抖阴社区

part(18)

312 21 2
                                        


Dew နဲ့ Tee ရုပ်ရှင်ကြည့်ပြီးတော့ Dew က Tee ကို အိမ်ပြန်လိုက်ပို့တယ်။ ခုလိုအေးချမ်းတဲ့ညမှာ ချစ်သူလေးရဲ့လက်ကိုတွဲပြီး လမ်းလျှောက်ရတာကလည်း ကံကောင်းခြင်းတစ်မျိုးပဲ။ ခုဖတ်နေတဲ့ Reader တွေကတော့ အဲ့လိုကံကောင်းခြင်းရှိမယ်မထင်ဘူး၊ သူတို့ Single Forever တွေလေ🤣။

Tee ကို အိမ်ပြန်ပို့ပြီး Dew ကတော့ သူ့တိုက်ခန်းကို ပြန်ခဲ့တယ်။ ပြန်နေတဲ့လမ်းမှာ မားဆီကနေ ဖုန်းဝင်လာတယ်။ "သားရေ အိမ်ပြန်ခဲ့ပါဦး" တဲ့။ မားရဲ့အသံကို နားထောင်ရတာ တစ်မျိုးပဲ။  Dew လည်း စိတ်ပူပြီး အိမ်ကိုတန်းပြန်လာခဲ့တယ်။

အိမ်ပြန်ရောက်တော့ ပါးရော၊ မားရော ဧည့်ခန်းကခုံပေါ်မှာ ထိုင်နေတာတွေ့လိုက်ရတယ်။ စားပွဲပေါ်မှာ စာအိတ်တစ်အိတ်ရှိနေတယ်။ Dew ဝင်သွားတော့ Dew ရဲ့ပါးက ဆွဲထိုးလိုက်တယ်။ မားကလည်း ဝင်ဆွဲတယ်။

ပါးက Dew ကို နှစ်ချက်သုံးချက် ဆက်တိုက်ထိုးနေတယ်။ မားကတော့ ငိုပြီးဝင်ဆွဲတယ်။ နောက်တော့ ပါးက စာအိတ်တစ်အိတ်ကို Dew ဆီပစ်ပေါက်လိုက်တယ်။ Dew ယူကြည့်လိုက်တော့ Mall မှာ သူနဲ့ Tee လျှောက်လည်တဲ့ပုံတွေ၊ တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်နေတဲ့ပုံတွေ၊ ယုတ်စွအဆုံး ရုပ်ရှင်ရုံမှာ နမ်းနေတဲ့ပုံတွေပါ ပေါ်လာခဲ့တယ်။ Dew လန့်သွားတယ်။ သူ မဖြစ်ချင်ဆုံး အိမ်မက်ဆိုးက သူ့ဆီမှာ ချက်ချင်းကြီးပေါ်လာခဲ့လို့လေ။ သူ့ရင်ဘတ်ထဲမှာ လေဟာနယ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသလို ခံစားလိုက်ရတယ်။

"မင်း ဒါဘာလုပ်ထားတာလဲ! မင်းတို့ ဒါဘာတွေလဲ! ငါ့မျက်နှာ ဘယ်နားထားရတော့မှာလဲ!"

ပါးရဲ့အသံက ဒေါသတကြီး ကြုံးဝါးနေတယ်။ မျက်နှာကလည်း နီမြန်းပြီး မျက်လုံးတွေက မီးဝင်းဝင်းတောက်နေတယ်။

"ပါး... ဒါက..."

"ဘာ ဒါကလဲ! ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို မင်း ဒီလိုမျိုး မြေအောက်ထဲ ထိုးစိုက်လိုက်တာလား! ငါ့သားက ဒီလိုလုပ်နေရတာလား! မင်းမိဘတွေရှေ့မှာ ဂုဏ်ယူစရာသားတစ်ယောက် မဖြစ်နိုင်တော့ဘူးလား!"

"ပါး! ဒါက ချစ်ခြင်းမေတ္တာပဲလေ! ဘာလို့ ဒီလောက်တောင် အပြစ်ဖြစ်နေရတာလဲ!"

Dew ရဲ့အသံက အားငယ်မှုနဲ့ ဒေါသတွေ ရောထွေးနေတယ်။

"ချစ်ခြင်းမေတ္တာ! မင်းက ငါ့ကို ပြန်ပြောနေတာလား!  ဒီကောင်လေးနဲ့ ချက်ချင်းပြတ်! ငါ့မိသားစုရဲ့ ဂုဏ်သိက္ခာကို မင်းဖျက်ဆီးလို့မရဘူး! ငါ့ Company ရဲ့ နာမည်ကို မင်းကြောင့် စွန်းထင်းလို့မရဘူး!"

"ပါး! ပါးသိက္ခာကျမှာ စိုးလို့မှတ်လား! ပါးက သားတို့ညီအစ်ကိုကို မချစ်ပါဘူး! ပါးချစ်တာ ပါးရဲ့ Company နဲ့ ပါးရဲ့သိက္ခာပဲရှိတယ်!"

အဲ့လိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် မားက Dew ကို ပါးရိုက်လိုက်တယ်။ Dew အံ့သြသွားတယ်။ အမြဲနူးညံ့နေတဲ့ မားက သူ့ကိုရိုက်တယ်။ မားရဲ့မျက်နှာမှာ မျက်ရည်တွေ စီးကျနေပေမယ့် မျက်လုံးတွေက ဒေါသနဲ့ ပြည့်နေတယ်။

(လေသံမာမာနဲ့) "မင်း မမိုက်ရိုင်းနဲ့! မင်းပါးရဲ့စေတနာတွေကို မစော်ကားနဲ့! မင်း ပါး ဘယ်လောက် ပင်ပန်းပြီး ဒီ Company ကို တည်ဆောက်ခဲ့ရလဲဆိုတာ မင်းသိလား! မင်းတို့အတွက် ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ မင်းသိလား!"

Dew ရင်ဘတ်ထဲမှာ ဆို့နင့်ပြီး နာကျင်ရလွန်းလို့ အခန်းထဲတန်းပြေးဝင်ပြီး ငိုချလိုက်တယ်။ တံခါးကို ပိတ်ပြီး ကုတင်ပေါ် လှဲချလိုက်တယ်။ သူ့ရင်ဘတ်ထဲမှာ မီးစနဲ့ ထိုးသလို ပူလောင်နေတယ်။ မိဘတွေရဲ့ အချစ်ကို ဒီလိုပုံစံမျိုးနဲ့ ကြုံရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။

သူချစ်ရတဲ့ Tee နဲ့ ပြတ်ဖို့ဆိုတာ သူ့အတွက် သေတာနဲ့ အတူတူပဲ။ ဘာလို့များ ဒီလိုတွေဖြစ်လာရတာလဲ။ အိမ်မက်ဆိုးလား။ ဒါမှမဟုတ် ဒီဘဝမှာ ပိုင်ဆိုင်ခွင့်မရှိတဲ့ အချစ်တစ်ခုလား။ မျက်ရည်တွေက ပါးပြင်ပေါ် စီးကျလာပြီး ခေါင်းအုံးကို ရွှဲစိုစေခဲ့တယ်။

အနာကျင်ဆုံးက မိခင်ရဲ့ရိုက်ချက်၊ အမြဲနူးညံ့တဲ့ အမေရဲ့ လက်ချက်က သူ့နှလုံးသားကို ဆတ်ဆတ်ခါအောင်နာကျင်စေခဲ့တယ်။

"ငါ့အချစ်က ဘာလို့ ဒီလောက်အပြစ်ကြီးနေရတာလဲ..." ရေရွတ်ရင်း Dew တစ်ယောက် မျက်ရည်တွေနဲ့အတူ တိတ်ဆိတ်စွာ နစ်မြောသွားခဲ့တယ်။

Between the linesWhere stories live. Discover now