抖阴社区

11

1.5K 163 8
                                        

အခန်း၁၁။

တခဏကြာပြီးနောက် ဖန်းလီသည် သူ၏လက်ရာကို အကဲဖြတ်ရန် အောက်ကိုကြည့်လိုက်၏။အလှလေး၏ မျက်လုံးများမှာ တင်းတင်းပိတ်ထားလျက် သူ့ရဲ့ဝတ်ရုံမှာ ဖရိုဖရဲဖြစ်နေပြီး လည်ပင်းနဲ့ လက်ကောက်ဝတ်ပေါ်တွင် အစိမ်းနဲ့ ခရမ်းရောင်အမှတ်အသားများဖြင့် ပြည့်နှက်နေလေသည်။ဒါကို တွေ့သွားမဲ့ ဘယ်သူမဆို ဒါက ဆော့ကစားခံထားရတဲ့ လူတစ်ယောက်ရဲ့ ပုံစံပဲဟု တွေးမိကြလိမ့်မည်။

ဒီလောက်ဆို တကယ်ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ဘယ်သူမှယုံတော့မှာမဟုတ်ဘူး။

စိတ်ကျေနပ်မှုအပြည့်နဲ့ သူက ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားတော့၏။

အခန်းတံခါးကြီးက ညင်သာစွာပိတ်သွားလေ၏။

တစ်ချိန်ထဲမှာပဲ အိပ်ရာပေါ်ရှိလူ၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပွင့်လာခဲ့၏။

အခန်းထဲတွင် အမွှေးနံ့သာခွက်ထဲရှိ အငွေ့များက ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သော်လည်း ရှဲ့ဟွိုင်ရဲ့ မျက်လုံးများက တောက်ပပြီး နက်ရှိုင်းနေလေ၏။သူက အစကနေ အဆုံးထိ သတိရှိနေသည်မှာ ထင်ရှားသည်။

ထုံထိုင်းစေတဲ့ အမွှေးရနံ့က တကယ်ပင် သာမန်မဟုတ်ပါ။ဖန်းလီက အမွှေးခွက်ကို စတင်မီးရှို့ကတည်းက တစ်ခုခုမှားယွင်းနေသည်ဆိုတာကို ရှဲ့ဟွိုင်သတိပြုမိခဲ့သည်။သူ့ဆီမှာ ကျင့်ကြံမှုရဲ့ အကျိုးကျေးဇူးတွေကို နှစ်ဆတိုးစေတဲ့ မွေးရာပါ တာအိုခန္ဓာရှိကြောင်းကို လူတိုင်းသိကြပေမဲ့ သာမန်အဆိပ်တွေက သူ့အပေါ်သက်ရောက်မှုမရှိတာကိုတော့ ဘယ်သူမှမသိကြချေ။ထို့ကြောင့်ပင် သူက အမွှေ့ရနံ့ရဲ့ မူးဝေမှုအောက်ကို မကျရောက်ခဲ့ရခြင်းဖြစ်သည်။

ဒါပေမဲ့ သူသည် ဖန်းလီရဲ့ သတိထားမှုကို ပေါ့ဆသွားစေရန် ရည်ရွယ်ပြီး အိပ်ချင်ယောင်ဆောင်ခဲ့၏။သို့မှသာ သူက ထိုနတ်ဆိုးကို တစ်ချက်ထဲနဲ့ အသေသတ်နိုင်မှာဖြစ်သည်။

သူ့ရဲ့ကျင့်ကြံဆင့်က ဝိဉာဉ်ပိတ်ဆို့အပ်တွေနဲ့ ယာယီချိတ်ပိတ်ခံထားရပေမဲ့လည်း ရှဲ့ဟွိုင်ခန့်မှန်းထားတဲ့ ဖြစ်နိုင်ခြေများထဲတွင် ဒါက အဆိုးဆုံးမဟုတ်ပေ။သူခန့်မှန်းထားတဲ့ အဆိုးဆုံးအခြေအနေက သူ့ရဲ့ အခြေခံအုတ်မြစ်ဖျက်ဆီးခံရပြီး သူ့တာအိုခန္ဓာရဲ့အရိုးတွေ ချိုးခံရခြင်းပင်။ဒါပေမဲ့ ဖန်းလီက ထိုသို့မပြုလုပ်ခဲ့။

????????????????? ????????????????????????????????????(????????)Where stories live. Discover now