抖阴社区

71

965 102 2
                                        

အခန်း၇၁။

ဖန်းလီက သူ့လက်ကို ပြန်ရုတ်လိုက်၏။

သူက တည်ငြိမ်တဲ့အသံနဲ့ပြောတာကို သူပြန်ကြားလိုက်ရသည်။ "ကျေးဇူးတင်ပါတယ်၊ ငါ့မှာ အခုနောင်တရနေစရာမရှိတော့ဘူး၊ အခု ငါ့ကို သတ်လိုက်လို့ရပြီး"

ထိုလူက ထူးဆန်းတဲ့အသံတစ်ချက်ပြုပြီးနောက် သူ့ရဲ့မေးစေ့ကို ဆွဲညှစ်လိုက်ကာ သူ့ရဲ့နားသီးအနားမှာ ခပ်အက်အက်အသံဖြင့် ရယ်လိုက်၏။ "ကောင်းပြီးလေ၊ ခင်ဗျားရဲ့ဆန္ဒကို ကျုပ်ဖြည့်ဆည်းပေးမယ်"

ဖန်းလီက သူ့လည်ပင်းအနောက်တွင် ထုံကျင်သွားသည်ကို ခံစားလိုက်ရပြီး သတိလစ်သွားတော့သည်။

သူ နောက်တစ်ကြိမ် ထပ်နိုးလာသောအခါတွင်...

သူက နူးညံ့တဲ့အိပ်ရာထက်မှာ လဲလျောင်းနေသည်ကို သိလိုက်ရပြီး သူ့လက်ရဲ့ အောက်တွင် ချောမွေ့နေတဲ့ပိုးထည်တွေနဲ့ ရင်းနှီတဲ့ခံစားချက်ကို ရနေ၏။

ဒီအခန်းက ဟိုအခန်းမဟုတ်။

ဒါပေမဲ့ မဟာမြို့စားကြီးရဲ့ အိမ်တော်ကအခန်းသာ။

[System : ဘာတွေဖြစ်နေတာလဲ???]

[ဖန်းလီက ညင်သာစွာရယ်လိုက်၏ : ဆက်ကြည့်နေလိုက်လေ ဒါဆို ဘာတွေဖြစ်နေလဲဆိုတာ မင်းသိလာမှာပေါ့ မဟုတ်ဘူးလား?]

[System : .......] သိသွားပြီးလို့ ပြောခဲ့တဲ့လူကလည်း ခင်ဗျားပဲ၊ ဒါပေမဲ့ အခုမေးတော့ ခင်ဗျားက မပြောပြဘူး၊ Host ဒီလိုလုပ်တာ သင့်တော်တယ်လို့ ခင်ဗျားထင်နေတာလား? System က သိချင်စိတ်ပြင်းပြလွန်း၍ ပေါက်ကွဲထွက်တော့မလိုပင် ဖြစ်နေတော့သည်။

ဖန်းလီက သူ့ရဲ့ပါးစပ်က ဖွင့်လိုက်ကာ အက်ကွဲကွဲအသံပြုလိုက်သည်ကို ကြားလိုက်ရ၏။ "တစ်ယောက်ယောက်...."

ခဏအကြာတွင် အသက်ကြီးနေပြီးဖြစ်တဲ့ လူတစ်ယောက်ရဲ့ တုန်ရီနေတဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ "အရှင်၊ အရှင်နောက်ဆုံးတော့ နိုးလာပြီ!"

ဖန်းလီက မျက်မှောင်ကြုံ့လိုက်၏။

သူ့အိမ်တော်တွင် အစေခံမိန်းကလေးတွေများစွာရှိသည်။

????????????????? ????????????????????????????????????(????????)Where stories live. Discover now