အခန်း၇၈။
တောင်ရှုခင်းမြို့က ပြဒါးရိုင်းဂိုဏ်းတည်ရှိတဲ့ မြို့ပင်။ဖန်းလီက ဒီမြို့ကို ဟိတ်ဟန်ထုတ်ပြီး ဝင်လာရုံသာမက သူ့ကိုပါ ခေါ်လာခဲ့သေးသည်။သူက ဘယ်သူလဲဆိုတာ တစ်ခြားလူတွေမသိမှာစိုးလို့လား?
ဒီခရီးစဉ်အတွက် ခင်ဗျားရဲ့တကယ့်ရည်ရွယ်ချက်က ဒါပဲထင်တယ်။
ဒါပေမဲ့ တောင်ရှုခင်းမြို့က ရှီနင်းခရိုင်လို သာမန်နေရာလေးမဟုတ်ချေ။ဟင်းလင်ပြင်ပြုပြင်ခြင်းအဆင့် ဆရာသခင်တစ်ပါးဖြစ်တဲ့ ပြဒါးရိုင်းဂိတ်ရဲ့ ဂိတ်သခင် ချုန်းဝမ်ရှန်းက ဒီလောကကြီးထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ရှန်ချင်းယန်လိုအမှိုက်မျိုးနဲ့ လုံးဝနှိုင်းယှဉ်ကြည့်လို့တောင် မရ.........ဒီနေရာက ရဲတိုက်တွေလိုမျိုး ခိုင်ခံ့ပြီး အဆင့်မြင့်ဆရာသခင်တွေကလည်း အများကြီးရှိလေ၏။ဒီနေရာကို ဒီလိုမျိုးတစ်ယောက်ထဲလာတာ ခင်ဗျား ဒီမှာအဖမ်းခံထိသွားမှာကို မကြောက်တာလား?
ဒါပေမဲ့ ဖန်းလီရဲ့အာရုံက တောင်ရှုခင်းမြို့အပေါ်မှာသာ ရောက်နေခဲ့၏။
ဒီမြို့ကို တောင်ရှုခင်းမြို့လို့ခေါ်ကြတဲ့ အကြောင်းအရင်းက တောင်ကိုဗဟိုပြုပြီး မြို့တည်ထားတာကြောင့်ပင်။ထိုတောင်က မြို့ရဲ့ အလည်တည့်တည့်မှာရှိပြီး ကျောက်စိမ်းတိုင်တစ်ခုလို ကောင်းကင်ဆီထိုးထွက်နေကာ ရှေ့ခတ်က သန့်စင်ပြဒါးတောင်ဖြစ်၏။
တောင်ရှုခင်းမြို့ရဲ့ လမ်းတွေက နှိုင်းယှဉ်လို့မရအောင် စည်ကားပြီး လမ်းပေါ်မှာ သွားလာနေကြတဲ့ လူတွေက ရေစီးဆင်းနေသလို တစ်သွင်သွင်ဖြစ်နေကာ မြင်းလှည်းတွေကလည်း ဖြတ်သန်းသွားလာနေကြသည်။နေရာတိုင်းကို ခမ်းနားစွာအလှဆင်ထားကြပြီး မြို့ရဲ့ထူးခြားတဲ့လေထုကို ပေးစွမ်း၏။တောင်ရှုခင်းမြို့နဲ့ယှဉ်လိုက်ရင် ရှီနင်းခရိုင်ရဲ့မြို့တော်က ရေတိမ်ပိုင်းမြို့လေးလိုပါပင်။
ဖန်းလီက လိုက်ကြည့်နေရင်း အံ့ဩစွာ သက်ပြင်းချလိုက်၏။
ပိုင်ဟွားပြည်နယ်က ပစ္စည်ဥစ္စာကြွယ်ဝချမ်းသာပြီး ဇိမ်ကျကျနေလို့ရတဲ့နေရာဆို ဒီတောင်ရှုခင်းမြို့တော်က ကောင်းကင်ဘုံလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်မြို့တော်ပင်။
YOU ARE READING
????????????????? ????????????????????????????????????(????????)
AdventureCN : 魔尊只想走剧情 MC Shou
