အခန်း၈၆။
နောက်တစ်နေ့မနက်စောစောမှာ ဖူကျွမ်းလင်က ဖန်းလီရဲ့ အခန်းတံခါးဝအရှေ့မှာ ဟိုလျှောက်ဒီလျှောက် လျှောက်နေလေ၏။
နေက တော်တော်မြင့်နေပြီး သူတို့က ဘာလို့ မထလာသေးတာလဲ?
တကယ်ပဲ တစ်ခုခု ဖြစ်သွားလို့လား?....
မ-မ-မ-မ-မဖြစ်နိုင်တာ၊ ရှဲ့ဟွိုင်က မာနကြီးတဲ့ ယောင်္ကျားတစ်ယောက်လေ၊ ယောင်္ကျားတစ်ယောက်ကနေပြီး သူ့ကို ......မှာ ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ၊ တကယ်လို့ နတ်ဆိုးသာ တကယ်အဲ့လိုလုပ်ရင် ဒါဆို မနေ့ကဆို ပိုတောင်မဖြစ်နိုင်တော့ဘူး.....
ဒါပေမဲ့ သူတို့ ဘာလို့ အပြင်မထွက်လာကြသေးတာလဲ?
မတော်တဆတစ်ခုခု ဖြစ်သွားလို့လား?
ဖူကျွမ်းလင်က စိုးရိမ်စိတ်ဝင်နေလေ၏။သူက ခဏလောက်စိုးရိမ်နေပြီး နောက်ဆုံးမှာ တံခါးဆီ လျှောက်သွားလိုက်သည်......သူတံခါးခေါက်တော့မဲ့ အချိန်မှာပဲ တံခါးက ရုတ်တရက်ပွင့်လာလေ၏.........
သူ့ရဲ့အမူအရာက ချက်ချင်းပဲ တောင့်တင်းသွားတော့သည်။
တံခါးကို ဖွင့်လာတဲ့လူက ရှဲ့ဟွိုင်။ရှဲ့ဟွိုင်က မနေ့ညကလိုပဲ အေးစက်တည်ငြိမ်နေပြီး သူ့ရဲ့ဝတ်ရုံကလည်း သန့်ရှင်းသပ်ရပ်နေတုန်းပင်။ဒါပေမဲ့ ရှဲ့ဟွိုင်ရဲ့အနောက်က နတ်ဆိုးကတော့ အနည်းငယ်ပုံစံပျက်နေခဲ့၏.......
သူ့ကို သူ့ရဲ့ အနက်ရောင်ဝတ်ရုံနဲ့ တင်းတင်းကြပ်ကြပ်ပတ်ထားပေမဲ့လည်း လည်ပင်းရဲ့ ပေါ်နေတဲ့နေရာမှာ အစိမ်းရောင်နဲ့ ခရမ်းရောင်အမှတ်အသားတွေရှိနေခဲ့သည်။သူ့ရဲ့ ဖျော့တော့နေတဲ့မျက်နှာက အနည်းငယ်ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်လုံးအောက်မှာလည်း အရိပ်အနည်းငယ်က ရှိနေခဲ့သည်.....
ဖူကျွမ်းလင်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး တိတိကျကျ ဘာတွေဖြစ်ခဲ့လဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် အနည်းငယ်ကြောက်သွားလေ၏......
သူကပဲ အမြင်ကျဉ်းခဲ့တဲ့လူပဲ။ရှဲ့ဟွိုင်က ယောင်္ကျားတစ်ယောက်ဆီကနေ .....ခံရမှာကို ဆန္ဒမရှိဘူးဆိုပေမဲ့ ယောင်္ကျားတစ်ယောက်ကိုတော့ မ.....ဘူးလို့ မဆိုလိုဘူးလေ။
YOU ARE READING
????????????????? ????????????????????????????????????(????????)
AdventureCN : 魔尊只想走剧情 MC Shou
