抖阴社区

25

1.3K 145 2
                                        

အခန်း၂၅။

ဖန်းလီက ငြင်းဆန်ခြင်းမရှိသည်ကိုတွေ့သောအခါ ဓါးကျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အနည်းငယ်စိတ်လှုပ်ရှားသွားပုံရ၏။သူက အလွန်အားရဝမ်းသာဖြစ်နေပြီး အရှင့်ရဲ့အတွေးတွေကို မှန်မှန်ကန်ကန်မှန်းဆနိုင်ပြီးဟု သူတွေးလိုက်၏။ဟမ့်.....အရှင့်ကိုမျက်နှာလိုမျက်နှာရလုပ်တာထက် ရှဲ့ဟွိုင်ကိုမျက်နှာလိုမျက်နှာရလုပ်တာက ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ အခြားလူတွေက အနှေးနဲ့အမြန်သိလာလိမ့်မယ်။သူတို့တွေက ဂုဏ်သိက္ခာကျမှာကိုကြောက်နေကြရုံပဲ။ဒါပေမဲ့ သူကတော့ အဲ့တာကိုဂရုမစိုက်ပါဘူး။အကျိုးအမြတ်တွေသာရလာမယ်ဆို ရှဲ့ဟွိုင်ကို မျက်နှာလိုမျက်နှာရလုပ်ရတာကလည်း ဘာအရေးလဲ?

ဓါးကျိုးဂိုဏ်းချုပ်က ချိုသာစွာပြုံးပြလာ၏။ "အရှင်ကခွင့်ပြုမယ်ဆိုရင် ဒီလက်အောက်ငယ်သားက နန်းဆောင်ဆောက်လုပ်ရေးကို တာဝန်ယူချင်ပါတယ်။ယွီရီကျန်းက အိမ်မှာနေတဲ့လိုမျိုး သက်သောင့်သက်သာဖြစ်သွားမယ်ဆိုတာကို ဒီလက်အောက်ငယ်သားက အာမခံပါတယ်"

"ဒီအကြံက သိပ်မဆိုးဘူးလို့ ဒီအရှင်ထင်တယ်....."ဖန်းလီက ဓါးကျိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်အား စိတ်ထဲကမပါတဲ့အပြုံးကိုပြုံးပြလိုက်၏။သူ့ရဲ့အမူအရာက ကျေနပ်နေပုံပေါက်နေပြီး ရုတ်တရက်ရှဲ့ဟွိုင်ဘက်လှည့်ကာ မေးလိုက်၏။ "ဟုတ်စ၊ ဒီအကြံပြုချက်ကို ယွီရီကျန်း..မင်းလေးဘယ်လိုထင်လဲ?"

ဓါးကျိုးဂိုဏ်းချုပ်ရဲ့နှလုံးသားက တစ်ဒိတ်ဒိတ်ခုန်သွား၏။

ရှဲ့ဟွိုင်၏မျက်လုံးထဲတွင် နားလည်မှုအရိပ်အယောင်တစ်ခုက ဖျတ်ကနဲ့ပေါ်လာပြီး ဖြေးဖြေးလေးပြော၏။ "လုပ်အားနဲ့အရင်းအမြစ်ကိုဖြုန်းတီးနေတာပဲ..မလိုအပ်ဘူး"

ထိုအခါ ဖန်းလီက လက်တစ်ဖက်ဖြင့် မေးစေ့အားထောက်လိုက်ကာ ဓါးကျိုးဂိုဏ်းချုပ်ကို မဲ့ပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်၏။ဒီတစ်ယောက်က သူ့ကိုယ်သူဉာဏ်ကောင်းလှပြီးလို့ထင်နေပုံပဲ။ဒီအရှင်က ရှဲ့ဟွိုင်ကို တစ်ခုခုချီးမြှင့်ချင်ရင်တောင် ရှဲ့ဟွိုင်ဘက်က လိုလိုလားလားရှိမှလေ။မင်းက ဒီလောက်သိသာထင်ရှားနေတဲ့ "တစ်ဖက်သတ်အချစ်"ကိုမမြင်တာလား?မင်းက ရှဲ့ဟွိုင်ကို တကယ်ကြီး ဖူးဖူးမှုတ်အလိုလိုက်ခံနေရတဲ့ကလေးလေးလို့ထင်နေတာလား?

????????????????? ????????????????????????????????????(????????)Where stories live. Discover now