ထဲတွင် အမျိုးမျိုးသော အလှကိုယ်စီရှိကြတဲ့ အလှလေးတွေရှိနေကြပြီး ရယ်မောစကားပြောသံတွေ ပြည့်လျှံနေကာ လောကစည်းစိမ်ထဲတွင် နေထိုင်ရတဲ့ ခံစားချက်ကို ပေးစွမ်း၏။ဖန်းလီက သူ လူ့လောကထဲကို ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရသည်။သူက ထိုအသံတွေကို ဆူညံတယ်လို့မတွေးပဲ လူသားတစ်ယောက်ရဲ့တည်ရှိမှုမျိုးကို နည်းနည်းလေးပိုခံစားလိုက်ရကာ မသိလိုက်ပါပဲနဲ့ စိတ်ဓာတ်တက်ကြွသွားတော့သည်။

ခဏလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာ သူက နေရာတစ်ခုကိုသတိထားမိလိုက်ပြီး အနားယူဖို့အတွက် ထိုင်ချလိုက်သည်။

ထိုနေရာတွင် ရွှေကြိုးတွေနှင့် ရက်လုပ်ထားသည့် နူးညံ့အိစက်သော ညောင်စောင်းတစ်ခုရှိနေပြီး ဖန်းလီထိုင်ချလိုက်သည်နှင့် ရွှယ်ယောင်နဲ့ ဖုန်းယင်တို့ကလည်း သူတို့နေရာကို တစ်ခြားတစ်ယောက်ယောက်က လာဝင်ယူသွားမှာကို ကြောက်ပြီး သူ့ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ချက်ချင်းပဲ ဝင်ထိုင်လိုက်ကြသည်။

????????????????? ????????????????????????????????????(????????)Where stories live. Discover now