抖阴社区

26

1.3K 155 1
                                        

အခန်း၂၆။

ဖန်းလီသည် ရိုးရှင်းသော်လည်း ခန့်ညားသောအနက်ရောင်ပိုးသားဝတ်ရုံကိုဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းအဆင်တန်ဆာနှင့် လက်ထဲတွင် ခေါက်ထားသောယပ်တောင်ကိုကိုင်ထားကာ ချမ်းသာကြွယ်ဝပြီး မြင့်မြတ်သော သခင်ငယ်လေးနှင့်တူလှ၏။

မူလက ချူချင်းမြို့သည် ဝမ်ယွဲ့ပြည်နယ်၏အုပ်ချုပ်မှုအောက်ရှိ သာမန်အရေးမပါသော မြို့ငယ်လေးတစ်မြို့သာဖြစ်ပြီး သဘာဝအရင်းအမြစ်တွေအသင့်အတင့်သာရှိကာ အသက်ရှုမှားလောက်တဲ့ရှုခင်းတွေနဲ့ ပျော်စရာတွေမရှိပေ။မြို့ထဲတွင် တောင်မြင့်ဂိုဏ်းဟုခေါ်သော ကျင့်ကြံရေးဂိုဏ်းသေးသေးလေးတစ်ခုသာရှိပြီး ဒီနေရာက ရိုးရှင်းပြီး ဘာမှမရှိတာကြောင့် ကောင်းတာလည်းမဟုတ် ဆိုးတာလည်းမဟုတ်ပဲ တောင်မြင့်ဂိုဏ်းက မမျှော်လင့်စွာပဲ ထိပ်တန်းဝိဉာဉ်ကျောက်တုံးတွေထွက်တဲ့ ဝိဉာဉ်ကျောက်တုံးတွင်းတစ်ခုကို ထိုနေရာတွင် ရှာတွေ့ခဲ့၏။

ဝိဉာဉ်ကျောက်တုံးတွင်းတွေက ကျင့်ကြံသူတွေတိုက်ခိုက်ပြီးတော့တောင် ထိန်းချုပ်ရယူလိုတဲ့ သဘာဝရဲ့ သယံဇာတတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အလွန်ရှားပါးသော ထိပ်တန်းဝိဉာဉ်ကျောက်တုံးများပင်။သတင်းထွက်သွားသည်နှင့် မနာလိုမှုများကို နှိုးဆွပေးနိုင်မှာသေချာ၏။တောင်မြင့်ဂိုဏ်းသည် ဤကြွယ်ဝချမ်းသာမှုက ပြဿနာများကိုဖိတ်ခေါ်လာနိုင်တယ်ဆိုတာသိသောကြောင့် ဝိဉာဉ်ကျောက်တုံးတွင်းကို သူ့တို့တစ်ဂိုဏ်းထဲအပိုင်မစီးရဲပဲ ပူးပေါင်းစီမံခန့်ခွဲရန်အတွက် ဖြောင့်မတ်သောဂိုဏ်းကြီးငါးဂိုဏ်းအနက်မှ တစ်ဂိုဏ်းဖြစ်သော ကြယ်နက်မျှော်စင်ကိုဖိတ်ခေါ်ခဲ့၏။ကြယ်နက်မျှော်စင်က သတင်းရသည်နှင့် အကြီးအကဲသုံးဦးနှင့်အတူ တပည့်ဆယ်ဂဏန်းလောက်ကို တာဝန်ယူခိုင်းရန်စေလွှတ်ခဲ့၏.........သို့သော် ကံဆိုးစွာဖြင့် သူတို့သည်တစ်လှမ်းနောက်ကျသွားပြီး တုမန်ရဲ့ အထွတ်အထိပ်ကောင်းကင်ဝါဒမှကျင့်ကြံသူအဖွဲ့သည် တောင်မြင့်ဂိုဏ်းအပါအဝင် သူတို့တွေအားလုံးကို တစ်ယောက်မှမကျန်တော့သည်အထိ သတ်ဖြတ်ခဲ့၏။

????????????????? ????????????????????????????????????(????????)Where stories live. Discover now