အခန်း၄၇။
တစ်ခေါက်ဆူပြီးသွားချိန်၌ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူက မလုံလောက်သေးဘူးဟု ခံစားရပြီး ထိုအသိဉာဏ်မဲ့သော အငယ်တန်းကျင့်ကြံသူအား ဆက်ပြီးဆူပူတော့မည့်အချိန်တွင် သူက ရှဲ့ဟွိုင်ရဲ့ အေးစက်ကြည်လင်နေသော အနက်ရောင်မျက်လုံးများနှင့် ရုတ်တရက်ဆုံသွားလေ၏။သူက မသိစိတ်ထဲကနေ တုန်လှုပ်သွားပြီး အေးစိမ့်နေသောခံစားချက်က သူ့ရဲ့ခြေဖျားကနေတစ်ဆင့် တိုးဝင်လာခဲ့ကာ သူကပြန်လှည့်လိုက်ပြီး အသံက ရုတ်တရက်တိုးဝင်သွားလျက် ကျိန်ဆဲလိုက်လေ၏။ "တကယ်ပါပဲ၊ ဘာမှမသိပဲနဲ့ အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာပဲ....."
ရှဲ့ဟွိုင်က ထိုလူဆီကနေ အကြည့်ပြန်လွှဲလိုက်၏။သူက ဖန်းလီကို တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက် သူ့ရဲ့နှုတ်ခမ်းထောင့်က ကွေးတက်လာခဲ့ကာ ပေါ့ပေါ့ပါးပါးရယ်လိုက်၏။
ထားလိုက်ပါတော့၊ သူက ဒီလူတွေနဲ့ ဘာအကြောင်းတွေကို ငြင်းခုန်နေရမှာလဲ။
ထိုအစား ဖန်းလီက နေ့တိုင်းထမင်းသုံးနပ်စားရသလိုမျိုး ဒီလိုကောလဟာလတွေကို နေသားကျနေပြီးဖြစ်၏။ရှဲ့ဟွိုင်ရင်ဆိုင်ခဲ့ရတဲ့ မလိုမုန်းထားကောလဟာလတွေက ဖန်းလီရင်ဆိုင်ခဲ့ရတဲ့ ကောလဟာလတွေရဲ့ တစ်ထောင်ပုံတစ်ပုံမျှသာရှိ၏။
လူတိုင်းက ဘာမှမသိပဲ သူတို့ကြားရတဲ့အရာတွေကိုသာ ထပ်ခါတစ်လဲလဲပြောနေကြသော်လည်း ရှဲ့ဟွိုင်က သူ့ကိုယ်သူ နားလည်မှုရှိတဲ့လူတစ်ယောက်အဖြစ် အမြဲသတ်မှတ်ထားခဲ့၏.....ဒါပေမဲ့ ဖုကျွီတောင်ကို မရောက်ခင်က သူက လူတွေရဲ့ စကားတွေကိုနဲ့ လွှမ်းမိုးခံခဲ့ရကာ မှားပြီးဘက်လိုက်တော့မလိုတောင် ဖြစ်ခဲ့၏။
ကံကောင်းစွာဖြင့် ထိုလူအကြောင်းကို ပြန်ပြီးနားလည်ပေးဖို့က အရမ်းနောက်မကျသေးပါပေ။
ထိုလူရဲ့လက်ပေါ်မှာ စွန်းထင်းခဲ့တဲ့သွေးတွေကို ဖျောက်ဖျက်ဖို့က မဖြစ်နိုင်ပေမဲ့ ထိုလူက ဘယ်လိုလူမျိုးလဲဆိုတာကိုတော့ အခြားသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း မထားခဲ့သင့်ပေ။
YOU ARE READING
????????????????? ????????????????????????????????????(????????)
AdventureCN : 魔尊只想走剧情 MC Shou
