အခန်း၂၀။
ဖန်းလီရဲ့အရိပ်အယောင်ပျောက်ကွယ်သွားတော့မှ ရှဲ့ဟွိုင်ရဲ့ နှုတ်ခမ်းထောင့်တွေက ကော့တက်လာခဲ့ပြီး လှောင်ပြောင်သရော်လိုသော မျက်နှာထားကို ဖော်ထုတ်လာခဲ့သည်။ဖန်းလီကတော့ သိကောင်းသိနိုင်မည်။နောက်ဆုံးမှာ အခြေခံအားဖြင့် မရိုးသားတဲ့နတ်ဆိုးကျင့်ကြံသူတစ်ဦးအနေနဲ့ တုမန်က ထူးဆန်းသည်ဟု ယူဆလို့မရပေ။တစ်ခြားတစ်ဖက်မှာ ခင်ဗျားကတော့.......တစ်ခြားနတ်ဆိုးကျင့်ကြံသူတွေနဲ့ မတူတဲ့ပုံပဲ။ဒါပေမဲ့ ငါ့ကိုယ်ငါတော့ လမ်းလွဲသွားခွင့်မပြုသင့်တော့ဘူး။
ရှဲ့ဟွိုင်၏အမူအရာသည် အနည်းငယ်မှောင်မိုက်သွား၏။အတွေးတွေက နားမလည်နိုင်လောက်အောင် နက်နဲပြီး လှည့်စားတဲ့နေရာမှာ ကျွမ်းကျင်တဲ့လူတစ်ဦး၊ရှဲ့ဟွိုင်ကို သူ့ဘေးနားမှာထားရဲပြီး အားနည်းချက်တွေမရှိပဲ တုမန်နဲ့ယှဉ်ပြိုင်နိုင်တဲ့သူတစ်ဦးက သေချာပေါက်ကို သူ့မှာကိုယ်ပိုင်အရင်းအမြစ်တွေတော့ ရှိရမည်။
ဒါပေမဲ့ ဒီလောကထဲမှာ တာအိုစုစည်းခြင်းအဆင့်မသေမျိုးနတ်ဘုရားတွေ မရှိတာကြောင့် ဟင်းလင်းပြင်ပြုပြင်ခြင်းက အမြင့်ဆုံးအဆင့်ပင်။သူ့ရဲ့ ဆရာသခင်ကလည်း ယန်ဆွေ့သည် တာအိုစုစည်းခြင်းအဆင့်ကို မရောက်သေးကြောင်းပြောခဲ့သည်။မဟုတ်ရင် သူက တုမန်ကိုသတိထားနေစရာ လုံးဝမလိုအပ်.......သူက တာအိုစုစည်းခြင်းအဆင့် အစစ်အမှန်မသေမျိုးမဖြစ်သေးပဲ သူ့ရဲ့နည်းလမ်းတွေက အလွန်လျှို့ဝှက်ဆန်းကြယ်တာကို ကြည့်ခြင်းအားဖြင့် သူက သူ့ရဲ့ခွန်အားအစစ်အမှန်ကို အသုံးပြုနေတာမဟုတ်ပဲနဲ့ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ကတ်တစ်ခုကို အသုံးပြုနေတာဖြစ်နိုင်သည်။
ကျင့်ကြံသူတွေက သဘာဝဖြစ်စဉ်တွေကို လွန်ဆန်ပြီး ဘဝကိုနေထိုင်ကြတာဖြစ်ပြီး နောက်တစ်ဆင့်ကိုတက်လှမ်းရန်အလို့ငှါ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းမှန်သမျှကို အကုန်အသုံးပြုကြသည်။ကမ္ဘာကြီးက ကျယ်ပြန့်ပြီး ရတနာတွေလည်းပေါများသောကြောင့် တစ်မျိုးမျိုးသောကံကောင်းမှုကို ရရှိတာက ပုံမှန်ပင်။
ဒါပေမဲ့ ခင်ဗျားဖွက်ထားတဲ့ကတ်ကဘာများလဲ။
.................................
YOU ARE READING
????????????????? ????????????????????????????????????(????????)
AdventureCN : 魔尊只想走剧情 MC Shou
